Headlines

ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်ရာမြို့များမှာ စတင်ကျင်းပမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

ဩဂုတ်လ ၂၀ ရက်။

လာမည့် ၂၀၂၅ ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်းယမန်နေ့ ဩဂုတ်(၁၉)ရက်က မကွေးတိုင်း ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် အာဏာသိမ်းစစ်ကောင်စီရဲ့နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့ပါတယ်။

ယခုကျင်းပမည့်ရွေးကောက်ပွဲတွင်ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

လာမည် ၂၀၂၅ ဒီဇင်ဘာ(၂၈)ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်းလိုက်ထပ်မံကျင်းပမည် ရွေးကောက်ပွဲရက်ကိုလည်း ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်က ဩဂုတ်(၁၈)ရက်က အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *