အာဏာသိမ်းမှုမှာပါဝင်တဲ့ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်မှု နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းကာလ ၃ ရက် သတ်မှတ်
ဩဂုတ်လ ၇ ရက်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ကာလုံအစည်းအဝေးကျင်းပကာ တိုင်းပြည်ကိုအရေးပေါ်အခြေအနေသတ်မှတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ ၃ ရပ် လွှဲပြောင်းပေးခဲ့သူ၊ စစ်အာဏာသိမ်းမှုမှာပါဝင်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့အတွက် ဩဂုတ် ၇ ရက်ကနေ ၉ ရက်အထိကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း အထိမ်းအမှတ်ကာလအဖြစ် ကြေညာထားကာ၊ဝမ်းနည်းကြောင်း ကြေညာထားတဲ့ ကာလအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအလံကို တိုင်ဝက်လျှော့ချပြီး လွှင့်ထူသွားကြဖို့ ညွှန်ကြားထားတယ်လို့အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ယာယီသမ္မတဦးမြင့်ဆွေ အသက် ၇၄ နှစ် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဟာ ဒီကနေ့ဩဂုတ်လ ၇ ရက်နံနက် ၈နာရီ ၂၈ မိနစ်မှာ နေပြည်တော်အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ကုတင်၁၀၀၀)မှာ ကွယ်လွန်သွားကြောင်းအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။…

