
ယခုရက်ပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်းနဲ့ အနီးအနားဝန်းကျင်တွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ ပတ်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဆက်ဖမ်းဆီးနေတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးမြို့ဒေသခံတစ်ဦးက “မြို့ထဲအခါတိုင်းက 4 # 4 ကားနဲ့ အမြဲတမ်းဖမ်းဖမ်းသွားတာတွေ့တယ် အခုနောက်ပိုင်း သိပ်မတွေ့ရဘူး သူတို့လူသိပ်မရဘူးနဲ့တူတယ် သူတို့က အမြဲလိုလိုလိုက်ဖမ်းတယ် ဟိုတနေ့ကလည်း အာင်သစ္စာနဲ့ အောင်ဇေယျကြားထဲမှာဖမ်းတယ် ညမှာ နောက်ပြီး ချမ်းမြေ့အောင်စည်ထဲက ၂ ယောက် ဆိုရင် ဖမ်းသွားတာ လိုက်ရွေးတာ ရွေးလို့ရခဲ့တယ် ၁ ယောက်က သိန်း ၆၀ ၊ နောက်တစ်ယောက်က ၆၅ သိန်း အဲလိုတွေ ပေးပြီး ရွေးကြတယ်ပြောတယ် ဖမ်းတာက အမြဲလိုလိုဖမ်းနေတာပဲ ကိုယ်သိတာလည်းရှိတယ် မသိတာလည်းရှိတယ် အရင်လောက်ကြီး ကားပေါ်မှာ လေး၊ငါးယောက် တင်သွားတာတွေ မတွေ့ရတာရှိပေမယ့် အမြဲတမ်းက ဖမ်းနေတာ သူတို့က” လို့ပြောပါတယ်။
ဒီကနေ့ဩဂုတ်လ ၄ ရက် မှာလည်း ကလေးမြို့တွင်း ၊တာဟန်း၊ မြို့အနောက်ပိုင်း ၊ မြို့လှ၊ တောင်သာ၊ တွေကို အိမ်စီးကားဖြူ ၁ စီး၊ စစ်တပ်ကား ၁ စီး ပတ်ပြီး လူဆွဲတာတွေ လုပ်နေကြတယ်လို့လည်း ဒေသခံတွေ ထံကနေ သိရပါတယ်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လာမယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၆ အတွက် သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေကို လိုက်လံဖမ်းဆီးနေတာတွေကို နိုင်ငံအနှံ့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။