Headlines

မြန်မာနိုင်ငံမှာ ရခိုင်လူငယ် ၆၀ % ၊ ရန်ကုန်တိုင်းမှာ လူငယ် ၅၁ % နဲ့ချင်းပြည်နယ်မှာ လူငယ် ၄၈ % က နိုင်ငံကနေ စွန့်ခွာလိုကြောင်း ဖြေဆိုတယ်လို့ UNDP ထုတ်ပြန်

သြဂုတ် ၁၂ ရက်။

မြန်မာနိုင်ငံမှာ အာရက္ခဒေသက ရခိုင်လူငယ် ၆၀ ရာခိုင်နှုန်းကျော်ဟာ အခွင့်အရေးရရင်ဒေသကိုစွန့်ခွာဖို့ ဆန္ဒရှိနေကာ၊ ရန်ကုန်တိုင်းမှာ လူငယ် ၅၁ ဒသမ ၇ ရာခိုင်နှုန်း၊ချင်းပြည်နယ်မှာတော့ လူငယ် ၄၈ ရာခိုင်နှုန်းက နိုင်ငံကနေ စွန့်ခွာလိုကြောင်း ဖြေဆိုတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ဒီ‌နေ့ သြဂုတ် ၁၂ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အတွက် ထုတ်ပြန်လာတာတဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံကနေ စွန့်ခွာလိုသူ ပဲခူးတိုင်းမှာ လူငယ် ၄၆ ဒသမ ၂ ရာခိုင်နှုန်း၊မွန်ပြည်မှာ ၄၂ ဒသမ ၁ ရာခိုင်နှုန်း၊မကွေးတိုင်းမှာ ၃၉ ဒသမ ၉ ရာခိုင်နှုန်း၊ကရင်ပြည်မှာ ၃၈ ဒသမ ၆ ရာခိုင်နှုန်း၊နေပြည်တော်၊ရှမ်း၊ကယားနဲ့ကချင်ပြည်တွေမှာ ၃၆ ရာခိုင်နှုန်း၊ဧရာဝတီတိုင်းမှာ ၃၄ ဒသမ ၆ ရာခိုင် နှုန်းနဲ့ မန္တလေးတိုင်းမှာ ၃၁ ဒသမ ၇ ရာခိုင်နှုန်းစီ ရှိကြတယ်လို့ UNDP ကဆိုပါတယ်။

UNDP က ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်းက လူငယ် ၇,၀၀၀ ကျော်ကို စာရင်းကောက်ယူမေးမြန်းရာမှာ အဲဒီထဲက ၄၀ ရာခိုင်နှုန်း က နိုင်ငံထဲမှာ ဆက်မနေလိုတာကို ပြောထားကြပါတယ်။

UNDP ရဲ့အစီရင်ခံစာအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လူ ၁၀ ဦးမှာ ၄ ဦးဖြစ်တဲ့ ၄၀ ရာခိုင်နှုန်းခန့် လူငယ် ၁၀ ဦးမှာ ၄ ဦးက နိုင်ငံထဲကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။

အဓိကအကြောင်းရင်းကတော့ အလုပ် အကိုင်အ ခွင့်အလမ်းရှားပါးတာ၊ပဋိပက္ခတွေ၊လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် လူငယ်တွေ ဒေသစွန့်ခွာဖို့ ဆန္ဒရှိနေကြတာလို့ UNDPရဲ့အစီရင်ခံစာမှာ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းက လူငယ် ၅၅ ရာခိုင်နှုန်းခန့်က နိုင်ငံဟာ မှားယွင်းတဲ့လမ်းကြောင်းပေါ် သွားတယ်လို့ ယုံကြည်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကိုထွက်ခွာသွားကြတဲ့လူငယ်ဟာ သုံးသိန်းမှငါးသိန်းကြားရှိနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *