Headlines

“အိန္ဒိယနိုင်ငံ၏ တက္ကသိုလ်များတွင် CHO-HRH SCHOLARSHIP ဘွဲ့ကြိုပညာသင်ဆုဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များသင်ကြားနိုင်ပြီ”

ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ကြေညာချက်

.

💊💉🧪ကျန်းမာရေးဆိုင်ရာ လူသားရင်းမြစ် (HRH – Human Resources for Health) ပညာသင်ဆုပရိုဂရမ်🔬🩻

🔹 မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး အသက်မွေးဝမ်းကြောင်း ရှာဖွေနေသော ကျောင်းသားများအတွက် ပညာသင်ဆုများ ရရှိနိုင်ကြောင်း CHO (Chin Health Organization) မှ ဝမ်းမြောက်ဝမ်းသာ ကြေညာအပ်ပါသည်။

.

🔹 ဤပညာသင်ဆုသည် ကျန်းမာရေး ဝန်ဆောင်မှု အရောက်နည်းပါးသော ရပ်ရွာများအတွက် ကျွမ်းကျင်သော ပညာရှင်များ မွေးထုတ်ပေးဖို့အတွက် ရည်ရွယ်ပါသည်။

.

🔹 လျှောက်ထားသူများသည် အောက်ဖော်ပြပါ eligibility criteria (ပြည့်မီရမည့် စံသတ်မှတ်ချက်များ) နှင့် ကိုက်ညီရမည်ဖြစ်ပြီး ဤပညာသင်ဆုသည် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားရေးအတွက်သာ အကျုံးဝင်ပါသည်။

.

👩‍🎓ရရှိနိုင်သော ပညာသင်ဆုများ:

💉Nursing: 10 awards

👩‍🦽Physiotherapy: 2 awards

🩼 Prosthesis and Orthotics: 2 awards

🩻 X-ray Technology: 2 awards

🔬Laboratory Technology: 2 awards

.

✍️ပညာသင်ဆု အစီအစဉ်

.

⭐️ဤပညာသင်ဆုက ပညာသင်နှစ်တစ်နှစ်တာအတွက် အကျုံးဝင်မည်ဖြစ်ကာ၊ ကျောင်းလခ (တက်ရောက်သောကျောင်းသို့ တိုက်ရိုက်ပေးချေမည်)၊ အဆောင်ခ၊ ပညာသင်ရာ တက္ကသိုလ်ကျောင်းမှ ကောက်ခံသည့် စာရေးကိရိယာကုန်ကျစရိတ်၊ ကျောင်းယူနီဖောင်းနှင့် စားစရိတ်တို့ ပါဝင်သည်။

.

⭐️ဤပညာသင်ဆု အစီအစဥ်တွင် ပညာသင်ယူရမည့် နေရာသို့သွားရောက်ရန် ခရီးစရိတ်၊ ကိုယ်ပိုင်အသုံးစရိတ်များ သို့မဟုတ် ပညာသင်သည့်ကျောင်းမှ ကောက်ခံခြင်းမရှိသည့် အခြားကုန်ကျစရိတ်များ မပါဝင်ပါ။

.

⭐️ပညာသင်နှစ်ကုန်တွင် ဆုရရှိသူ၏ အခြေအနေကို ပြန်လည်သုံးသပ်ပြီး နောက်နှစ်အတွက် ဆက်လက်ပေးအပ်ရန် ပညာရေး ထူးချွန်မှုနှင့် ပြည့်မီရမည့် စံသတ်မှတ်ချက်များ ဆက်လက်ပြည့်မီခြင်းရှိမရှိအပေါ် အခြေခံ၍ ထည့်သွင်းစဉ်းစားပေးမည်ဖြစ်သည်။

.

🚨🚨ပြည့်မီရမည့် စံသတ်မှတ်ချက်များ

CHO ၏ HRH ပညာသင်ဆုအတွက် လျှောက်ထားမည့်သူများမှာ အောက်ပါစံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်-

.

✅၁။ အိန္ဒိယ သို့မဟုတ် မြန်မာနိုင်ငံမှ ၁၂ တန်း (သိပ္ပံဘာသာတွဲ – ဓာတုဗေဒ၊ ရူပဗေဒ နှင့် ဇီဝဗေဒ) အောင်မြင်ခဲ့ပြီးသော ချင်းကျောင်းသားဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး စုစုပေါင်းအမှတ် ၄၀% (ဆိုလိုသည်မှာ အမှတ် ၁၀၀ တွင် အမှတ် ၄၀) ရရှိရမည်ဖြစ်ပါသည်။

.

✅၂။ တက္ကသိုလ်ဝင်ခွင့်မရရှိမီတွင် အသက် ၁၇ နှစ်မှ ၃၀ နှစ်အတွင်း ရှိရမည်ဖြစ်ပါသည်။

.

✅၃။ ပညာသင်ဆုလျှောက်ရာတွင် တင်ရမည့် အရာများ –

က။ အချက်အလက်အစုံ ဖြည့်ထားသော ပညာသင်ဆုလျှောက်လွှာ

ခ။ Personal statement essay များ၊

ဂ။ ၁၂ တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်း

ဃ။ မိမိကို ထောက်ခံပေးမည့်သူ နှစ်ဦးထံမှ ထောက်ခံစာ နှစ်စောင်

င။ မကြာမီက ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံ

စ။ (ကျောင်းလျှောက်ပြီးဖြစ်ပါက) လျှောက်ထားပြီးသော ကျောင်းမှ ဝင်ခွင့်ရရှိကြောင်း စာ

.

✅၄။ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု

က။ CHO မှ စီစဉ်ပေးသော ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ စာမေးပွဲကို ဖြေဆိုရန်၊ သို့မဟုတ်

ခ ။ လတ်တလော အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာ စာမေးပွဲ ဖြေဆိုထားပါက ရလဒ်ကို တင်ပြရန် (ဥပမာ – IELTS, TOEFL, Duolingo)

.

✅၅။ ဘွဲ့ရပြီးနောက် ချင်းပြည်နယ်အတွင်း ဝေးလံခေါင်းပါးခက်ခဲသည်ဟု သတ်မှတ်ထားသော နေရာများတွင် တာဝန်ထမ်းဖို့ ကတိပြုမည့် bond စာချုပ်တွင် လက်မှတ်ရေးထိုးလိုသူဖြစ်ရမည်

က။ ဒီပလိုမာ ရရှိသူများ – ၂ နှစ်ခွဲ

ခ ။ Bachelor ဘွဲ့ ရရှိသူများ – ၃ နှစ်

.

✅၆။ ရွေးချယ်ခံရပါက ကျောင်းမတက်မီ လေ့ကျင့်ရေးသင်တန်း (ဥပမာ- ယဉ်ကျေးမှုဓလေ့ ရင်းနှီးကျွမ်းဝင်လာရေး၊ အင်္ဂလိပ်ဘာသာစကား စသည်တို့) ကို CHO မှ စီစဉ်ပေးမည်ဖြစ်ကာ ထိုသင်တန်းကို တက်ရောက်ပြီးမြောက်ရပါမည်။

.

✅၇။ ပညာသင်ကြားမှုအတွက် လိုအပ်သော အောက်ပါ အထောက်အထားစာရွက်စာတမ်းများ ရှိရမည်-

.

အိန္ဒိယတွင် အတန်း (၁၂) ပြီးစီးသူများအတွက်

✳️မဖြစ်မနေလိုအပ် – Aadhaar ကတ်၊ Permanent Account Number (PAN) ကတ်နှင့် Migration Certificate။

.

✳️ရှိပါကတင်ပြရန် – Permanent Residency Certificate၊ Admit Card/မွေးစာရင်း၊ လူမျိုးစုလက်မှတ်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ။

.

မြန်မာနိုင်ငံတွင် အတန်း (၁၂) ပြီးစီးသူများအတွက်

✳️အနည်းဆုံး ၆ လကျန်ရှိသော တရားဝင်နိုင်ငံကူးလက်မှတ် လိုအပ်သည်။ ကျောင်းသားဗီဇာအတွက် ကျောင်းနှင့် စီစဉ်ဆောင်ရွက်ရမည်။

(မှတ်ချက်: မပြည့်စုံသော လျှောက်လွှာများ သို့မဟုတ် စံသတ်မှတ်ချက် မပြည့်မီသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)

.

📲📑ပညာသင်ဆုလျှောက်ရမည့် နည်းလမ်းနှင့် ဆက်သွယ်ရန်

.

✳️အချက်အလက်အစုံ ဖြည့်ထားသော လျှောက်လွှာပုံစံနှင့် အထက်တွင် ဖော်ပြထားသော အထောက်အထား စာရွက်စာတမ်းအားလုံးကို အီးမေးလ်ဖြင့်သာ လျှောက်ထားရပါမည်။

✳️လျှောက်လွှာပုံစံနှင့် လျှောက်ထားရမည့် အီးမေးလ်လိပ်စာကို CHO ၏ official Facebook Page Messenger (https://m.me/chinhealthorganization) မှတဆင့် တောင်းခံရယူပါ။

✳️သြဂုတ်လ ၁၅ ရက်နေ့၊ ၂၀၂၅ ခုနှစ် နောက်ဆုံးထား၍ လျှောက်လွှာများကို တင်နိုင်သည်။

.

📌လူထုကျန်းမာရေးအတွက် တစိုက်မတ်မတ်အကျိုးပြုလိုသည့် ကျောင်းသားများအား လျှောက်ထားရန် ကျွန်ုပ်တို့ အလေးအနက်အားပေးလိုပြီး ကျန်းမာရေး ဝန်ဆောင်မှု အရောက်နည်းပါးသော ဒေသများတွင် တာဝန်ထမ်းဆောင်ဖို့ ကတိကဝတ်ပြုရပါမည်။

.

📌စံသတ်မှတ်ချက်ပြည့်မီသော ချင်းလူငယ်များအားလုံး လျှောက်ထား၍ရသော်လည်း ချင်းပြည်နယ်အတွင်း ဝေးလံခေါင်းပါးခက်ခဲသည်ဟု သတ်မှတ်ထားသော ဒေသများမှ ချင်းလူငယ်များကို ဦးစားပေးမည်။

.

📌အထူးသဖြင့် လူမှုစီးပွားရေးခက်ခဲသော ဒေသများ၊ ပညာရေးလက်လှမ်းမီမှု နည်းပါးသော သို့မဟုတ် ပဋိပက္ခနှင့်အခက်အခဲများ ရင်ဆိုင်နေရသော ကျောင်းသားများကို ဦးစားပေးမည်။

.

📌လျှောက်ထားသူများသည် ၎င်းတို့၏ လျှောက်လွှာတွင် သက်ဆိုင်ရာဒေသနှင့် အခက်အခဲဖြစ်သော အကြောင်းအရာများကို ထည့်သွင်းရမည်ဖြစ်သည်။

.

ဤကြေညာစာတွင် မပါသော အခြားသိလိုသည်များရှိပါက CHO ၏ official Facebook Page Messenger (https://m.me/chinhealthorganization) ကို ဆက်သွယ်ပါ။

.

#CHO

#HRH_Scholarship_CHO

Leave a Reply

Your email address will not be published. Required fields are marked *