
သြဂုတ်လ ၂၆ ရက်။
အာဏာသိမ်းစစ်ကောင်မရှင် လေတပ်မှ ဂျက်ဖိုက်တာဖြင့် ဩဂုတ် ၂၅ ရက်နေ့ နေ့လည် ၁နာရီခွဲ ခန့်မှာ တီးတိန်မြို့နယ် မွာလ်ဘင်းရွာ နှင့် ဇန်ဇောလ်ရွာ တို့ကို လည်းကောင်း၊ ညနေ ၄ နာရီခွဲခန့်မှာ ဟေလေးရွာကို လည်းကောင်း အသီးသီး ဗုံးကြဲချ ခဲ့ရာ ဇန်ဇောလ်ရွာနေ ကလေးငယ် တစ်ဦး ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့တယ် လို့ တီးတိန်ဒေသခံများရဲ့ ပြောပြချက် အရ သိရပါတယ်။
“မွာလ်ဘင်းရွာ နှင့် ဇန်ဇောလ်ရွာက ရွာနီးချင်းပါ။ အဲဘက်မှာ ဗုံး ၇ လုံး ချတယ်လို့ သိခဲ့ရ ပါတယ်။ ၅ လုံး ကွဲသွားတယ် လို့ သိရ တယ်။ အပျက်အစီး အသေးစိပ်ကိုတော့ ကျွန်တော်တို့လည်း အတည်မပြု နိုင်သေးဘူး။ မွာလ်ဘင်းရွာ ဘက်တော့ ထိခိုက်ပျက်စီးမှု သတင်း မကြားရသေးဘူး” လို့ မွာလ်ဘင်းရွာ နှင့် ဇန်ဇောလ်ရွာ အခြေအနေကို ဒေသခံတစ်ဦး က ပြောပြပါတယ်။
ညနေပိုင်းတွင် ဗုံးကြဲ တိုက်ခိုက်သည့် ဟေလေးရွာနဲ့ ပတ်သက်ပြီး တီးတိန် မြို့နေ ပြည်သူ တစ်ဦး ကတော့ “ဟေလေးရွာ ဘက်မှာတော့ လူနှစ်ဦး ဒဏ်ရာ ရရှိတယ်လို့ ကြားရတယ်။ မစိုးရိမ်ရဘူး လို့တော့ကြား ထားတယ်။ ကျွန်တော်တို့လည်း အတည်ပြုနိုင်ဖို့ ကြိုးစား နေဆဲပါ” လို့ မိမိတို့ ကြားသိခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့မှာ တီးတိန်မြို့နယ်အ ေခြစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PDF Zoland က မွာလ်ဘင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်ကော်မရှင်ထံ သတင်း ပေးပို့သူ အဖြစ် စွပ်စွဲ ဖမ်းဆီး ခဲ့ပြီး ၉ ရက်အကြာမှာ စစ်ကော်မရှင် လေတပ်မှ အခုလို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဒေသခံတချို့မှ သုံးသပ် ပြောဆို ထားပါတယ်။