
အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်မြို့မှာ စစ်ဘေးရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင်တစ်ဦးဟာ ကိုယ်ကျင့်စာရိတ္တ မကောင်းတာကြောင့် ဒီတပတ်အတွင်း မြန်မာနိုင်ငံပြန်ဖို့ အကြောင်းကြားခံထားရတယ်လို့ မီဇိုရမ်ပြည်နယ်ကသတင်းဌာနတချို့ရဲ့ဖော်ပြချက်အရ သိရပါတယ်။
New Champhai Branch (YMA) Secretary က “ ဒီ Rualthanmawia က စစ်ဘေးရှောင်တစ်ဦးဖြစ်တယ် အကျင့်စာရိတ္တ မကောင်းလို့ ဒီအပတ်အတွင်း မြန်မာနိင်ငံပြန်ဖို့ဖြစ်တယ် တခြား Branch တွကလည်း ဒါကို နားလည်ပေးစေချင်တယ်” လို့ စက်တင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့တယ်လို့ လည်းသိရပါတယ်။
မီဇိုရမ်ပြည်နယ် အတွင်း စစ်ဘေးရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင်တချို့ဟာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားပြသနာရှာတဲ့သူတွေ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတဲ့သူတွေကို မြန်မာနိုင်အတွင်း ပြန်ဖို့ မောင်းထုတ်ခံရသူ အနည်းဆုံး ဆယ်ချီရှိနေပြီလို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်တဲ့ နိုင်ငံရေးပြဿနာတွေ၊ တိုက်ပွဲပဋိပက္ခတွေကြောင့် ချင်းပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇီုရမ်ပြည်နယ်ဘက်ကို မြန်မာပြည်သူ သောင်းချီ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။