Headlines

“CHO ၏သဘောထားကိုပြောရမည်ဆိုလျှင် ချင်းတော်လှန်ရေးအဖွဲ့များအကြားပဋိပက္ခ ဖြစ်ပွားမှုသည် ချင်းပြည်နယ်ကျန်းမာရေးစောင့်ရှောက်မှုနှင့်ချင်းကျန်းမာရေးဝန်ထမ်းများအပေါ်တွင် ဆိုးရွားစွာအကျိုးသက်ရောက်မှုရှိသည်။” Interview with Chin Health Organization (CH0)

Chin World Media

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ချင်းပြည်နယ်က ဆရာဝန်တွေ/သူနာပြုဆရာ/ဆရာမ တွေ/ပညာရှင်တွေဟာ ချင်းပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှုဆက်ပေးနိုင်ဖို့အတွက် ချင်းကျန်းမာရေးအဖွဲ့ (CHO)ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာဖွဲ့စည်းခဲ့ပါတယ်။

CHOရဲ့ ၄ နှစ်တာကာလအတွင်း ချင်းပြည်အတွင်း ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအခက်အခဲများနဲ့ ချင်းလက်နက်ကိုင် အဖွဲ့အချင်းချင်း အကြား ပဋိပက္ခ ဖြစ်ပွားလာမှုကြောင့် CHO ရဲ့ ပြည်သူ့ဝန်ဆောင်မှုအတွက် အတားအစီး၊ အ‌နှောက်အယှက် ဘယ်လိုဖြစ်နေလဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး CHO အဖွဲ့အစည်းကို Chin World Media အနေနဲ့ စာဖြင့်ဆက်သွယ်မေးမြန်းထားပါတယ်။

CW-CHO စတင်ဖြစ်ပေါ်လာပုံနဲ့လုပ်ငန်းဆောင်ရွက်နေမှုတွေကိုပြောပြပေးလို့ရမလား။?

CHO-CHO ကို ၂၀၂၁ နိုဝင်ဘာလ ၆ ရက်နေ့တွင် အတည်ပြုဖွဲစည်းခဲ့ပါသည်။အာဏာသိမ်းမှုကိုဆန့်ကျင်သောချင်းကျန်းမာရေးဝန်ထမ်းများ၊ အကြံပေးပုဂိုလ်များနှင့် ကျန်းမာရေးနယ်ပယ်တွင်ဆောင်ရွက်နေကြသောNGOINGOဘက်မှပညာရှင်များဖြင့်ဖွဲစည်းခဲ့ကြပါသည်။

အဓိကပြိုလဲသွားသောချင်းကျန်းမာရေးစနစ်ကိုပြန်လည်အသက်သွင်းရန်နှင့်ပြည်သူလူထုများကျန်းမာရေးစောင့်ရှောက်မှုမလစ်ဟင်းသွားစေရန်ရည်ရွယ်သည်။အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ဆေးရုံအဆင့်ကုသရေးလုပ်ငန်း များကိုအဓိကထားလုပ်ဆောင်ကြပါသည်။

CW-အဓိကဘယ်လိုဒေသတွေမှာ၊လူဦးရေဘယ်လောက်ဝန်းကျင်ကိုကျန်းမာရေးဝန်ဆောင်မှုကိုဘယ်လိုအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေလဲ။?

CHO-အချို့မြို့ပေါ်နှင့်လုံခြုံရေးအရဆောင်ရွက်ရန်အဆင်မပြေသောကျေးရွာအချို့မှအပချင်းပြည်နယ်မြိုနယ် အားလုံးတွင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါသည်။ခန့်မှန်းလူဦးရေပေါင်း ၃၄၈၁၉၇ နှင့်ကျေးရွာပေါင်း၁၀၉၁ရွာတွင်ဆောင်ရွက်နေပါသည်။ချင်းပြည်နယ်အတွင်းရှိမြို့နယ်ဒေသအဆင့်နှင့်ပြည်နယ်အဆင့်မိတ်ဖက်အဖွဲအစည်းများ၊ချင်းပြည်နယ်အတွင်းနှင့်ချင်းပြည်နယ်ပြင်ပရှိကျန်းမာရေး စောင့်ရှောက်မှုပေးနေသောမိတ်ဖက်အဖွဲအစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်နေပါသည်။

CW- CHO အနေနဲ့ လုပ်ငန်းစတင်ဆောင်ရွက်မှုကစလိုလက်ရှိအချိန်ထိ ချင်းပြည်သူတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုဘယ်လောက်များလုပ်ပေးခဲ့ပြီးပြီလဲ?ကြုံတွေ့ရတဲ့အခက်အခဲစိန်​ခေါ်မှုက ဘာတွေဖြစ်မလဲ။?

CHO-CHOအနေဖြင့်၂၀၂၂အစပိုင်းမှစ၍အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကိုဆေးရုံဆေးခန်းနှင့်ရွေ့လျားဆေးအဖွဲများဖြင့်မြို့နယ်၇မြိုနယ်တွင်စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်(တွန်းဇံနှင့်ပလက်ဝ မြို့နယ်တွင် ထိုအချိန်ကလူသားအရင်းအမြစ်ရှားပါးမှုနှင့်အခြားအခြေအနေအမျိုးမျိုးကြောင့်စတင်နိုင် ခဲ့ခြင်းမရှိပါ)။ ၂၀၂၃တွင်မြို့နယ်အားလုံးတွင် လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ကြပါသည်။၂၀၂၃ ခုနှစ်မှစတင်၍ချင်းပြည်နယ်တစ်ဝှမ်း ကာကွယ်ဆေးထိုးလုပ်ငန်းများစတင်နိုင်ခဲ့ပါသည်။

၂၀၂၃တွင်ငါးနှစ်အောက်ကလေးများနှင့်ကိုယ်ဝန်ဆောင်ပေါင်း၁၄၀၀၀ခန့်ကိုကာကွယ်ဆေး၁၃မျိုးစတင်ထိုးနှံ နိုင်ခဲ့ကြသည်။ ၂၀၂၄ခုနှစ်မှစတင်၍ အိတ်ချ်အိုင်ဗီ၊ တီဘီလူနာများကိုလည်းစတင်ကုသနိုင်ခဲ့ကြပါသည်(ထိုမတိုင်မီဆေးဝါးများရရှိနိုင်သောနေရာများသိုသာလွှဲပြောင်းနိုင်ကြသည်)။ကျောင်းကျန်းမာရေးနှင့်အာဟာရဆိုင်ရာလုပ်ငန်းများ၊အရေးပေါ်အစုလိုက်အပြုံလိုက်ကူးစက်ရောဂါ ဖြစ်ပွားမှုများကိုလည်းတုံ့ပြန်ဆောင်ရွက်နေကြပါသည်။

မသန်စွမ်းလူနာများနှင့်စိတ်ကျန်းမာရေးဆိုင်ရာပြုစုကုသရန်လိုအပ်သောလူနာများအတွက်လည်းတတ်အားသမျှကုသဆောင်ရွက်ပေးနေပါသည်။ကျား/မ ဆိုင်ရာအကြမ်းဖက်ဖိနှိပ်မှုများ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအတွက်လည်းကာကွယ်စောင့်ရှောက်ကုသမှုများဆောင်ရွက်နေကြပါသည်။

ယခုအခါတွင်ဆေးရုံ၁၄ရုံ၊ဆေးခန်း၁၀ခုနှင့်ရွှေ့လျားဆေးအဖွဲ၁၄ဖွဲ့၊အရေးပေါ်ကူးစက်ရောဂါများတုံပြန် ရေးအဖွဲများနှင့်ကာကွယ်ဆေးအဖွဲများဖြင့်မြေပြင်တွင်ကျန်းမာရေးဝန်ထမ်းပေါင်း၅၀၀ကျော်ဖြင့်ကျန်းမာရေးစောင့်ရှောက်မှူပေးနေပါသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊လုံခြုံရေးအားနည်းမှု၊ဖုန်းအင်တာနက်လိုင်းများခက်ခဲမှုကြောင့်အလုပ်မတွင်မှု၊ဆေးဝါးဝယ်ယူသယ်ယူပိုဆောင်ရေးခက်ခဲမှု၊ဆေးဝါးများမလုံလောက်မှု၊အရေးပေါ်လူနာများလွှဲပြောင်းရာတွင်ခက်ခဲမှု၊အချို့နေရာများတွင်ဝန်ထမ်းများမလုံလောက်မှု၊လုပ်ငန်းလုပ်ဆောင်ရန်အတွက်ရံပုံငွေမလုံလောက်မှုနှင့်ဖြတ်တောက်ခံရမှုနှင့်ဝန်ထမ်းများကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာအားနည်းမှုစသည့်အခက်အခဲများရင်ဆိုင်ရပါသည်။

အချိုနေရာများတွင် နှစ်ဘက်ဒေသခံအဖွဲအစည်းများအကြားမသင့်မြတ်မှုကြောင့်ကျန်းမာရေးစောင့် ရှောက်မှုပေးရာတွင်နှင့်ဆေးဝါးများသယ်ယူရာတွင်နှောင့်နှေးကြန့်ကြာခက်ခဲမှု၊ ဝန်ထမ်းများသွားလာရာတွင်ခက်ခဲမှုများလည်းကြုံတွေ့ရပါသည်။လတ်တလောအခြေအနေတွင် ပြည်သူလူထုမှမိမိတို အိတ်စိုက်၍ ရောဂါများကုသရန်အတွက်ခက်ခဲကြသောအချိန်ဖြစ်၍အလှူရှင်အထောက်အပံ့များ ကိုသာ အဓိကမှီခိုအားထားနေရခြင်းသည်လည်းယခုလတ်လောအခြေအနေတွင်သာမကပဲ အနာဂတ်ကာလအတွက်ပါ စိုးရိမ်ဖို့ကောင်းသောအခြေအနေဖြစ်ပါသည်။


CW- လက်ရှိမှာ ပြည်သူတွေရဲ့ကျန်းမာရေးဝန်ဆောင်မှုဘယ်လောက်အရေးကြီးပြီး၊ဆရာတို့သိရသလောက်ပြည်သူတွေကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ဘယ်လောက်အရေးကြီးနေလဲ။?

CHO-ချင်းပြည်နယ်နေရာအများစုအတွက်ကျန်းမာရေးစောင့်ရှောက်မှုပြိုလဲခဲ့ခြင်းကြောင့်ပြည်သူများအနေဖြင့်ကာကွယ်ဆေး၊ငှက်ဖျားဆေး၊တီဘီ၊အိပ်ချ်အိုင်ဗီဆေးများမပြတ်လပ်ရန်နှင့်ကျန်းမာရေးစောင့်ရှောက် မှုများမလစ်ဟင်းရန်အထူးအရေးကြီးပါသည်။

ခေတ်ကောင်းသည်ဟုဆိုနိုင်သောယခင်၂၀၂၁ မတိုင်မီ ကပင်ချင်းပြည်နယ်သည်အာဟာရချို့တဲ့မှုနှုန်းနှင့်မိခင်နှင့်ငါးနှစ်အောက်သေဆုံးမှုနှုန်း အများဆုံး ဖြစ်ရာယခုလိုတိုင်းပြည်မငြိမ်သက်သည့်အခြေအနေမျိုးတွင်ပို၍အားစိုက်လုပ်ဆောင်ရန်လိုအပ်ပါသည်။

အရေးပေါ်ကူးစက်ရောဂါများကိုကာကွယ်တုံ့ပြန်ထိန်းချုပ်ရန်၊အာဟာရလုံလောက်စွာရရှိနိုင်ကြရန်၊ ကူးစက်တတ်သော၊မကူးစက်တတ်သောရောဂါများကိုကာကွယ်ထိန်းချုပ်ရန်၊ အထူးသဖြင့် ဖြစ်ပွားမှုနှုန်းပြန်လည်များပြားလာသောငှက်ဖျားရောဂါကိုကာကွယ်ထိန်းချုပ်ကုသရန်အရေးကြီးနေပါသည်။ပြည်သူများငွေကြေးခက်ခဲမှုကြောင့်ကျေးလက်မြေပြင်အထိကုသရန်နှင့် လိုအပ်ပါကလွှဲပြောင်းကုသရန် အတွက်လည်းအထူးလုပ်ဆောင်ရန်လိုအပ်နေပါသည်။

