Headlines

အာဏာသိမ်းမှုမှာပါဝင်တဲ့ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်မှု နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းကာလ ၃ ရက် သတ်မှတ်

ဩဂုတ်လ ၇ ရက်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ကာလုံအစည်းအဝေးကျင်းပကာ တိုင်းပြည်ကိုအရေးပေါ်အခြေအနေသတ်မှတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ ၃ ရပ် လွှဲပြောင်းပေးခဲ့သူ၊ စစ်အာဏာသိမ်းမှုမှာပါဝင်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့အတွက် ဩဂုတ် ၇ ရက်ကနေ ၉ ရက်အထိကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း အထိမ်းအမှတ်ကာလအဖြစ် ကြေညာထားကာ၊ဝမ်းနည်းကြောင်း ကြေညာထားတဲ့ ကာလအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအလံကို တိုင်ဝက်လျှော့ချပြီး လွှင့်ထူသွားကြဖို့ ညွှန်ကြားထားတယ်လို့အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေ အသက် ၇၄ နှစ် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဟာ ဒီကနေ့ဩဂုတ်လ ၇ ရက်နံနက် ၈နာရီ ၂၈ မိနစ်မှာ နေပြည်တော်အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ကုတင်၁၀၀၀)မှာ ကွယ်လွန်သွားကြောင်းအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူ လိုင် ၁၈ ရက်မှစတင်၍ နေအိမ်၌ဆေးခွင့်ဖြင့်အ နားယူကာ ဆေးကုသမှုခံယူနေခဲ့ရသော ယာယီသမ္မတဦးမြင့်ဆွေသည် လက်ရှိအချိန် ၌ အထူးစိုးရိမ်ဖွယ် ရာအခြေအနေဖြင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီက သြဂုတ် ၅ ရက်ကအသိပေးထုတ်ပြန်ခဲ့ပါတယ်။

ဦးမြင့်ဆွေဟာ ကြံ့ခိုင်ရေးပါတီအစိုးရ ခေတ်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်း ဆောင်ခဲ့ကာ၊ NLD အစိုးရ ခေတ်မှာ တပ်မတော်က တင်မြှောက်တဲ့ ဒုသမတ ၁ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *