
မလေးရှားနိုင်ငံမှာ အသက် ၄၁ နှစ်အရွယ် ချင်းအမျိုးသား ၁ ဦးဟာ သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက အဲကွန်းတပ်ဆင်ရင်း ၁၈ ထပ် အဆောက်အဦးကနေ ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပြီး ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာလည်း ကွာလာလမ်ပူမြို့ Bukit Bintang မှာ သေဆုံးလျက်ရှိတဲ့ အသက် ၃၂ နှစ်အရွယ် ချင်းအမျိုးသားအလောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
၁၈ ထပ်အဆောက်အဦးပေါ်ကနေ ပြုတ်ကျခဲ့တဲ့ Ko Timothy Ling Kee ဟာ မလေးရှားရောက် ချိုးကက်သလစ် ဘာသာသူများ(CRCA)မှ အထူးအားကိုးရတဲ့ အထူးအားကိုးရတဲ့သူ ဖြစ်ပြီး အသက်၄၁ နှစ်အရွယ် အိမ်ထောင်သည် သားသမီးရှိသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
သေဆုံးသွားတဲ့ Timothy Ling Kee နဲ့အတူ ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းရတဲ့ကြောင်းကိုလည်း မလေးရှားရောက် ချိုးကက်သလစ် ဘာသာသူများ CRCA က က ထုတ်ပြန်ထားပါတယ်။
အလားတူ ၂၀၁၄ ခုနှစ်ကနေ မလေးရှားနိုင်ငံရောက်လာတဲ့ Falam Christian Community – Malaysia ( FCC) အဖွဲ့ဝင် အသက် ၃၂ နှစ်အရွယ် Khan Za Lang ဟာလည်း ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာ သူနေထိုင်တဲ့ Bukit Bintang ရှိတနေရာမှာ သေဆုံးပြီးသူ့အလောင်းကို တွေ့ခဲ့ရတယ်လို့လည်း FCC ဖော်ပြချက်အရ သိရပါတယ်။
Khan Za Lang ဟာ ဖလမ်းမြို့နယ် Khuapawl ကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ရှိသူတစ်ဦးဖြစ်ပြီး သူသေဆုံးသွားတဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ ကျန်ရစ်မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့လည်း FCC က ဖော်ပြထားပါတယ်။