Headlines

မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ချမ်ဒူပါရွာမှာ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

စက်တင်ဘာလ ၄ ရက်။

မြန်မာနိုင်ငံ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဩဂုတ်လ ၂၉ ရက်နေ့ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တွေက လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိပြီး နောက် မကြာမီအတွင်း ချမ်ဒူပါရွာမှာ သံသယရှိသူတစ်ဦးနဲ့အတူ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးထားတယ်လို့ India Today Media က ဒီကနေ့စက်တင်ဘာလ ၄ ရက်မှာ ဖော်ပြပါတယ်။

တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ စက်တင်ဘာ ၂ ရက်နေ့က လက်နက်နဲ့ ခဲယမ်းတွေ မှောင်ခိုကူးနေတယ်လို့ သတင်းရတာကြောင့် စစ်ဆင်ရေးတစ်ခုလုပ်ခဲ့ရာ သံသယရှိသူတစ်ဦးစစ်ဆေးခဲ့ရာ ၄င်းနဲ့အတူ .22 လေရိုင်ဖယ်တစ်လက်၊ .22 single-barrel သေးငယ်တဲ့ ရိုင်ဖယ်တစ်လက် (နိုင်ငံခြားလုပ်)၊ .22 ကျည်အိမ်နှစ်ခုနဲ့ .22 ကျည်ဆယ်တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး  ဖမ်းမိတဲ့ပစ္စည်းတွေနဲ့ သံသယရှိသူကို ထပ်မံစစ်ဆေးဖို့အတွက် လောင်တလိုင်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်မှာ လက်နက်အများအပြား ဖမ်းဆီးရမိပြီး ရက်အနည်းငယ်အကြာမှာ ထပ်မံဖြစ်ပွားခဲ့တာပါ။ ဩဂုတ်လ ၂၉ ရက်နေ့ကလည်း အာသံရိုင်ဖယ်တပ်ဖွဲ့က သတင်းအရ ဆိုင်းကမ်ဖယ်ရွာမှာ ရှာဖွေရေးလုပ်ခဲ့ရာမှာ လက်နက်၊ ဖောက်ခွဲရေးပစ္စည်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီရွာက သံသယရှိတဲ့အိမ်ကို ပိတ်ဆို့ပြီး ရှာဖွေခဲ့တဲ့အတွက် ၁၂ ဘိုးရ်ရိုင်ဖယ်၊ ပစ္စတိုတစ်လက်၊ ကျည်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီး အိမ်ပိုင်ရှင်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အိမ်ကို ထပ်မံရှာဖွေတဲ့အခါမှာတော့ Heckler & Koch G3 ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ Springfield စနိုက်ပါရိုင်ဖယ်နှစ်လက်၊ သေနတ်နှစ်လက်၊ MA ချေမှုန်းရေးရိုင်ဖယ်တစ်လက်နဲ့ လက်ပစ်ဗုံးနှစ်လုံးတို့ကိုပါ ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စနိုက်ပါကျည် ၇၅ တောင့်၊ .303 ထရေစာကျည် ၉၂ တောင့်၊ 7.62 မီလီမီတာ ကျည် ၃၀ တောင့်၊ 5.56 မီလီမီတာ ကျည် ၉၁ တောင့်၊ ၁၂ ဘိုးရ်ကျည် ၈ တောင့်၊ ၁၂ ဘိုးရ်သုံးပြီးသားကျည်ခွံ ၂ ခုနဲ့ 9 မီလီမီတာ ကျည်အသစ်တစ်တောင့်နဲ့ သုံးပြီးသားတစ်တောင့်တို့ကိုလည်း သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေထဲမှာတော့ Cordtex သုံးပုံး၊ IED ပစ္စည်းတွေ၊ ဆလင်ဒါပုံစံ ဖောက်ခွဲရေးပစ္စည်းတစ်ထုပ်နဲ့ PEK ခုနစ်ထုပ်တို့ ပါဝင်ပါတယ်။

အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေကတော့ အရှေ့မြောက်ဒေသမှာ တရားမဝင်လက်နက်မှောင်ခိုကူးမှုတွေကို ဆက်လက်တိုက်ဖျက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အာမခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *