Headlines

ပလက်ဝမြို့နယ်မှာ အင်တာနက်သုံးဖို့သွားတဲ့ ချင်းလူမျိုး ၄ ဦး စက်လှေမှောက်လို့ရေနစ်သေဆုံး

ဩဂုတ်လ ၁၉ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခွေးခေါင်းရွာနေ ဂါရာပြင်ရွာကို အင်တာနက် Starlink သုံးဖို့သွားခဲ့ကြတဲ့ ကလေး ၁ ဦးအပါ ဒေသခံ လေးတူချင်းလူမျိုး ၄ ဦးဟာ သြဂုတ်လ ၁၆ ရက်နေ့က စက်လှေမှောက်လို့ ရေနစ်သေဆုံးခဲ့ပြီး အလောင်း ၃ လောင်းကို ရှာတွေ့ပေမယ့် နောက်တစ်လောင်းကိုတော့ အခုထိ ရှာနေကြတုန်းလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ စနေနေ့က ခွေးခေါင်းရွာကနေ ဂါရာပြင်ရွာကို Starlink သွားသုံးကြတာ ၈ ယောက် ၊ ၄ ယောက်က ရေနစ်သေတယ် ၊ ရေနစ်သေသွားတဲ့ သူတွေ ၃ ယောက်ရဲ့ အလောင်းကိုတော့ ရှာတွေ့ပြီ နောက် ၁ လောင်းကိုတော့ ရှာနေကြတုန်းဖြစ်တယ်လို့…

Read More

ငွေစက္ကူ အတုများ ဖမ်းမိသတင်းကြောင့် တီးတိန်မြို့ရှိ ဈေးဆိုင်ကြီးများ အနေဖြင့် ငွေစက္ကူအတု သတိထားနေရ

ဩဂုတ်လ ၁၈ ရက်။ တီးတိန်မြို့နယ် ကျေးရွာ ၁ ရွာမှာ ငွေစက္ကူအတုများ ဖမ်းဆီးရမိတဲ့သတင်းထွက်ပေါ်ပြီးနောက်ပိုင်း တီးတိန်မြို့ ရှိ ဈေးဆိုင်ကြီးများ အနေဖြင့် ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် ငွေစက္ကူအတု မလက်ခံမိဖို့ အတွက် အထူး သတိထား စိစစ်ပြီး လက်ခံ နေရတယ်လို့ ဒေသခံ ဈေးရောင်း/စျေးဝယ်သူများထံမှ သိရှိရပါတယ်။ “တစ်သောင်းတန်၊ ငါးထောင်တန် ငွေစက္ကူတွေ ဆိုရင် သတိထားပြီး တစ်ရွက်ချင်း စစ်ဆေး လက်ခံ ခဲ့ရ ပါတယ်။ ဒီ ရက်ပိုင်း အတွင်းတော့ မြို့ပေါ်မှာ ငွေစက္ကူအတု အသုံးပြုတာမျိုးတော့ မကြားရ သေးဘူး။ ဒါပေမယ့် ကြားရတဲ့ သတင်း ကြောင့်တော့ သတိ အတော် ထား နေရ ပါတယ်” လို့ ဒေသခံစျေးသည်တစ်ဦးကပြောပါတယ်။…

Read More

ရွေးကောက်ပွဲအပိုင်း(၁)ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းမယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၁၈ ရက်။ လွှတ်တော်အသီးသီးအတွက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပမှာဖြစ်ကြောင်း၊ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်ကျင်းပမယ့် နေ့ရက်တွေကိုလည်း ဆက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲကို ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကို လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ကြောင်းကိုလည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ ဒီဇင်ဘာလ…

Read More

Myanmar Idol မှာ Vote ပေးသကဲ့သို့ ရွေးကောက်ပွဲမှာ ချင်းပြည်သူများ ရောက်ရာအရပ်ကနေ လွယ်ကူစွာမဲပေးနိုင်ကြောင်းဆို

သြဂုတ်လ ၁၇ ရက်။ ၂၀၂၅ ဒီဇင်ဘာလ မှာ စစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲမှာ နည်းပညာမြင့် အီလက်ထရောနစ်မဲပေးစက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက် မဲပေးရလွယ်ကူမြန်ဆန်တာကြောင့် နေရပ်စွန့်ခွာရ သော စစ် ရှောင် ချင်းပြည်သူများအ နေဖြင့် Myanmar Idol မှာ Vote ပေးသကဲ့သို့ ရောက်ရာအရပ်ကနေ လွယ်ကူစွာမဲပေးနိုင်ကြောင်း ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၁ခုရဲ့ဦးဆောင်သူ ၁ ဦးက ပြောပါတယ်။ ” အခု ရွေးကောက်ပွဲက အီလက်ထရောနစ်မဲ ပေးစက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက် အရင်လိုမဲစာရွက်တွေနဲ့ မှားလုပ်မိမှာ တွေ စိုးရိမ်စရာမလိုဘူး ၊ ကျ နော်နားလည်သလောက်က ကိုယ်ပေးချင်တဲ့ပါတီကို ခလုတ် လေးနှိပ်ရုံပဲ ၊ နိုင်ငံရေးပါတီ တွေလည်း ရွာတိုင်းမြို့တိုင်းမဲလိုက်ဆွယ်ဖို့အခက်အခဲရှိတဲ့ ဒီလိုအချိန်အခါမှာ အီလက်ထရောနစ်မဲပေးစက်နဲ့မဲပေးတာ အတော်အဆင်ပြေတယ် မဲ…

Read More

ချင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၁၆ ရက်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲမှာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အများစုပါဝင်တဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကို လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်များအဖြစ် သတ်မှတ်တဲ့အကြောင်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ပြည်သူ့၊အမျိုးသား၊ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်များအဖြစ် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ်၊ ဖလမ်းမြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ် တို့ကိုသတ်မှတ်ထားပါတယ်။ ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ ဟားခါးမြို့ နဲ့ တီးတိန်မြို့ ကိုသာ…

Read More

One Championship ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေး ကို ဂျပန်ဖိုက်တာ အနိုင်ရ

ဩဂုတ်လ ၁၅ ရက်။ ဒီကနေ့ သြဂုတ်လ ၁၅ ရက်ညမှာ ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သိုင်းပေါင်းစုံကိုယ်ခံပညာပြိုင်ပွဲ One Championship , One Friday Fight 120 မှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ဂျပန်နိုင်ငံသားဖိုက်တာ Jurai Ishii တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး တတိယအချီမြောက် ထိုးသတ်ချိန် ၂ မိနစ်ခွဲကျော်ကျော်မှာ ဂျပန်ဖိုက်တာက ချင်းဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေးကို အလဲထိုး အနိုင်ရသွားခဲ့တာဖြစ်ပါတယ် ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်နိုင်ငံသား Jurai Ishii တို့ဟာ ၁၂၀ ပေါင် ကက်ချ်ဝိတ်တန်း Muay Thai ပွဲစဉ်မှာ ထိုးသတ်ခဲ့ကြတာ…

Read More

ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ဂျပန်ဖိုက်တာတို့ ဒီကနေ့ည One Championship ပွဲထိုးသတ်ကြမယ်

ဩဂုတ်လ ၁၅ ရက်။ ဒီကနေ့ သြဂုတ်လ ၁၅ ရက်ညမှာ ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့မှာ ကျင်းပမယ့် သိုင်းပေါင်းစုံကိုယ်ခံပညာပြိုင်ပွဲ One Championship , One Friday Fight 120 မှာ ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ဂျပန်နိုင်ငံသားဖိုက်တာ Jurai Ishii တို့ ထိုးသတ်သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။ ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်နိုင်ငံသား Jurai Ishii တို့ဟာ ၁၂၀ ပေါင် ကက်ချ်ဝိတ်တန်း Muay Thai ပွဲစဉ်မှာ ထိုးသတ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ ONE Friday Fights 120 ပွဲစဉ်ကို ထိုင်းနိုင်ငံ ၊…

Read More

ပလက်ဝ ဒေသခံပြည်သူများကို ၎င်းတို့ဆန္ဒအလျောက် ဆုံးဖြတ်ခွင့်ပေးဖို့လို

ဆလိုင်းခင်တလင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့၊ ယူအယ်အေ/အေအေ၏ ပြောခွင့်ရ ခိုင်သုခ၏ သတင်းထောက်များ၏ မေး မြန်းချက်အပေါ် ဖြေကြားချက်အချို့ (ချင်းပြည် ပလက်ဝမြို့နယ်ကိစ္စအပေါ် ဖြေကြားချက်)သည် ၁၉၄၇ ဖွဲ့စည်း ပုံအ‌ခြေခံဥပဒေ ပြဋ္ဌာန်းချက်အချို့ အသက်ဝင်မှု/မဝင်မှုနှင့် ပက်သက်ပြီး ပေါ်ပေါက်လာသည့် တော်လှန်ရေးအင် အားစုများ (EAOs)နှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခအတွင်း ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး အင်အားစု များ(PDFs)အကြား တိုးတိုက်မှုများမှာ ကဏ္ဍစုံမှာ ပေါ်ပေါက်လာခြင်းကို ထင်ဟပ်စေပြီး အဆိုပါ တိုးတိုက်မှုများ မှာ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း တွေ့ရပြီး တော်လှန်ရေး၏ အရုဏ်ဦးလည်း ဖြစ်နိုင်သကဲ့ နိဂုံးလည်း ဖြစ်နိုင်သည်ကို သတိချပ်သင့်သည်။ သို့ဖြစ်၍ နွေဦးတော်လှန်ရေးကာလ နေရာအနှံ့ပေါ်ပေါက်လာသည့် နယ်မြေသိမ်းပိုက်မှုနှင့် အုပ်ချုပ်ရေးဖော် ဆောင်မှုအကြား…

Read More

“အနာဂါတ်ချင်းလူငယ်မျိုးဆက်များထံသို့ပေးစာ”

Shing Gei Ngai မိမိတို့ချင်းတောင်ဒေသမှာ ဇီဝမျိုးစုံမျိုးကွဲများ ထူးထူးခြားခြား ဖြစ်တည်တွေ့ရှိမှုကို ​ပြည်သူတွေကို သိစေချင်လို့ အသိပေးတော့ တစ်ချို့လူတွေဘာလဲ ဆိုတာသိချင်ကြတယ်၊တဖက်ကလည်း မတရား စီးပွားရေး လောဘသားတွေ ကိုလည်းကြောက်ရသေးတယ်၊ကျနော့်တို့ချင်းလူမျိုးများရဲ့အဖိုးတန် ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေ သဘာဝအမွေအနှစ် တွေကို စီးပွားရေး လောဘသားတစ်စုက မတရားသဖြင့် ကိုယ်ကျိုးအတွက် ပြည်တွင်း/ပကို ရောင်းစားကြလို့ ကုန်သ​​​​လောက်ဖြစ်နေပါပြီ၊ကိုယ့်ထမင်းထုပ် သူများကိုပေးလိုက်တော့စားစရာမရှိတော့ဘူး၊ရဟန်းစားရသောဆွမ်းတစ်နပ်လို ကုသိုလ်ရရင်တော့ကောင်းမှာပေါ့၊ကိုယ့်ဆီမှာပဲရှိတဲ့ ရှားပါးသစ်ခွကိုပါ ထိုင်းကို ခိုးရောင်းစားတာလည်းသိကြပါတယ်၊အပြစ်အရမ်းကြီးပါတယ်၊ကျနော်တို့ ထိန်းသိမ်းရေးသတင်းအချက်အလက်နဲ့ ပါတ်သက်လာရင် နိုင်ငံတကာကွန်ယက်ချိတ်ဆက်မှု ရှိတော့သိရတယ်၊ကိုယ်ကျိုးအတ္တသမား တွေကတော့ ကျနော့်ကိုမုန်းမှာပါ၊သတ်တောင်သတ်ချင်ခဲ့ကြတယ်၊ လွန်ခဲ့သော ၂၀၀၂ ခုနှစ်က မင်းတပ်ခရိုင် ခ ယ က ဉက္ကဌနဲ့အတူ နယ်ဆင်းခရီးအတူသွားကြတယ်၊ ချင်းအဖိုးကြီးက ခ ယ က ဉက္ကဌ ကိုလာကြိုတော့ သူက…

Read More

အမေရိကန်မှာ ဆူရှီဆိုင်ရှင် ချင်းအမျိုးသားတစ်ဦးကိုဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးသွားတဲ့ ပြစ်မှုကျူးလွန်သူကို ဖမ်းမိပြီလို့သိရ

သြဂုတ်လ ၁၄ ရက်။ အမေရိကန်နိုင်ငံ၊ဝစ်ကန်ဆင်ပြည်နယ်၊မီလ်ဝါကီးမြို့မှာနေထိုင်ကာ ဆူရှီဆိုင်ဖွင့်ထားတဲ့ အသက် ၃၅ နှစ်အရွယ် မတူ ( ချင်း) အမျိုးသားတစ်ဦးကို သြဂုတ်လ ၁၃ ရက်နေ့က ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးသွားတဲ့ ပြစ်မှုကျူးလွန်သူကို ဒေသ အာဏာပိုင်တွေက ဒီနေ့မှာဖမ်းဆီးရမိပြီလို့ သိရပါတယ်။ ဆူရှီဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ မတူ ( ချင်း) အမျိုးသားတစ်ဦးကို သူ့ဆီမှာ အလုပ်လုပ်နေတဲ့ ချင်းအမျိုးသားတစ်ဦးက သြဂုတ်လ ၁၃ ရက်နေ့က ဓားနဲ့ ထိုးတာကြောင့် သေဆုံးသွားခဲ့ရတာလို့ သိရပါတယ်။ ဆွေမျိုးနီးစပ်သူတစ်ဦးက “ပြစ်မှုကျူးလွန်တဲ့သူကိုတော့ အဖမ်းခံရပြီ ချင်းလူမျိုးပါဘဲ ဇိုတုန်သားလို့ သိရတယ် ။ သေဆုံးသွားသူက အသက် ၃၅ နှစ်လောက်တော့ ရှိပြီ။ ပြစ်မှုကျူးလွန်သူက အရင်က အမေရိကန်မှာ ပြစ်ဒဏ်တွေ နည်းနည်းထိတဲ့ဟာမျိုး ယာဉ်မောင်းလိုင်စင်တွေလဲ…

Read More