Headlines

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းနဲ့ မြိုလူငယ် ၁၀ ယောက်ကျော်ကို ချင်းလက်နက်ကိုင်အဖွဲ့ကလို့ယူဆရသူတွေက ဖမ်းဆီးခဲ့ပြီး ၁ ဦး ပြန်လွတ်လာတယ်လို့ သိရ

ဩဂုတ်လ ၁၂ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကုဋေကျေးရွာမှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းလူငယ်နဲ့ မြိုလူငယ် စုစုပေါင်း ၁၀ ယောက်ကျော် ကို ချင်းလက်နက်ကိုင်အဖွဲ့ကလို့ ယူဆရသူတွေက သြဂုတ်လ ၆ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကျောက်တော်မြို့နယ်က မြိုလူငယ် ၈ ယောက်နဲ့ ချင်းလူငယ်တွေကို သြဂုတ်လ ၆ ရက်နေ့ လုပ်ငန်းခွင်တစ်နေရာမှာ နေ့လည်ထမင်းစားနားနေကြတဲ့အချိန် လူမျိုးမေးပြီး အခုလို ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတာလို့ သိရပါတယ်။ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက “ကျောက်စိမ်းတူးတဲ့ ကျင်းမှာ အလုပ်လုပ်တယ်ပြောတယ် အဲဒီမှာ ရခိုင်တွေ၊ ဗမာတွေ၊ ချင်းတွေ ၊ မြိုတွေလည်းရှိတယ်တဲ့ လူမျိုးမေးတဲ့ခါ မြိုနဲ့ ချင်းတွေကို ခေါ်သွားတာတဲ့ ချင်းက…

Read More

ပလက်ဝမြို့နယ်ကို AA ထိန်းချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားကောင်းလာတယ်လို့ ပြောဆိုမှုဟာ မြေပြင် အခြေအနေနဲ့ ကွာဟ နေတယ်လို့ GKO က တုန့်ပြန်

သြဂုတ်လ ၁၁ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် ( ULA / AA) ထိန်းချုပ်လိုက်ပြီးနောက် တရားဥပဒေစိုးမိုးရေး ပိုပြီးတော့ အားကောင်းလာသလို မှုခင်းတွေလည်း ကျဆင်းလာတယ်လို့ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခရဲ့ပြောကြားမှုဟာ မြေပြင် အခြေအနေနဲ့ ကွာဟ နေတယ်လို့ ဒေသခံခူမီးချင်းမျိုးနွယ်စုအဖွဲ့ဖြစ်တဲ့ Global Khumi Organization (GKO) ဘက်က Chin World Media မှာ တုန့်ပြန်ထားပါတယ်။ ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မြေပြင်မှာ အမှန်တကယ်ဖြစ်နေတာက ဒေသခံတွေပြည်သူတွေဟာ ကျနော်တို့ အစိုးရ အုပ်ချုပ်ပြီးနောက်ပိုင်း…

Read More

တမူးမြို့နယ်မှာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊လက်နက်များသိမ်းပိုက်ရရှိကာ၊တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် (၅) ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၁၁ ရက်။ ဩဂုတ်လ ၅ ရက်မှ ၈ ရက်အတွင်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားတပ်ဦး (CNF/A)ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာသေနတ် ၉ လက်သိမ်းပိုက်ရရှိခဲ့ကြောင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း အမှတ် – ၁ စစ်ဒေသက ဩဂုတ် (၁၁) ရက် မှာသတင်းထုတ်ပြန်ပါတယ်။ တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နန်မွန်းတားရွာကို ရန်ငြိမ်းအောင်ရွာမှ ခလရ-၂၂၈ နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်တို့မှ သြဂုတ်လ ၅ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပြန်လည်တိုက်ခိုက်ခဲ့လို့ သြဂုတ်လ ၈…

Read More

CDF-Mara နဲ့ MDF တို့အကြားဖြစ်တဲ့ တိုက်ပွဲမှာ အာရက္ခတပ်တော်(AA) လုံးဝပါဝင်ပတ်သက်တာမရှိကြောင်း ULA/AA ပြော

ဩဂုတ်လ ၁၁ ရက်။ ချင်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ IMC / CDF – Mara တပ်ဖွဲ့နဲ့ MTC / Mara Defense Force ( MDF) တို့အကြား ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေမှာ CDF-Mara ထုတ်ပြန်ထားသကဲ့သို့ အာရက္ခတပ်တော်(AA)အနေနဲ့ လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရဲ့ (၁၀) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ ULA / AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မရာနယ်မြေမှာ MDF ဘက်ကနေပြီး AA က စစ်ကူတိုက်တယ်ဆိုပြီး ဒီစွပ်စွဲချက်က အခြေအမြစ်မဲ့တဲ့…

Read More

ချင်းအချင်းချင်းကြားက အမုန်းစကားမီးပွားတွေ ရှောင်ကြပါစို့လား

ဒက်စမွန် နွေဦး ညစ်ညူး သောစကား တစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏ အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။ ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်း တို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။ဧဖက်ဩဝါဒစာ ၄း၂၉-၃၂ ဇာတ်လမ်းအစ မီးပွားတွေ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီစခန်း ၂ ခုကို ပူပေါင်းတပ်ဖွဲ့သိမ်းပိုက်ပြီး ချင်းတော်လှန်ရေး…

Read More

RSD အင်တာဗျူးများကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးရန်ကတိပြုကြောင်းအပါအဝင် UNHCR နှင့် ဆွေးနွေးချက်များကို CRC-New Delhi က အသိပေးထုတ်ပြန်

ဩဂုတ်လ ၉ ရက်။ ချင်းဒုက္ခသည်ကော်မတီ(CRC) ဦးဆောင်မှုဖြင့် မြန််မာနိုင်ငံသား ဒုက္ခသည်များဟာ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ( UNHCR) ရှေ့မှာ ဒုက္ခသည်အခွင့်အရေးပေးဖို့အတွက် ၂၄ရက်တိုင်တိုင် နေပူမိုးရွာမရှောင် ဆန္ဒပြတောင်းဆိုမှုရလာဒ်အနေဖြင့် ဩဂုတ်လ ၈ရက် မနက် ၁၀နာရီမှ နေ့လည် ၁နာရီအထိ UNHCR Chief of Missoin ခေါင်းဆောင်တဲ့တာဝန်ရှိသူများနှင့် CRC (OB) များတွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကာ RSD အင်တာဗျူးများကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးရန် Chief of Mission က ကတိပြုကြောင်းအပါအဝင် ဆွေးနွေးချက်များကို ဩဂုတ်လ ၈ ရက်မှာ ချင်းဒုက္ခသည်ကော်မတီ(နယူးဒေလီ)မှ အသိပေးထုတ်ပြန်ထားပါတယ်။ ဆွေးနွေးပွဲအပြီး အချိန်ကြာလင့်စွာအကြောင်းအမျိုးမျိုးဖြင့် နှောင့်နှေးကြန့်ကြာခဲ့သော Refugee Status Determination (RSD) အင်တာဗျူးများကို မြန်မာပြည်သားများအတွက်…

Read More

ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့မှာ အခြေခံစစ်သင်တန်းတက်ရင်း သင်တန်းသား ဆလိုင်းရဲမင်းနိုင်ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်

သြဂုတ်လ ၉ ရက်။ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) မှာ အခြေခံစစ်ပညာသင်တန်း တက်ရောက်နေရင်း ရုတ်တရက် နေမကောင်းဖြစ်လို့ သင်တန်းသား ဆလိုင်းရဲမင်းနိုင်သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ CDF – Asho က သြဂုတ်လ ၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဆလိုင်းရဲမင်းနိုင်ဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်ရန်အတွက် သင်တန်းတက်နေစဉ်အတွင်း နေမကောင်းဖြစ်လို့ ရုတ်တရက်ကျဆုံးခဲ့ရတာကြောင့် အခုလို ဆုံးရှုံးမှုဟာ ချင်းကာကွယ်ရေးတပ် – အရှိုအတွက် အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုဖြစ်ပြီး စုဆောင်းရေးကာလနှင့် သင်တန်းကာလအတွင်း ပေးအပ်လာတဲ့ တော်လှန်ရေးတာဝန်တွေကို အသက်နှင့် ခန္ဓာစွန့်ပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုအနေနဲ့ များစွာ…

Read More

ပလက်၀‌ဒေသခံများနဲ့ပတ်သက်ပြီး ULA/AA ကို တောင်းဆိုချက် (၄) ချက် တောင်းဆိုကြောင်း CHRO ထုတ်ပြန်

ဩဂုတ်လ ၉ ရက်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံပြည်သူများနဲ့ပတ်သက်ပြီး ပလက်ဝ‌ဒေသအား ထိန်းချုပ်ထားတဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ကို တောင်းဆိုချက် ၄ ချက် တောင်းဆိုကြောင်း ဒီကနေ့ ဩဂုတ်လ (၉) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနတိုင်းရင်းသားများနေ့ (International Day of the World’s Indigenous Peoples) မှာထုတ်ပြန်ပါတယ်။ CHRO ရဲ့ အဆိုပါတောင်းဆိုချက် ၄ ချက်ကတော့ “ပလက်ဝရှိ ဌာနေတိုင်းရင်းသားများအား အတင်းအဓမ္မပေါင်းစည်းမှု၊ ယဉ်ကျေးမှုဖိနှိပ်မှုနှင့် ပိုင်ဆိုင်မှုဖယ်ရှားမှုဆိုင်ရာလုပ်ရပ်များ ချက်ချင်းရပ်တန့်ရေး၊ ဒေသခံအသိုက်အဝန်းများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအခွင့်အရေးများကို အပြည့်အဝလေးစားရေး၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူထုခေါင်းဆောင်များကို အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုနှင့် ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးရေး၊ မိမိတို့၏ ကိစ္စရပ်များကို…

Read More

CSARN မှ ချင်းအမျိုးသမီး ၈ ယောက်အတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀ တန် Research Fellowship များ ပေးအပ်မည်

( ချင်းအမျိုးသမီးများအတွက် ထူးခြားသောအခွင့်အလမ်း ) Chin State Academic Research Network (CSARN) မှ ယခုအပတ် အတွင်း ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ချင်းအမျိုးသမီး ၈ ယောက်အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ (USD) ၂,၀၀၀ စီ တန်ဖိုးရှိသော Research Fellowship များ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ CSARN) မှ ခေါ်ယူနေတဲ့ Research Fellowship များအတွက် ရွေးချယ်ခံရမယ့် ချင်းပြည်နယ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ချင်းအမျိုးသမီး ၈ ယောက်အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ (USD)…

Read More

“အိန္ဒိယနိုင်ငံ၏ တက္ကသိုလ်များတွင် CHO-HRH SCHOLARSHIP ဘွဲ့ကြိုပညာသင်ဆုဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များသင်ကြားနိုင်ပြီ”

ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ကြေညာချက် . ကျန်းမာရေးဆိုင်ရာ လူသားရင်းမြစ် (HRH – Human Resources for Health) ပညာသင်ဆုပရိုဂရမ် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး အသက်မွေးဝမ်းကြောင်း ရှာဖွေနေသော ကျောင်းသားများအတွက် ပညာသင်ဆုများ ရရှိနိုင်ကြောင်း CHO (Chin Health Organization) မှ ဝမ်းမြောက်ဝမ်းသာ ကြေညာအပ်ပါသည်။ . ဤပညာသင်ဆုသည် ကျန်းမာရေး ဝန်ဆောင်မှု အရောက်နည်းပါးသော ရပ်ရွာများအတွက် ကျွမ်းကျင်သော ပညာရှင်များ မွေးထုတ်ပေးဖို့အတွက် ရည်ရွယ်ပါသည်။ . လျှောက်ထားသူများသည် အောက်ဖော်ပြပါ eligibility criteria (ပြည့်မီရမည့် စံသတ်မှတ်ချက်များ) နှင့် ကိုက်ညီရမည်ဖြစ်ပြီး ဤပညာသင်ဆုသည် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားရေးအတွက်သာ အကျုံးဝင်ပါသည်။ . ရရှိနိုင်သော ပညာသင်ဆုများ:…

Read More