Headlines

RSD အင်တာဗျူးများကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးရန်ကတိပြုကြောင်းအပါအဝင် UNHCR နှင့် ဆွေးနွေးချက်များကို CRC-New Delhi က အသိပေးထုတ်ပြန်

ဩဂုတ်လ ၉ ရက်။

ချင်းဒုက္ခသည်ကော်မတီ(CRC) ဦးဆောင်မှုဖြင့် မြန််မာနိုင်ငံသား ဒုက္ခသည်များဟာ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ( UNHCR) ရှေ့မှာ ဒုက္ခသည်အခွင့်အရေးပေးဖို့အတွက် ၂၄ရက်တိုင်တိုင် နေပူမိုးရွာမရှောင် ဆန္ဒပြတောင်းဆိုမှုရလာဒ်အနေဖြင့် ဩဂုတ်လ ၈ရက် မနက် ၁၀နာရီမှ နေ့လည် ၁နာရီအထိ UNHCR Chief of Missoin ခေါင်းဆောင်တဲ့တာဝန်ရှိသူများနှင့် CRC (OB) များတွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကာ RSD အင်တာဗျူးများကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးရန် Chief of Mission က ကတိပြုကြောင်းအပါအဝင် ဆွေးနွေးချက်များကို ဩဂုတ်လ ၈ ရက်မှာ ချင်းဒုက္ခသည်ကော်မတီ(နယူးဒေလီ)မှ အသိပေးထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲအပြီး အချိန်ကြာလင့်စွာအကြောင်းအမျိုးမျိုးဖြင့် နှောင့်နှေးကြန့်ကြာခဲ့သော Refugee Status Determination (RSD) အင်တာဗျူးများကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးရန် Chief of Mission က ကတိပြုပြောဆိုကြောင်း၊ဆက်လက်၍ ကျန်းမာရေး ၊ ပညာရေး၊ လုံခြုံရေးနှင့် တတိယနိုင်ငံအခြေချရေးကိစ္စများအား လာမည့် အစည်းအဝေးတွင် အသေးစိတ်ဆက်လက်ဆွေးနွေးသွားရန်သဘောတူကြောင်း၊သို့ဖြစ်ပါ၍ မိမိတို့အခွင့်အရေးအတွက် UNHCR ရုံးအရှေ့ ဆန္ဒပြတောင်းဆိုမှုများကို ယာယီ ရပ်ဆိုင်း ပြီး UNHCR ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ပြီး လိုသကဲ့သို အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ချင်းဒုက္ခသည်ကော်မတီ(နယူးဒေလီ)မှအသိပေးထုတ်ပြန်ထားပါတယ်။

မကြာမှီ မြန်မာနိုင်ငံသားများထံ RSD အင်တာဗျူးများခေါ်ယူမည်ဖြင်သဖြင့် မိမိတို့တင်ထားသော (Case) ဖြစ်ရပ်များကို သတိပြုရန်နှင့် ပေးထားသည့်ဖုန်းနံပတ်များ ဂရုစိုက်ကြရန် အသိပေးလိုကြောင်း၊UNHCR မှ ပိတ်ထားသော RSD အင်တာဗျူးများပြန်လည်လုပ်ဆောင်ပေးခြင်းသည် အဆုံးသတ် အောင်မြင်ခြင်းမဟုတ်ဘဲ ရှေ့ဆက်လက်၍ ဒုက္ခသည်အခွင့်အရေးများ အပြည့်အဝရရှိချိန်အထိ ဆက်လက် စည်းလုံးညီညွတ်စွာရပ်တည်ကြရန်မေတ္တာရပ်ခံအပ်သည်။လို့ချင်းဒုက္ခသည်ကော်မတီ(နယူးဒေလီ)မှအသိပေးထုတ်ပြန်ထားပါတယ်။

၂၄ရက်တာကာလအတွင်း ဆန္ဒပြတောင်းဆိုသူများ ၊ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့ နှင့် နိုင်ငံရေးခေါင်းဆောင်များ ၊ ဘာသာရေးခေါင်းဆောင်များ ၊ ကျောင်းသားကျောင်းသူများ ၊ မီဒီယာများ နှင့် ငွေကြေးရသော်၎င်း စိတ်ဓါတ်ရေးရာအရ ကူညီခဲ့သူအပေါင်းအား CRC က ဂုဏ်ပြုမှတမ်းတင်ကြောင်း ချင်းဒုက္ခသည်ကော်မတီ( နယူးဒေလီ) Chin Refugee Committee-New Delhi ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *