Headlines

ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ပါတီကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် မပါဝင်နိုင်ရန် ဖယ်ထုတ်ပြီး ရွေးကောက်ပွဲကျင်းပရန် ကြံစည်နေမှုအား ကန့်ကွက်တားဆီးပေးဖို့ အာဆီယံကို တောင်းဆို

သြဂုတ်လ ၃ ရက်။

လူထုယုံကြည်ထောက်ခံသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် မပါဝင်နိုင်ရန် ဖယ်ထုတ်ခြင်းနှင့် ရွေးကောက်ပွဲများတွင် ပြည်သူလူထုကို လွတ်လပ်စွာဆန္ဒမပြုနိုင်ရန် ဖိနှိပ်ချုပ်ချယ်သောဥပဒေများ ပြဋ္ဌာန်းလာခြင်းတို့ကြောင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ပေါ်ထွက်လာမည့် ရွေးကောက်ပွဲ မဟုတ်ကြောင်း၊ စစ်တပ်၏နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတု အယောင်ဟန်ပြရွေးကောက်ပွဲကျင်းပရန် ကြံစည်နေမှုအား ကန့်ကွက်တားဆီးခြင်းဖြင့် ပိုမိုရှုပ်ထွေး ဆိုးဝါးလာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒီက နေ့ သြဂုတ်လ ၃ ရက်မှာ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တန်စရီအော့သ်မန်ဟာရှင်ကို အကြောင်းပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပမည့် မြန်မာနိုင်ငံ ဆိုင်ရာ သက်ဆိုင်သူများအားလုံးပါဝင်သည့်အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တက်ရောက်ဆွေးနွေး ပေးပါရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ ပြည်ပခရီးသွားလာရေး အခက်အခဲများကြောင့် တက်ရောက်နိုင်မှာမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့စာမှာ ဖော်ပြထားပါတယ်။

အာဆီယံကိုပေးပို့တဲ့ NLD ပါတီရဲ့သဘောထားစာမှာ

၁။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်း အရဖြေရှင်းရမည် ဟုယုံကြည်ပါသည်။

၂။ မြန်မာ့ပြဿနာများ ပြေလည်စေရေးအတွက် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ကာ ကြိုးပမ်းဆောင်ရွက်နေမှုကို အသိအမှတ်ပြုကျေးဇူးတင်ပါသည်။

၃။ မြန်မာ့ပြဿနာများ ဖြစ်လာရခြင်း၏အရင်းအမြစ်သည် ထိုစဉ်က တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေကိုချိုးဖောက်ပြီး ရွေးကောက်ခံအရပ်သားပြည်သူ့အစိုးရထံမှ စစ်တပ်ကအာဏာသိမ်းလိုက် သည့်အတွက် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထို့ကြောင့် ပြဿနာအရင်းခံအကြောင်းဖြစ်သည့် စစ်တပ်၏ လုပ်ဆောင်ချက်မှန်သမျှကို အသိအမှတ်ပြုပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် လိုအပ်ပါ သည်။

၄။ ယခုအခါစစ်တပ်သည် အတုအယောင်ဟန်ပြရွေးကောက်ပွဲမှ လိုချင်သည့်ရလဒ် ထွက်ပေါ် လာအောင် လူထုယုံကြည်ထောက်ခံသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် မပါဝင်နိုင်ရန် ဖယ်ထုတ်ခြင်းနှင့် ရွေးကောက်ပွဲများတွင် ပြည်သူလူထုကို လွတ်လပ်စွာဆန္ဒမပြုနိုင်ရန် ဖိနှိပ်ချုပ်ချယ်သောဥပဒေများ ပြဋ္ဌာန်းလာခြင်းတို့ကြောင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ပေါ်ထွက်လာမည့် ရွေးကောက်ပွဲ မဟုတ်ကြောင်း ထင်ရှားနေပါသည်။

၅။ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတမှုမရှိသည့် စစ်တပ်၏နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတု အယောင်ဟန်ပြရွေးကောက်ပွဲကျင်းပရန် ကြံစည်နေမှုအား ကန့်ကွက်တားဆီးခြင်းဖြင့် ပိုမိုရှုပ်ထွေး ဆိုးဝါးလာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

၆။ ထို့အပြင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်လက်စွဲ ဥပဒေပါအခွင့်အရေးများနှင့် လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိစေသည့်အတွက် အကျဉ်းထောင်များအတွင်း သေဆုံးမှုူဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လာသည့်အပေါ် နိုင်ငံရေး အကျဉ်းသားများအား အာဆီယံအနေဖြင့် ကာကွယ်ပေးနိုင်မည့် အစီအစဉ်များချမှတ်ဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံပါသည်။

၇။ မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ဟု အခိုင်အမာယုံကြည်ပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရန်လိုအပ်ပါသည်။

၈။ စစ်တပ်၏ အရပ်သားပြည်သူလူထုအပေါ်ပစ်မှတ်ထား၍ လေကြောင်းမှဗုံးကြဲသတ်ဖြတ် နေမှုများ ရပ်တန့်ရန်အတွက်လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ပေးခြင်းသည် လူသား ချင်းစာနာထောက်ထားမှု အကူအညီများပေးပို့ခြင်းကဲ့သို့ ပိုမိုလုပ်ဆောင်သင့်သော အကြောင်းအရာ ဖြစ်ပါသည်။ လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နယ်မှာ ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ၉၂၀ (၈၂.၄%) အနိုင်ရရှိခဲ့ပါတယ်။ သို့သော်လည်း မဲစာရင်းမှားယွင်း နေ ကြောင်း မဲစာရင်းပြသနာ မ ဖြေရှင်း ပေးတာ ကြောင့်လို့ဆိုကာ တပ်မတော်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ၂၀၂၁ ဖေ ဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းယူခဲ့ပြီး NLDပါတီခေါင်းဆောင်များနဲ့ ပါတီဝင်အများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ၂၀၂၃ ခုနှစ်မှာ ပါတီပြန်မှတ်ပုံမတင်လို့ဆိုကာ NLD ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။

TOPSHOT – In this photograph taken late on November 9, 2015, supporters of Aung San Suu Kyi’s National League for Democracy (NLD) party gather outside the NLD headquarters in Yangon. Supporters of Aung San Suu Kyi’s pro-democracy party cheered early results from Myanmar’s historic election, with hopes boosted of sweeping gains to carry it to power after decades of military dominance. (Photo by ROMEO GACAD / AFP) (Photo by ROMEO GACAD/AFP via Getty Images)
TOPSHOT – A huge crowd gathers outside the headquarters of National League of Democracy (NLD) party displaying a huge portrait of Myanmar opposition leader Aung San Suu Kyi in Yangon on November 9, 2015. Aung San Suu Kyi’s opposition party on November 9, said they are on course to claim more than 70 percent of seats after Myanmar’s poll, a gain that could bring a major power shift from the military. (Photo by ROMEO GACAD / AFP) (Photo by ROMEO GACAD/AFP via Getty Images)
Supporters of the National League for Democracy (NLD) party celebrate in front of the party’s headquarters in Yangon on November 9, 2020, as NLD officials said they were confident of a landslide victory in the weekend’s election. (Photo by Ye Aung THU / AFP)

Leave a Reply

Your email address will not be published. Required fields are marked *