Headlines

ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီက မနေ့ညက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာလ ၁၁ ရက်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင်းရှိ ခါပန်းရွာကို စစ်ကောင်စီတပ်က မနေ့ညစက်တင်ဘာလ ၁၀ ရက် ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “ည ၁၂ နာရီဝန်းကျင်လောက်မှာ ကန်ပက်လက်မြို့နယ်အတွင်းက ခါပန်းရွာကို စကစက လေကြောင်းနဲ့ ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ပါတယ် ရွာထဲမှာရှိတဲ့ အရပ်သားပြည်သူတစ်ယောက်ပဲ အနည်းငယ် မစိုးရိမ်ရ ထိခိုက်တာရှိပါတယ် ကျန်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီဘက်က ယခုနှစ် အစပိုင်းကနေ လက်ရှိအချိန်အထိလေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့လို့ အရင်ကလည်းအရပ်သားထိခိုက်မိတာတွေ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *