

စက်တင်ဘာလ ၁၈ ရက်။
ချင်းပြည်နယ်၊ဟားခါးမြို့နယ်အတွင်း ချင်းလဲန်း ဗဟိုမြေယာနဲ့ သစ်တောဌာနရဲ့ တရားဝင်ထောက်ခံစာလေလံစာရွက်မပါရှိဘဲ ဟားခါးမြို့နယ်ကျော်ပြင်ပကို သစ်၊တိုင်တွေကို သယ်ဆောင်ခွင့်ကိုစက်တင်ဘာလ ၂၀ ရက်နေ့ကနေ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ တရားဝင်ပိတ်ပင်တဲ့အကြောင်း CDF – Hakha က ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဟားခါးမြို့နယ် ဒေသ ၂ ခု ၊ မြို့တော်နယ်မြေ၊တို့အတွင်း(ဟားခါးမြ်ို့နယ်ပြင်ပမှလွှဲ)မိမိဒေသတွင်းဖြစ်ပါက ဒေသတာဝန်ခံထောက်ခံစာဖြစ် သွားလာနိုင်တယ်လို့ ဆိုပါတယ်။
ဒေသတာဝန်ခံတွေအနေနဲ့ မိမိဒေသအတွင်းသာ သစ်ယူခွင့်ကို ထုတ်ပေးခွင့်ရှိပြီး မြို့နယ်ပြင်ပတွေက မြို့နယ်တာဝန်ခံလက်မှတ်ဖြင့်သာ သယ်ယူခွင့်ရှိတယ်လို့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။
ဒေသတွင်းသယ်ယူလိုပါက ဒေသမြေယာနဲ့ သစ်တောရုံးကို ၃ ရက်ကြိုတင် စာဖြင့်လျှောက်ထားရန်နဲ့ မြို့နယ်ပြင်ပ သယ်ယူခြင်း ဒေသဖြတ်ကျော် သယ်ယူခြင်းတို့အတွက် ဗဟိုမြေယာနဲ့ သစ်တောရုံးကို ၅ ရက်ကြိုတင် စာဖြင့်လျှောက်ထားရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အမိန့်စာထုတ်ပြန်ချက်ကို မလိုက်နာရင် ဗဟိုမြေယာနဲ့ သစ်တောဌာနရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူခြင်းခံရမှာဖြစ်တယ်လို့လည်း CDF-Hakha အဖွဲ့ကထုတ်ပြန်ထားပါတယ်။