
ချင်းအနုပညာရှင်များအသင်း(Chin Artists Association)တစ်နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ Hotel Yangon မှာ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပွဲတက်ရောက်ခဲ့တဲ့ ကာတွန်းဆရာ လိုင်းလုဏ်က “ဒီChin Artists Association ကတော့ ၂၀၂၄ မှာစပြီးတော့လုပ်ခဲ့တယ် ၂၀၂၅ ကြတော့ ၁ နှစ်ပြည့် အခမ်းအနားဖြစ်တယ် ကျနော်သိသလောက်တော့ သူတို့တွေထဲမှာ Chin Artists ဆိုတဲ့နေရာမှာ အဆိုတော်တွေ ပိုများတယ် ဒါလည်း ပါဝင်မှုနဲ့ ဆိုင်မယ်လို့ထင်ပါတယ် အဆိုတော်ပိုများတယ် ပြီးတော့ မော်ဒယ် များတယ် နောက်ပြီး ကဗျာဆရာတို့တော့ ရှိတော့ရှိတယ် ဒါပေမယ့်လို့ ချင်းတစ်မျိုးသားလုံးသိတဲ့ ကဗျာဆရာလိုမျိုး ၊ စာရေးစာလိုမျိုး အဲလိုမျိုးတော့ ထဲထဲဝင်ဝင်ပါဝင်တာ မတွေ့ရသေးတော့ အားမရဘူးပေါ့နော် သူတို့အဖွဲ့အစည်းအနေနဲ့ ငလျင်ဘေးတို့ နောက်ပြီးတော့ မိဘမဲ့ ကျောင်းတွေမှာ အလှူလုပ်တာတို့ ဘာတို့လည်း ချင်းအဖွဲ့အစည်းနာမည်နဲ့ လှူကြတန်းကြတာလေးတွေလည်း ရှိတယ်ပေါ့” လို့ပြောပါတယ်။
Chin Artists Association တစ်နှစ်ပြည့်အခမ်းအနားကို ဒီကနေ့ နေ့လည် ၁ နာရီကနေ ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားတွင် Myanmar National League 2 မှာ Champion ဆွတ်ခူးသွားတဲ့ Chinland FC အသင်းနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ 55 Kilo Cobra Weight MMA Champion Samuel Cung ၊ Myanmar Star Season 1 (2024 ) Winner ဆုရခဲ့တဲ့ Ephraim Kyaw OO ၊ Mrs Grand Internation 2022 Winner ဆုရခဲ့သူ Mrs. Sarahboih နဲ့ Mrs Grand Internation 2025 (Elite) Winner ဆုရခဲ့တဲ့ Mrs. Cathrine Barry တို့ကိုလည်း ဂုဏ်ပြုလွှာပေးအပ်ခဲ့တယ်လို့ သိရပါတယ်။