


သြဂုတ်လ ၉ ရက်။
ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) မှာ အခြေခံစစ်ပညာသင်တန်း တက်ရောက်နေရင်း ရုတ်တရက် နေမကောင်းဖြစ်လို့ သင်တန်းသား ဆလိုင်းရဲမင်းနိုင်သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ CDF – Asho က သြဂုတ်လ ၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။
ဆလိုင်းရဲမင်းနိုင်ဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်ရန်အတွက် သင်တန်းတက်နေစဉ်အတွင်း နေမကောင်းဖြစ်လို့ ရုတ်တရက်ကျဆုံးခဲ့ရတာကြောင့် အခုလို ဆုံးရှုံးမှုဟာ ချင်းကာကွယ်ရေးတပ် – အရှိုအတွက် အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုဖြစ်ပြီး စုဆောင်းရေးကာလနှင့် သင်တန်းကာလအတွင်း ပေးအပ်လာတဲ့ တော်လှန်ရေးတာဝန်တွေကို အသက်နှင့် ခန္ဓာစွန့်ပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုအနေနဲ့ များစွာ ဂုဏ်ယူကြောင်းထုတ်ပြန်ထားပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) တပ်ဖွဲ့ဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ်တဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။