CW- တလောက Chin Medical CDM Network အနေနဲ့ ထုတ်ပြန်ချက်ထုတ်တာတွေ့ရတယ်။တော်လှန်ရေးကာလအတွင်းCDMNetworkရဲ့ ပြည်သူနဲ့ကျန်းမာရေးဆိုင်ရာရပ်တည်ချက်တွေတွေ့ရတယ်။ ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြားပဋိပက္ခဖြစ်ပွားလာမှုက ပြည်သူတွေရဲ့ကျန်းမာရေးဝန်ဆောင်မှုရဖို့ဘယ်လောက်သွားပြီး သက်ရောက်မှုအဟန့်အတားတွေဖြစ်သွားလဲဆိုတာ ပြောပြပေးလို့ရမလား။?

CHO-ချင်း Medical CDM Network အနေနှင့် ထုတ်ပြန်ကြေငြာတာတွေ့ပါသည်။ CHO ၏သဘောထားကိုပြောရမည်ဆိုလျှင် ချင်းတော်လှန်ရေးအဖွဲ့များအကြားပဋိပက္ခ ဖြစ်ပွားမှုသည် ချင်းပြည်နယ်ကျန်းမာရေးစောင့်ရှောက်မှုနှင့်ချင်းကျန်းမာရေးဝန်ထမ်းများအပေါ်တွင် ဆိုးရွားစွာအကျိုးသက်ရောက်မှုရှိသည်။ချင်းပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်ကျန်းမာရေး ဝန်ထမ်းများနှင့်ပြည်သူများအကြားတွင် ယုံကြည်မှုနည်းပါလာစေသည်။

ပြည်သူလူထုများသည်လည်း မိမိတိုအားပေးထောက်ခံသည့်တော်လှန်ရေးအဖွဲ့အသီးသီးရှိကြသောကြောင့် မိမိတို အားပေးထောက်ခံသည့်နယ်မြေများမှ မဟုတ်သောကျန်းမာရေးဝန်ထမ်းများမှကျန်းမာရေးဝန်ဆောင်မှုပေးကြပါကအားကိုးယုံကြည်မှုနည်းတတ်ကြသည်။ကျန်းမာရေးဝန်ထမ်းများ က နေရာဒေသမရွေးအဖွဲမစည်းမရွေး အယုတ်အလတ်မရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးလိုကြသော်လည်း အချိုနေရာများတွင်သံသယစိတ်များမှု၊ လက်ခံနိုင်ခြင်းအားနည်းမှုများရှိတတ်သည်။

ထို့အပြင်ဒေသခံအဖွဲအစည်းများအချင်းချင်းအကြား တင်းမာမှုကြောင့် ကျန်းမာရေးဝန်ဆောင်မှုများ အားနည်းခြင်း၊ ခရီးသွားလာရာနှင့် ဆေးဝါးများသယ်ယူပိုဆောင်ရာတွင်လည်း အတားအဆီးအခက်အခဲများကြုံတွေ့ရခြင်းစသည့် ပြဿနာများရှိပါသည်။ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်းအချင်းချင်းတိုက်ခိုက်မှုများကြောင့်စိတ်ဓာတ်ရေးရာများလည်းထိခိုက်မှုရှိသည်။ကျန်းမာရေးဝန်ထမ်းအချင်းချင်းကြား စည်းလုံးညီညွတ်မှုလည်း အနည်းနှင့်အများထိခိုက်လာလျှင် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများအားနည်းသွားနိုင်သည်။


CW- ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုပိုမိုရရှိနိုင်ဖို့ ဘယ်​​အချက်တွေရဖို့အရေးကြီးလဲ။ သက်ဆိုင်သူတွေအပေါ်ကော ဘာများပြောချင်/မှာချင်တာရှိလဲ ။?

CHO-ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှူရရှိရန်အတွက် လက်ရှိဝန်ဆောင်မှုပေးနေသောဝန်ထမ်း များကအရေးကြီးသည်။ ၄င်းတိုသည် အာဏာသိမ်းချိန်မှစ၍မိမိတိုရာထူးလုပ်ပိုင်ခွင့်များကို စွန့်လွှတ်၍ ကျားကုတ်ကျားခဲဖြင့်ရရှိသည့်အရင်းအမြစ်များပေါ်တွင်မူတည်၍ တတ်နိုင်သမျှ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။ လူသားအရင်းအမြစ်မရှိပဲ ဝန်ဆောင်မှုမပေးနိုင်ခြင်းကြောင့်မိိမိတို ပြည်နယ်/မြို့နယ်ဒေသအတွင်းရှိနေသောကျန်းမာရေးလုပ်သားအရင်းအမြစ်ကိုဆုံးရှုံးမသွားအောင်ဝိုင်းဝန်းထိမ်းသိမ်းကြဖို့လိုပါသည်။လွတ်လပ်စွာသွားလာ၍ ဆေးကုသခွင့် ၊ကာကွယ်ဆေးထိုးခွင့်နှင့်ဆေးဝါးများသယ်ယူခွင့်ရရန်လိုအပ်သည်။နှစ်ဘက်တင်းမာမှု၊ထိတွေ့မှုရှိသောအဖွဲအစည်းများအနေ ဖြင့်လည်း ကျန်းမာရေးဝန်ထမ်းများကို အထက်ပါဖော်ပြချက်များအရ လွတ်လပ်စွာကျန်းမာရေးစောင့်ရှောက်မှုကိုခွင့်ပြုပေးရန်နှင့်ဝိုင်းဝန်းပံ့ပိုးပေးကြရန်လိုအပ်ပါသည် ။

CHOကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်းဘက်လိုက်မှုမရှိသည့် မူဝါဒကိုဆုပ်ကိုင်၍ပြည်သူလူထု၏ကျန်းမာရေးကိုသာအဓိကဦးစားပေးလုပ်ဆောင်နေပါသည်။တင်းမာမှုရှိကြသော ဒေသခံအဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုရရှိနိုင်ကြရန်လိုလားပါသည်။

ပြည်သူလူထုအနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်နိုင်ငံရေးပရောဂများမပါဘဲ ကျရာကဏ္ဍတွင်ဝိုင်းဝန်းကူညီပံံပိုးပေးကြရန်အထူးပင်မေတာရပ်ခံအပ်ပါသည်။ ချင်းတော်လှန်ရေးအဖွဲ့များနှင့်ကျန်းမာရေးဝန်ထမ်းများအကြား၊ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအကြားအချင်းချင်းယုံကြည်မှု ၊ အပြန်အလှန်လေးစားမှုနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှုများသည်အလွန် အရေးပါ၍ အလွန်ပင်လိုအပ်နေသော အရာများဖြစ်ကြောင်းသတင်းစကားပါးလိုပါသည်။၄င်းအပြင် ဆေးဝါးများပြတ်တောက်ခြင်းမရှိဘဲ လုံလောက်စွာရရှိနိုင်မှုနှင့်​ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်း များ၏လုံခြုံမှုမှာလည်းအထူးအရေးကြီးကြောင်းပြောကြားလိုပါသည်။

လက်ရှိဒေသခံအဖွဲအစည်းများအကြား ပဋိပက္ခများ မငြိမ်သေးတဲ့ကာလအတွင်း ကျန်းမာရေးဝန်ထမ်းနဲ့ ကျန်းမာရေးလုပ်ငန်းများကို politicize မလုပ်ကြရန်လဲလိုပါသည်။Political Credit အတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အသုံးချကြပါကလူထုအတွက်လက်လှမ်းမီဖို့ အဟန့်အတား ဖြစ်စေပါသည်။ ​ပြည်သူလူထု၏မျက်နှာနှင့်အနာဂတ်ကိုငဲ့ညှာထောက်ရှုသောအားဖြင့် စည်းလုံး ညီညွတ်မှုနှင့်ရှေ့ဆက်နိုင်ကြရန်အထူးပင်တိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *