HPO/ CDF – Hualngoram နဲ့ CNO / CNDF တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမယ်

ဇူလိုင်လ ၅ ရက်။

ဖလမ်းမြို့နယ်မှာ ဇူလိုင် ၂ ရက်ကစပြီးတောက်လျှောက် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ HPO/ CDF – Hualngoram တပ်ဖွဲ့နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) တို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ဟုတ်ပါတယ် မီဇိုရမ်အစိုးရလို့ဘဲပြောရမှာပေါ့ Adyocacy Group for peace (ငြိမ်းချမ်းရေးတွက် လှုပ်ရှားဆောင်ရွက်တဲ့အဖွဲ့) က ၂ ဖက်စလုံးကို ဆွေးနွေးကြမယ်ပေါ့လေ အဲလိုပုံစံနဲ့ သူတို့ဘက်ကနေ ကမ်းလှမ်းတဲ့ဟာရှိပါတယ် ဆိုတော့ ၂ ဦး နှစ်ဖက်ကြားမှာ သူတို့ဘက်ကနေ ကြားဝင်ဖြန်ဖြေပေးတဲ့ပုံစံဖြစ်တယ်။၂ ဦးနှစ်ဖက်တွေ့ဆုံပြီး ဘယ်လိုပုံစံနဲ့ ဒီအပစ်ခတ်ရပ်ဆဲတာတစ်ခုထဲမဟုတ်ဘဲနဲ့ ဘယ်လိုပုံစံနဲ့ ရှေ့ဆက်ဘယ်လိုသွားကြမလဲဆိုတဲ့ပုံစံမျိုးလည်း ပါနိုင်ပါတယ် ဘာတွေဆွေးနွေးကြမလဲဆိုတာကတော့ ဘာမှပြောလို့မရသေးဘူး” လို့ Chin World Media ကို ပြောပါတယ်။

HPO/ CDF – Hualngoram ကတာဝန်ရှိသူတစ်ဦးကလည်း “တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ဟာ အတည်ပြုလို့ရပါတယ် ဒါပေမယ့် ဆွေးနွေးမယ်သာပြောတာ အခုလည်း ဒီမနက်ကတည်းကနေ ကျနော်တို့ကို ထိုးစစ်ပြန်ဆင်နေကြတယ်” လို့ Chin World Media ကိုပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ဖုန်းလိုင်းအခက်ခဲတွေကြောင့် ဘာမှ မသိရသေးဘူးလို့ လည်းCNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ဒေသတွင်း ချင်းလက်နက်ကိုင် (၂) ဖွဲ့ဖြစ်တဲ့ Chinland Council အဖွဲ့ဝင် HPO/ CDF – Hualngoram နဲ့ ချင်းညီနောင်အဖွဲ့ဝင် CNO/CNDF တပ်ဖွဲ့တို့ဟာ ဟိုးအရင်အစောပိုင်းကတည်းကနေ နယ်မြေဒေသအငြင်းပွါးမှုတွေဖြစ်ခဲ့ကြရာကနေ စစ်ရေးတင်းမာမှုတွေထိ ဖြစ်ခဲ့ကြပြီး နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *