Headlines

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့ ထုတ်ပြန်မယ်

ဇူလိုင်လ ၂၂ ရက်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း(Grade -12)စာမေးပွဲအောင်စာရင်းတွေကို လာမယ့် တနင်္ဂနွေနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၆ နာရီ အချိန်မှာ ထုတ်ပြန်ကြေညာမယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org ကနေလည်း ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်း ၄ နာရီကစလို့ ဝင်ရောက်ကြည့်ရှုနိုင်သလို ဝေးလံဒေသတွေက စာစစ်ဌာနများနဲ့ အင်တာနက်အဆက်အသွယ် ကောင်းမွန်စွာမရရှိတဲ့ စာစစ်ဌာတွေရဲ့ အောင်စာရင်းတွေကို မြန်မာ့အသံရေဒီယိုအစီအစဉ်ကနေလည်း အောင်စာရင်း ထွက်နေ့တွင် ကြေညာပေးမယ်လို့ ဆိုပါတယ်။

အောင်စာရင်းနှင့်ပက်သက်ပြီး မရှင်းလင်းတာတွေရှိရင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၊ ဖုန်းနံပတ် (၀၁ – ၆၅၃၅၀၉ ) ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ ဟားခါးမြို့နဲ့ တီးတိန်မြို့ကနေ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေ ၄၀၈ ဦးရှိပြီး မြန်မာနိုင်ငံအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ဒုတိယအနည်းဆုံး ပြည်နယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ် မတ်လကဖြေဆိုခဲ့ကြတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မန္တလေးငလျင်ကြီးကြောင့် ဇွန်လမှာ ပြန်လည်ဖြေဆိုရတဲ့ စာမေးပွဲ အောင်စာရင်းနဲ့ တစ်ပေါင်းတည်း ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံ- ၂၀၁၉ ခုနှစ် ချင်းပြည်နယ် ဟားခါးမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလမြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *