Headlines

One Championship ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေး ကို ဂျပန်ဖိုက်တာ အနိုင်ရ

ဩဂုတ်လ ၁၅ ရက်။

ဒီကနေ့ သြဂုတ်လ ၁၅ ရက်ညမှာ ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သိုင်းပေါင်းစုံကိုယ်ခံပညာပြိုင်ပွဲ One Championship , One Friday Fight 120 မှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ဂျပန်နိုင်ငံသားဖိုက်တာ Jurai Ishii တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး တတိယအချီမြောက် ထိုးသတ်ချိန် ၂ မိနစ်ခွဲကျော်ကျော်မှာ ဂျပန်ဖိုက်တာက ချင်းဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေးကို အလဲထိုး အနိုင်ရသွားခဲ့တာဖြစ်ပါတယ်

ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်နိုင်ငံသား Jurai Ishii တို့ဟာ ၁၂၀ ပေါင် ကက်ချ်ဝိတ်တန်း Muay Thai ပွဲစဉ်မှာ ထိုးသတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ဝှေ့လောကနဲ့ကင်းကွာပြီး ၁ နှစ်ကျော်အကြာ ဒီညမှာ One Championship စင်မြင့်ထက်မှာ ပထမဆုံးအကြိမ် ပွဲထွက် ကစားခဲ့ရတဲ့ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး အတွက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ ဂျပန်ဖိုက်တာက One Championship ပြိုင်ပွဲမှာ ၂ ပွဲထိုးသတ်ထားပြီး ၂ ပွဲစလုံး အနိုင်ရရှိထားသူဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အာက်ချင်းလေး ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပြည်နယ်နဲ့ တိုင်းလက်ဝှေ့ချန်ပီယံဖြစ်ခဲ့ဖူးပြီး လက်ဝှေ့၊ ဂျူဒို၊ ဝူရှုးဆန်း တွေမှာလည်း စွယ်စုံရ အရည်အသွေးရှိ ကစားသမားဖြစ်ကာ လက်ရှိ One Championship ပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားအဖြစ် ရောက်ရှိလာသူဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *