Headlines

CDF – Kanpetlet ကတာဝန်ပေးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကလွဲရင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လက်ဝယ်ပိုင်ဆိုင်ထားရှိသူတွေကို အရေးယူမယ်လို့ CDF – Kanpetlet က ထပ်မံ သတိပေး

ဩဂုတ်လ ၆ ရက်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကို CDF – Kanpetlet ကတာဝန်ပေးအပ်ခံရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှအပ တိုက်ခိုက်ရေးမောင်းပြန် ရိုင်ဖယ်အမျိုးမျိုး ၊ စစ်သုံးကျည်ဆံအမျိုးမျိုး၊ ဖောက်ခွဲရေးပစ္စည်း အမျိုးမျိုး၊ စကားပြောစက်အမျိုးမျိုး ၊ ဒရုန်းနဲ့ စက်ဘက်ဆိုင်ရာသုံး မည်သည့်ပစ္စည်းမဆို တရားမဝင်လက်ဝယ် ပိုင်ဆိုင်ထားရှိတာ၊ ရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ဖို့နဲ့ အကယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိရင် စစ်ဘက်ဆိုင်ရာ ဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေး အရေးယူဆောင်ရွက်သွားမယ်လို့ ထပ်မံသတိပေးတဲ့ကြောင်း သြဂုတ်လ ၆ ရက်နေ့မှာ CDF – Kanpetlet ကထုတ်ပြန်ပါတယ်။

လက်ရှိကန်ပက်လက်မြို့နယ် CDF – Kanpetlet ထိန်းချုပ်ဧရိယာအတွင်း နယ်မြေတည်ငြိမ် အေးချမ်းမှုမရှိစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပြည်သူတစ်ချို့ကို တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်တွေ Short Gun တွေ ဆက်သွယ်ရေး၊ အိုင်ဂွင်တွေတပ်ဆင်ပေးတာတွေကို CNF/ CNA က လုပ်ဆောင်နေတာကိုလည်း တွေ့ရတယ်လို့လည်း CDF – Kanpetlet ကထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ဖို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ကတည်းက စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကို CDF – Kanpetletတပ်ဖွဲ့က တာဝန်ပေးခြင်းခံရတဲ့ လူပုဂ္ဂိုလ်မှအပ ဘယ်လူပုဂ္ဂိုလ် အဖွဲ့အစည်းမှ လက်ဝယ်ထားရှိခြင်း၊ရောင်းဝယ်ဖောက်ကားခြင်း မလုပ်နိုင်ဖို့ အသိပေးထုတ်ပြန်ထား ကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။

CDF – Kanpetlet တပ်ဖွဲ့ဟာ ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး ကန်ပက်လက်မြို့နယ်ကို ထိန်းချုပ်ထားတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *