Headlines

၂၀၂၅ ရွေးကောက်ပွဲ ချင်းပြည်နယ်မှာ လုပ်နိုင်ပါ့မလား ??

Aung Lian

လုံခြုံရေးစိန်ခေါ်မှုကြားက စစ်ကောင်စီဟာ ချင်းပြည်နယ် ဟားခါး၊ထန်တလန်၊တီးတိန်မြို့နယ်ထိိန်းချုပ်နိုင်ပြီး ကျန်မြို့နယ်များကို ချင်းလက်နက်ကိုင်များကထိန်းချုပ်ထားနေဆဲပါ။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ပလက်ဝမြို့နယ်သည် တိုက်ပွဲအပြင်းထန်ဆုံးကာလဖြစ်၍ ရွေးကော်က မြို့ပေါ်ရပ်ကွက်ဘဲ မဲဆန္ဒနယ်သတ်မှတ်ခဲ့ပြီး ပလက်ဝမြို့နယ် မဲပေးဦးရေ ၅၀၀၀၀ကျော် ရှိပေမဲ့ မဲလာပေးသူတွေက ၄၀၀၀ကျော်နဲ့ အထမြောက်ကြောင်း အသိအမှတ်ပြုခဲ့သည်။

၂၀၂၅ရွေးကောက်ပွဲအတွက် ၂၀၂၀တုန်းက ပလက်ဝမြို့နယ်ကို အခြေခံပြီး ရွေးကောက်ပွဲမဖြစ်မနေလုပ်ရမဲ့သဘောဖြစ်ပါမည်။

ယခုပြင်ဆင်လိုက်တဲ့ ပြည်သူ့၊အမျိုးသား၊တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥပဒေမှာ နိုင်သူအကုန်ယူစနစ်နှင့်အချိုးကျစနစ် ၂မျိုးသုံးပြီးကျင်းပသွားမည်။

ပြည်ထောင်စုလွှတ်တော်က အရင်ကျင်းပပြီး တိုင်းနှင့်ပြည်နယ်ကို ၂၀၂၆ ဇန်နဝါရီလမှာကျင်းပမှာလား။ အခုပြင်ဆင်ထားတဲ့ဥပဒေအရတော့ နိုင်သူအကုန်ယူစနစ်အရင်ကျင်းပပြီး အချိုးကျစနစ်ကို နောက်မှကျင်းပမဲ့သဘောဖြစ်လိမ့်မည်။

၁။ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်

အဓိက ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေ ၄/(က)မှာ တစ်မြို့နယ်တွင် တဦးသည် နိုင်သူအကုန်ယူစနစ်ဖြစ်ပြီး ၄/(ခ)မှာ ကျန်တဦးမှာ အချိုးကျစနစ်ဖြစ်သည်။ အချိုးကျအတွက် မြို့နယ်များစုစည်း၍ မဲဆန္ဒနယ်သတ်မှတ်ပေးရမည်။

ချင်းပြည်နယ်တွင်မြို့နယ် ၉မြို့နယ်အနက် ၃မြို့နယ်တွင် နိုင်သူအကုန်ယူစနစ်ဖြင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ဦးထွက်ပေါ်လာမည်ဖြစ်သည်။

အချိုးကျအတွက် မြို့နယ် ၃မြို့နယ်ပေါင်းပြီး မဲဆန္ဒနယ် သတ်မှတ်လိုက်ရင် အချိုးကျ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးထွက်ပေါ်လာမည်။

နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျ လွှတ်တော်ကိုယ်စားလှယ်အားလုံး ၁၂ဦးဖြစ်လာပြီး တပ်မတော်ကိုယ်စားပြု ၅ နဲ့ ပေါင်းရင် ချင်းပြည်နယ်လွှတ်တော်

ကိုယ်စားလှယ် ၁၇ဦးဖြင့် ချင်းပြည်နယ်အစိုးရဖွဲ့စည်းသွားမည်။

နောင်တွင် နိုင်သူအကုန်ယူစနစ်ဖြင့် တမြို့နယ်တဦးလစ်လပ်နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲဖြစ်လာမလားစောင့်ကြည့်ရမည်ဖြစ်သည်။

၂။အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်လည်း ၄/က၊ခ မှာ ဖြည့်စွက်ထားတာကတော့ တိုင်းနှင့်ပြည်နယ် က ၁၂ဦးစီဖြစ်ပြီး ၆ဦးမှာ နိုင်သူအကုန်ယူစနစ်၊ ကျန်၆ဦးမှာ မဲဆန္ဒနယ်သတ်မှတ်ပြီး အချိုးကျဖြစ်သည်။

ချင်းပြည်နယ်တွင် မြို့နယ်(၉)မြို့နယ်အနက် (၃)မြို့နယ်ကျန်ရှိပြီး နိုင်သူအကုန်စနစ်ဖြင့် တမြို့နယ်လျှင် အမျိုးသားလွှတ်တော်(၂)ဦးပေါ်ထွက်လာမည်။

ဟားခါးမှာ ၂ဦး၊ထန်တလန်မှာ၂ဦး၊တီးတိန်မှာ ၂ဦး ပေါင်း ၆ဦးဖြစ်မည်။

ကျန်၆ ဦးမှာ အချိုးကျဖြင့် ကျင်းပကာ ချင်းပြည်နယ်တွင် အမျိုးသားလွှတ်တော် ၁၂ဦးအပြည့်ထွက်ပေါ်လာမည်။

ပြည်သူ့လွှတ်တော်

ထွေထွေထူးထူးပြင်ဆင်ဖြည့်စွက်တာမရှိပါ ဘယ်လိုကျင်းပမည်ဆိုတာကိုဖြည့်စွက်ထဲမပါလို့ တမြို့နယ်တဦး နိုင်သူအကုန်ယူစနစ်ဖြစ်မည်။

ချင်းပြည်နယ်မှာတော့ ပြည်သူ့လွှတ်တော် ၃ဦးဖြစ်လာမည်။ လစ်လပ်များကို ကြားဖြတ်မှာကျင်းပဖို့ဖြစ်လာနိုင်မလား။

ပြည်ဆင်သည့် ဥပဒေအားလုံးထဲမှာ ၄၅/က အပိုဖြည့်စွက်စကားရပ်မှာ နေရပ်ယာယီစွန့်ခွါသူများကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်က မိမိမြို့နယ်အတွက်မဲပေးနိုင်ရန် စီမံဆောင်ရွက်ပေးရမည်လို့ ဖြည့်စွက်ထားပါသည်။

ထန်တလန်မြို့နယ်သည် မြို့ပေါ်တွင် လူမရှိတော့သော်လည်း ဟားခါးမြို့တွင် မြို့နယ်ရုံးရှိနိုင်သည်။ ထန်တလန်ပြည်သူများ စွန့်ခွါသည့်နေရာအရပ်၌ ထန်တလန်မြို့နယ်အတွက် မဲပေးနိုင်ရန် ‌မြို့နယ်ကော်ရှင်က စီစဉ်ဆောင်ရွက်ပေးရမည့်သဘောပါ။

ဒါကြောင့် ထန်တလန်မြို့နယ် ပြည်သူတွေ ရန်ကုန်ရောက်နေသော်လည်း မဲပေးဖို့ ကော်မရှင်က စီမံဆောင်ရွက်ရမည်။

ထိန်းချုပ်နယ်မြေမဟုတ်တော့သည့် မြို့နယ်များကိုလည်း ထိုနည်းလုပ်လာနိုင်သလားစောင့်ကြည့်ရမည်။

ထို့ကြောင့် လက်ရှိအခြေအနေအရ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲအထမြောက်နိုင်မည်။

တမြို့နယ်လျှင် တဦးသာ ပြိုင်ရမည်ဆိုလျှင် ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ အ‌လိုအလျှောက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမည်ဟု ယခင်ကတည်းက ၄၁/က အရ ဥပဒေမှာပါရှိပြီးဖြစ်သည်။

photo: credit

Leave a Reply

Your email address will not be published. Required fields are marked *