

ဒီကနေ့ သြဂုတ်လ ၁၅ ရက်ညမှာ ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့မှာ ကျင်းပမယ့် သိုင်းပေါင်းစုံကိုယ်ခံပညာပြိုင်ပွဲ One Championship , One Friday Fight 120 မှာ ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ဂျပန်နိုင်ငံသားဖိုက်တာ Jurai Ishii တို့ ထိုးသတ်သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်နိုင်ငံသား Jurai Ishii တို့ဟာ ၁၂၀ ပေါင် ကက်ချ်ဝိတ်တန်း Muay Thai ပွဲစဉ်မှာ ထိုးသတ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။
ONE Friday Fights 120 ပွဲစဉ်ကို ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊Lumpinee Boxing Stadium မှာ ထိုင်းစံတော်ချိန် ၇ နာရီခွဲ(မြန်မာစံတော်ချိန် ည ၇ နာရီဝန်းကျင်)မှာ စတင်မယ်လို့ သိရပါတယ်။
ဒီညကစားမယ့်ပွဲဟာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး အတွက် One Championship စင်မြင့်ထက်မှာ ပထမဆုံးအကြိမ် ပွဲထွက် မှာဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဂျပန်ဖိုက်တာက One Championship ပြိုင်ပွဲမှာ ၂ ပွဲထိုးသတ်ထားပြီး ၂ ပွဲစလုံး အနိုင်ရရှိထားသူဖြစ်တယ်လို့လည်း သိရပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အာက်ချင်းလေး ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပြည်နယ်နဲ့ တိုင်းလက်ဝှေ့ချန်ပီယံဖြစ်ခဲ့ဖူးပြီး လက်ဝှေ့၊ ဂျူဒို၊ ဝူရှုးဆန်း တွေမှာလည်း စွယ်စုံရ အရည်သွေးရှိ ကစားသမားဖြစ်ပြီး လက်ရှိ One Championship ပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားအဖြစ်ရောက်ရှိလာသူဖြစ်တယ်လို့လည်း သိရပါတယ်။