Headlines

ဒုက္ခသည်မဟာမင်းကြီး နဲ့ ချင်းဒုက္ခသည်ကော်မတီ မနက်ဖြန်တွေ့ဆုံဆွေးနွေးဖို့ရှိတာကြောင့် နယူးဒေလီရှိ မြန်မာဒုက္ခသည်တွေ ပူးပေါင်းပါဝင်ပေးဖို့ CRC တောင်းဆို

ဩဂုတ်လ ၆ ရက်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံတာ၀န်ခံ ဒုက္ခသည်မဟာမင်းကြီး ( UNHCR Chief Of Mission ) နဲ့ ချင်းဒုက္ခသည်ကော်မတီ ( CRC) ဦးဆောင်သူတွေ မနက်ဖြန် သြဂုတ်လ (၇) ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိတာကြောင့် နယူးဒေလီရှိ မြန်မာဒုက္ခသည်တွေ စည်းလုံးညီညွှတ်စွာရပ်တည်ကြောင်း ပြသဖို့ မြန်မာနိုင်ငံသားအားလုံး မပျက်မကွက် ပါဝင်ဆန္ဒပြကြဖို့ကို CRC က ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာ တောင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။

နယူးဒေလီမြို့ရှိ မြန်မာဒုက္ခသည်တွေဟာနယူးဒေလီ ဒုက္ခသည်မဟာမင်းကြီးရုံး(UNHCR-India ) ရှေ့မှာ ဒုက္ခသည်တွေ ရရှိသင့်တဲ့ အခွင့်အရေးတွေရဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့ အထိ ရက်ပေါင်း ၂၃ ရက်ရှိလာချိန် ဒုက္ခသည်မဟာမင်းကြီး ( UNHCR Chief Of Mission ) ဘက်က တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရရှိလာပါတယ်။

ဒီတွေ့ဆုံပွဲအတွက် နယူးဒေလီမြို့ရှိ ခရစ်ယာန်အသင်းတော်များမှ ဓမ္မအမှုဆောင်နှင့် အသင်းတော်ဦးဆောင်သူများ၊ ကွန်မြူနတီအသီးသီးမှ ကော်မတီဝင်များနှင့် ဦးဆောင်သူများ၊ UNHCR , SLIC , BOSCO မှ ဘာသာပြန်များ၊ မြန်မာဒုက္ခသည်များမှ ဖွင့်လှစ်ထားသော ဈေးဆိုင်ပိုင်ရှင်များ၊ အစိုးရကျောင်း ၊ ပုဂ္ဂလိကကျောင်း နှင့် ကွန်မြူနတီများက ဖွင့်လှစ်ထားသော ကျောင်းများမှ ကျောင်းသား ကျောင်းသူများအားလုံး လုပ်ငန်းခွင်အသီးသီးကနေ ခွင့်ယူပြီး လာရောက် ပါဝင် ပူးပေါင်း ဆန္ဒပြကြဖို့ကိုလည်း CRC အနေနဲ့ အသိပေး နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အဆက်ဆက်ဖိနှိပ်မှုနှင့် ၂၀၂၁ ခုနှစ်မှာထပ်မံ အာဏာသိမ်း ခဲ့မှုတွေကြောင့် အိန္ဒိယနိုင်ငံမှာ လူသောင်းချီတဲ့ စစ်ဘေးရှောင်ဒုက္ခသည် မြန်မာနိုင်ငံသားတွေ ခိုလှုံနေရလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *