
အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ မြန်မာနိုင်ငံဘက်ကို ဓာတ်မြေသြဇာတင်သွင်းတာတွေ မလုပ်ဖို့ အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
လောင်တလိုင်မြို့မှာနေထိုင်သူ ဒေသခံတစ်ဦးက “ဓာတ်မြေသြဇာက မိုင်းအတွက် အသုံးပြုတယ်ဆိုတာမျိုး လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက သတင်းကြားလို့ထင်တယ် ကုန်ပစ္စည်းတော်တော်များများကလည်း ပလက်ဝကနေ တဆင့် ရခိုင်ဘက် သယ်ယူနေတာဆိုတော့ ဒီဓာတ်မြေသြဇာသယ်ယူတာတွေကို ပိတ်တာဖြစ်တယ်” လို့ပြောပါတယ်။
ဒီတားမြစ်ချက်ဟာ ၂ လအတွင်း အကျုံးဝင်မှာဖြစ်ပြီး သယ်ယူတာလုပ်တဲ့သူတွေကို လိုင်စင်သိမ်းတာ၊ ကားသိမ်းတွေ အပြင် စတဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း လောင်တလိုင်ခရိုင်က အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်း၊ ကုလားတန်မြစ်ကမ်းတွေကနေတဆင့် ကုန်ပစ္စည်းတွေ သယ်ယူကြပြီး ရခိုင်ပြည်နယ်ဘက်ကိုလည်း တင်ပို့နေတာဖြစ်ပါတယ်။