Headlines

CDF – Mara နဲ့ MDF အကြား တကျော့ပြန် ထိတွေ့တိုက်ပွဲပြန်ဖြစ်ခဲ့တယ်လို့ သိရ

စက်တင်ဘာလ ၉ ရက်။

ချင်းပြည်နယ်၊ မရာနယ်မြေမှာ မရာလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ CDF – Mara နဲ့ MDF အကြား ထိတွေ့တိုက်ပွဲတွေ မနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ ၂ ဖက်ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ဝန်းကျင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ CDF – Mara ဘက်ကပြောပါတယ်။

CDF – Mara ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဂျွန်လောက “မနေ့က မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ် ကျဆုံးအထိခိုက်တော့ ကျနော်ဘက်မှာတော့ မရှိဘူး သူတို့ဘက်က ရှိ၊ မရှိတော့ မသိဘူး၊ စဖြစ်တာက သူတို့ဘက်က လှုပ်ရှားမှုရှိတာကြောင့် ကျနော်တို့ဘက်က တန်ပြန်ပစ်ခတ်တော့ မိနစ် ၂၀ လောက်ပစ်ခတ်မှုရှိပြီးတော့ လက်ရှိငြိမ်နေသေးတာပေါ့နော် ” လို့ပြောပါတယ်။

မရာနယ်မြေက ဒေသကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်းဖြစ်တဲ့ CDF – Mara နဲ့ MDF အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကစလို့ သြဂုတ်လ ၂၉ ရက်နေ့ အထိ တစ်လကျော်အကြာ ထိတွေ့တိုက်ပွဲပဋိပက္ခဖြစ်ခဲ့ပြီး မနေ့စက်တင်ဘာလ ၈ ရက်နေ့မှာ တကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

IMC/ CDF – Mara တပ်ဖွဲ့ဟာ Chinland Council အဖွဲ့ဝင်ဖြစ်ပြီး MTC / MDF တပ်ဖွဲ့ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ကာ ၂ ဖက်အဖွဲ့အကြား ထိန်းချုပ်နယ်မြေ အငြင်းပွားမှုတွေကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *