Headlines

မီဇိုရမ်ပြည်က ပလက်ဝစစ်ဘေးရှောင်တွေရဲ့တောင်ယာစပါးခင်းတွေ ကြွက်တွေဖျက်ဆီးတာခံရ

စက်တင်ဘာလ ၁၂ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာမှာခိုလှုံတဲ့ ပလက်ဝစစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေရဲ့ တောင်ယာစပါးတွေကို ကြွက်တွေက အစုလိုက်အပြုံလိုက် ဖျက်ဆီးနေလို့ စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။

စစ်ဘေးရှောင် ပလက်ဝဒေသခံတစ်ဦးက “တွီဒန်းမှာ ပလက်ဝစစ်ဘေးရှောင် နဲ့ ရွာကဒေသခံတောင်ယာစပါးတွေကို ကြွက်တွေက စားသောက်ဖျက်ဆီးတာ တော်တော်လေးအခြေအနေဆိုးတယ်လို့ပြောတယ် တချို့ဆို တောင်ယာတစ်ခုလုံးပျက်စီးတာမျိုးလည်းရှိတယ် အခုက စပါးမှည့်ချိန်ဆိုတော့ မှည့်တဲ့စပါးတွေဆို ကြွတ်တွေက အကုန်ဖျက်စီးသွားတယ် မမှည့်တဲ့ဟာတွေလောက်ပဲ ကျန်တယ် ၉ လပိုင်း နဲ့ ၁၀ လပိုင်းက စပါးရိတ်သိမ်းချိန်မှာ အခုလို စပါးတွေ အဖျက်ဆီးခံရတော့ သူတို့မှာ စားနပ်ရိက္ခာအတွက်လည်း” လို့ပြောပါတယ်။

တောင်ယာစပါးတွေဟာ သြဂုတ်လကုန်ပိုင်းကတည်းကနေစလို့ မှည့်လာတဲ့ချိန် ကြွက်တွေရဲ့ စားသောက်ဖျက်ဆီးတာခံရတာဖြစ်ပြီး ဒေသခံအိမ်ခြေ ၁၅၀ ကျော်နဲ့ ပလက်ဝစစ်ဘေးရှောင် အိမ်ခြေ ၁၅၀ ဝန်းကျင်တို့ရဲ့ တောင်ယာခင်းတွေဖြစ်ကြတယ်လို့ သိရပါတယ်။

တွီဒန်းကျေးရွာက ဒေသခံတွေဟာ ပလက်ဝကစစ်ဘေးရှောင်တွေကို တောင်ယာလုပ်ကိုင်နိုင်ဖို့ မြေနေရာတွေပေးတာတွေရှိသလို စပ်တူလုပ်ကိုင်ကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *