
ချင်းအမျိုးသမီးတွေအပေါ် မုဒိန်းကျင့်ခြင်းအပါဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက် စုဆောင်းနေတယ်လို့ IIMM က ဆို
သြဂုတ်လ ၁၄ ရက်။ ချင်းအမျိုးသမီးတွေအပေါ် မုဒိန်းကျင့်ခြင်းအပါဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပက်သက်ပြီး အချက်အလက်တွေ ဆက်လက် စုဆောင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား Independent Investigative Mechanism for Myanmar ( IIMM) ရဲ့ သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ အာရက္ခတပ်တော် ( AA) နဲ့ မြန်မာစစ်တပ်တို့က ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းထားတဲ့ သတ္တမမြောက် နှစ်ပတ်လည် အစီရင်ခံစာမှာ ပါရှိပါတယ်။ IIMM ရဲ့အစီရင်ခံစာထဲမှာ အာရက္ခတပ်တော်( AA)က ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို စတင်စုံစမ်းခဲ့ သည့်အပြင် ချင်းအမျိုးသမီးတွေကို မုဒိမ်းကျင့်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း…