Headlines

“အနာဂါတ်ချင်းလူငယ်မျိုးဆက်များထံသို့ပေးစာ”

Shing Gei Ngai

မိမိတို့ချင်းတောင်ဒေသမှာ ဇီဝမျိုးစုံမျိုးကွဲများ ထူးထူးခြားခြား ဖြစ်တည်တွေ့ရှိမှုကို ​ပြည်သူတွေကို သိစေချင်လို့ အသိပေးတော့ တစ်ချို့လူတွေဘာလဲ ဆိုတာသိချင်ကြတယ်၊တဖက်ကလည်း မတရား စီးပွားရေး လောဘသားတွေ ကိုလည်းကြောက်ရသေးတယ်၊ကျနော့်တို့ချင်းလူမျိုးများရဲ့အဖိုးတန် ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေ သဘာဝအမွေအနှစ် တွေကို စီးပွားရေး လောဘသားတစ်စုက မတရားသဖြင့် ကိုယ်ကျိုးအတွက် ပြည်တွင်း/ပကို ရောင်းစားကြလို့ ကုန်သ​​​​လောက်ဖြစ်နေပါပြီ၊ကိုယ့်ထမင်းထုပ် သူများကိုပေးလိုက်တော့စားစရာမရှိတော့ဘူး၊ရဟန်းစားရသောဆွမ်းတစ်နပ်လို ကုသိုလ်ရရင်တော့ကောင်းမှာပေါ့၊ကိုယ့်ဆီမှာပဲရှိတဲ့ ရှားပါးသစ်ခွကိုပါ ထိုင်းကို ခိုးရောင်းစားတာလည်းသိကြပါတယ်၊အပြစ်အရမ်းကြီးပါတယ်၊ကျနော်တို့ ထိန်းသိမ်းရေးသတင်းအချက်အလက်နဲ့ ပါတ်သက်လာရင် နိုင်ငံတကာကွန်ယက်ချိတ်ဆက်မှု ရှိတော့သိရတယ်၊ကိုယ်ကျိုးအတ္တသမား တွေကတော့ ကျနော့်ကိုမုန်းမှာပါ၊သတ်တောင်သတ်ချင်ခဲ့ကြတယ်၊

လွန်ခဲ့သော ၂၀၀၂ ခုနှစ်က မင်းတပ်ခရိုင် ခ ယ က ဉက္ကဌနဲ့အတူ နယ်ဆင်းခရီးအတူသွားကြတယ်၊ ချင်းအဖိုးကြီးက ခ ယ က ဉက္ကဌ ကိုလာကြိုတော့ သူက နတ်မတောင်အမျိုးသားဉယျာဉ်အုပ်ချုပ်ရေးမှူးပါဆိုပြီး​မိတ်ဆက်ပေးတယ်၊အဖိုးကြီးက သြော်ခင်ဗျားကို ဒီလောက်သတ်နေကြတာမသေသေးဘူးလားတဲ့၊ဟုတ်ကဲ့အဘမြင်တဲ့အတိုင်းပါပဲလို့ပြောတော့ရီလိုက်ကြရတယ်၊လက်ရှိပြည်သူအများ အတွက်သာမက အနာဂါတ်မျိုးဆက်တွေအထိကျနော်တို့ ကာကွယ်စောင့်ရှောက်ပေးနေတာပါ၊တကယ်တော့အင်မတန်ပင်ပန်းတဲ့အလုပ်ပါ၊သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကျိုးကြောင်းဆက်နွယ်ဖြစ်တည်မှုဟာ လူတိုင်းနားလည်ဘို့လည်း ခက်ခဲ နက်နဲ လွန်းပါတယ်၊ကိုယ့်ဒေသတွင်းရှိ ကမ္ဘာမှာထူးခြားတဲ့ဇီဝမျိုးစုံမျိုးကွဲများအဖိုးတန်မှု သိပ္ပံဆိုင်ရာ မျိုးစိတ်သစ်များအဖြစ် ခုလို များများစားစား ဖော်ထုတ်တွေ့ရှိဘို့ဆိုတာ ဘယ်သူမဆို စဉ်းစားကြည့်ပါ မလွယ်ကူပါဘူး၊ဂုဏ်ယူရမှာဘဲမဟုတ်ဘူးလား?၊

ဒီလိုအဖြေရဘို့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ အကူအညီမရဘဲလုပ်လို့မရပါဘူး၊သူတို့အကူညီရဘို့ဘယ်လိုလုပ်ခဲ့ရတယ် ဆိုတာ မပြောတော့ပါဘူး၊ဝန်ထမ်းများလည်း တစ်ယောက်မှ အားမနေခဲ့ရပါဘူး၊အပင်တစ်ပင်မျိုးခွဲဘို့ဆိုတာ ပဉ္စငါးပါး အားလုံးစုံရတယ်၊သီးချိန်ပွင့်ချိန်မတူဘူး သူ့အချိန်နဲ့သူ စောင့်ပြီးစုဆောင်းရတယ်၊အခြောက်ကင်ရတယ်၊သတင်းစာစက္ကူခံ ညှပ်နဲဖိ၊ပုံစံမပျက်အောင် အဆင့်များစွာအချိန် (၁၀)နှစ်ကျော်အချိန်ပေးလုပ်ခဲ့ကြရတာပါ၊နိုင်ငံတကာမျိုးခွဲပညာရှင်များ မျိုးခွဲဆုံးဖြတ်နိုင်ဘို့ နိုင်ငံတကာဉပဒေလမ်းကြောင်းနဲ့အညီထောက်ခံချက်အဆင့်ဆင် ့ရယူပြီး ပညာရှင်တွေဆီအရောက် သယ်ယူပို့ဆောင်ပေးရတယ်၊အပင်မျိုးစိတ်ပေါင်း (၂၅၀၀) မျိုးခွဲသိဘို့ ဘယ်လောက်လုပ်ရမယ်လဲဆိုတာ စဉ်းစားကြည့်ကြပေါ့၊ခေါနူးစုမ်အမျိုးသားဉယျာဉ်အတွင်း၊အနီးဝန်းကျင်ဒေသရှိတဲ့ အပင်မျ်ိုးစိတ်တစ်မျိုးမကျန်မျိုးခွဲဖော်ထုတ်နိုင်ခဲ့ကြတယ်၊သစ်တောအမျိုးအစားတူညီတဲ့အတွက်ချင်ပြည်နယ်တစ်ခုလုံးကိုယ်စားပြုပါတယ်၊

ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ?ကမ္ဘာပေါ်ရှိ ဇီဝကွဲပြားမှုအမျိုးမျိုးဖော်ပြကြပါတယ်၊တနည်းပြောရရင် ကမ္ဘာပေါ်ရှိိအပင်များ၊တိရစ္ဆာန်၊ပိုးမွှား အင်းဆက်များနှင့်​သေးငယ်သောအဏုဇီဝရုပ်များ၏သက်ရှိလက္ခဏာအမျိုးမျိုး၊၄င်းသက်ရှိဖွဲ့စည်းမှု ပါဝင်နေသောဂေဟဗ္လေ ဖွဲ့စည်းမှု စံနစ်များဖြစ်ပါတယ်၊ကမ္ဘာမြေကြီးနဲ့သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ ခိုင်မြဲရေးဟာ လူသားတို့ဘဝရှင်သန်​တည်မြဲဘို့ဖြစ်တာကြောင့် ထိန်းသိမ်းကာကွယ်ရတာဖြစ်ပါတယ်၊​​ ဇီဝမျိုးစုံမျိုးကွဲတွေ မရှိမဖြစ်လိုအပ်ပါတယ်၊၄င်းတို့အသုံးဝင်မှု အပြန်အလှန်အကျိုးသက်ရောက်မှုများ သေချာမသီခဲ့ကြလို့ ကမ္ဘာအနှံ့ မျိုးစိတ်အချို့ ပျောက်ကွယ်လုနီး ဖြစ်ခဲ့ရတယ်၊ကမ္ဘာပေါ်မှာဇီဝမျိုးစုံမျိုးကွဲများ သန်း (၈၀)ခန့်ထိရှိမယ်လို့ သိပ္ပံပညာရှင်များ ခန့်မှန်းပြီး ၄င်းထဲမှာ (၁.၅)သန်းခန့်ကိုသာ အမျိုးအမည် ခွဲခြား ဖော်ထုတ် နိုင်ခဲ့ကြသေးတယ်၊အကယ်၍ဇီဝမျိုးစုံမျိုးကွဲများကို ထိရောက်စွာကာကွယ်မှု မစွမ်းဆောင်နိုင်ရင် ၄င်းတို့ရဲ့အဖိုးတန်မှု မသ်ိရသေးခင် မျိုးစိတ်များစွာ ကွယ်ပျောက်သွားမှာသေချာတယ်၊ဒါကြောင့်နောင်လာနောက်သားများ အရေးဉီးစားပေး အမုန်း အငြိုး ခံပြီး မိမိတို့ရဲ့ သဘာဝပတ်ဝန်းကျင် ချိန်ခွင်လျှာမျှတဘို့ ဇီဝမျိုးစုံမျိုးကွဲများတန်ဘိုးရှိမှုတွေကို အတိုက်အခံလုပ်ပြီး တတ်အားသရွေ့ထိန်းသိမ်း ကာကွယ် စွမ်းဆောင်ဖေါ်ထုတ်နေရတာ ဖြစ်ပါတယ်၊

ကျနော်လည်းအသက်အရွယ်ရလာပြီ အနာဂါတ်လူငယ်မျိုးဆက်တွေကိုပြောချင်တာ ချင်းလူမျိုးများအတွက် မိမိတို့ရရှိပိုင်ဆိုင်ထားတဲ့သဘာဝအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးကြပါ၊မိမိတို့အနာဂါတ်မျိုးဆက်များအတွက် ထိန်းသိမ်းစောင့်ရှောက်ပြီး အသုံးပြုတတ်မယ်ဆိုရင် လူမှုဘဝဖွံဖြိုးတိုးတက်ရေးအတွက်ပါ တန်ဘိုး ရှိမှာပါ။

ရှိန်းဂေငိုင်း သဘာဝဝန်းကျင်နှင့်သားဌက်ထိန်းသိမ်းရေးအရာရှိ(ငြိမ်း) သစ်တောဉီးစီးဌာန

“Endemic to Khaw Nu Cung (Natmataung /Mt. Victoria)National Park both of Flora&Fauna”(ကမ္ဘာမှာခေါနူးစုမ်အမျိုးသားဉယျာဉ်တစ်နေရာတွင်သာတွေ့ရှိနိုင်တဲ့ သဘာဝအပင်နှင့်သားဌက်တ်ိရစ္ဆာန် အမည်စာရင်းများ)

A-Fauna Species(တောရိုင်းသားဌက်တိရစ္ဆာန်မျိုးစိတ်များ)
(1)White-browed Nuthatch(မျက်ခုံးမွေးဖြူ
ဌက်ပြာခြောက်)
(2)Burmese Tit (မြန်မာတစ်ဌက်)
(3)Victoria Babax( ဝိတိုရိယ ဝါးရောင်းဌက်)
(4)Calotes chincolium(ချင်းတောင်ပုတ်သင်)
(5)Amolops indoburmanensis(ကျောက်ဖားမျိုးစိတ်)
(6)Pytctolaemus collicristatus(ပုတ်သင်မျိုးစိတ်)
B-Flora Species(သဘာဝအပင်မျိုးစိတ်များ)
(1)Potentilla montisvictoriae H.Ikeda&H.Ohba(ပင်ပျော့မြေကပ်ပန်းမျိုးစိတ်)
​(2)Roscoea australis(​မြေကပ်ပန်းပင်မျိုးစိတ်)
(3)Aconitum jin-muratae Kadota&Nob.Tanaka(ပင်ပျော့တောပန်း)
(4)Sedum kingdonnii H.Ohba(ပင်ပျော့တောပန်း)
(5)Sedum victorianum C.-A.Jansson(ပင်ပျော့တောပန်း)
(6)Aria paucinerva(Merr.) H.Ohashi&Iketani(ချုံပင်)
(7)Coloneaster victorianum J.Fryer&B.Hylm(ချုံပင်မျိုးနွယ်)
(8)Eriobotrya glabrescens Var. Victoriensis J.E.Vidal(သစ်ပင်ကြီးမျိုးနွယ်)
(9)Rhododendron burmanicum Hutch.(တောင်ဇလပ်ဝါ)
(10)Rhododendron cuffeanum(တောင်ဇလပ်ဖြူ)
(11)Argostemma victorianum Nob.Tanaka(ပင်ပျော့တောပန်း)
(12)Galicum montisvictorae Ehrebd.&Schonb.-Tem.(ပင်ပျော့မျိုးနွယ်)
(13)Eranthemum macrophyllum Wall.ex Nees(ချုံပင်မျိုးနွယ်)
(14)Phlogacanthus insignis Kurz(ချုံပင်မျိုးနွယ်)
(15)Strobilanthes flava Kurz(ချုံပင်မျိုးနွယ်)
(16)Himalaiella natmataungensis K.Fujiawa(ဆူးချုံပန်းပင်မျိုး)
(17)Swertia burmanica(တောပန်းချုံပင်)
(18)Hyponodopsis spatulata,moss (ရေညှိမျိုးစိတ်)
(19)Phyalaenopsis Natmataungensis(သစ်ခွမျိုးစိတ်)
(20)Beilschmiedia globularia(အပင်လတ် သစ်ပင်)
(21)Vanda bensonii Batemam(သစ်ခွ)
(22)Boesenbergia maxwellii(မာလာမျိုးနွယ်)
(23)Globba racemonsa(မာလာမျိုးနွယ်)
(24)Hedychium Natmataungense(ရွှေပန်းမျိုးစိတ်)
(25)Thalictrum tamurae Kadota&Nob.Tanaka(တောရိုင်းပန်း)
(26)Crotalaria filiformis Wall.(ချုံပန်းမျိုးနွယ်)

Leave a Reply

Your email address will not be published. Required fields are marked *