

ဩဂုတ်လ ၂၀ ရက်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမည့် အာဏာသိမ်းစစ်ကောင်စီ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တဲ့ မြို့နယ် (၁၀၂) ခုမှာ ချင်းပြည်နယ်က ဟားခါး နှင့် တီးတိန်
မြို့နယ်နဲ့စစ်ကိုင်းတိုင်းမှ ကလေးနဲ့တမူးမြို့နယ်များ ပါရှိကြောင်း စစ်ကောင်စီ ခန့်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရသိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်မည့် မြို့နယ် စာရင်းတွင် ချင်းလူမျိုး အများအပြား နေထိုင်ရာ ဖြစ်တဲ့ ချင်းတောင်ခြေ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်နဲ့တမူးမြို့နယ်လည်း ပါဝင် ခဲ့ ပါတယ်။
ယင်း အပြင် ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတိုနှင့် စပ်လျဉ်းတဲ့ နေ့ရက်များကိုလည်း ဩဂုတ်လ ၂၀ ရက်နေ့မှ ကြေငြာခဲ့ပြီး လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို စက်တင်ဘာ လ ၈ ရက် က စပြီး တင်သွင်း နိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်း ရမည် ဖြစ်ကြောင်း၊ PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့ ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ဦးအတွက် အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းပါက စက်တင်ဘာလ ၁၃ ရက် မှ ၁၇ ရက်အတွင်း အစားထိုး ပြန်လည် တင်သွင်းနိုင်မည် ဖြစ်ကြာင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို စက်တင်ဘာလ ၁၈ ရက် မှ အောက်တိုဘာ လ ၄ ရက် အထိ စိစစ်သွားမည် ဖြစ်ကြောင်း ပါရှိ ခဲ့ပါတယ်။
နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီးကြောင်း ကော်မရှင်သို့ နောက်ဆုံးတင်ပြရမည့်နေ့ရက် အဖြစ် စက်တင်ဘာလ ၇ ရက်နေ့ကို သတ်မှတ်လိုက်တယ် လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ အမိန့်ကြေငြာစာ မှာ ဖော်ပြထား ပါတယ်။
ရွေးကောက်ပွဲ ယှည်ပြိုင်မယ့် ပါတီများ အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉ဝ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀ ရမည် ဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး သုံးပုံတစ်ပုံ၌ ပါတီရုံးခန်း ဖွင့်လှစ်ရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမည် ဖြစ်ပြီး ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌ ပါတီ ရုံးခန်းဖွင့်လှစ် ရမည် ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ အရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အမိန့်ကြေငြာစာမှာ ပါရှိပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ခူမီးအမျိုးသားပါတီ (KNP)၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) နှင့် ဇိုမီးအမျိုးသားပါတီ (ZNP) တို့ နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်ထား ရရှိခဲ့ကြပြီ ဖြစ်ပါတယ်။
