
ကျောင်းသားဗီဇာနဲ့ အမေရိကန်နိုင်ငံကို ရောက်ရှိလာတာ ၅ ရက်သာရှိသေးတဲ့ အသက် (၂၀) အရွယ် ချင်းလူငယ်တစ်ဦးဟာ မိသားစုတွေနဲ့ အပန်းဖြေသွားရာမှာ မတော်တဆ ရေနစ်သေဆုံးခဲ့တယ်လို့ Indiana Chin Baptist Church က ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ ချင်းလူငယ် Tony Sui Tling ရဲ့ ရုပ်အလောင်းကို Danville Coroner Office မှာထားရှိပြီး လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ အင်ဒီယားနားပြည်နယ်မှာ သဂြိုလ်ဖို့ မိဘဆွေမျိုးသားချင်းတွေနဲ့ အသင်းတော်တာဝန်ရှိသူတွေက စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
Pu Robin Hmuncung နဲ့ Pi Far Chin Sung တို့ရဲ့ သား အသက် ၂၀ အရွယ် Tv.Tony Sui Tling ဟာ အမေရိကန်နိုင်ငံကို ကျောင်းသားဗီဇာနဲ့ ရောက်ရှိလာတာ ၅ ရက်သာရှိသေးပြီး မိသားစုဝင်တွေနဲ့အတူ ချောင်းကို အပန်းဖြေသွားကြရင်း မတော်တဆ ရေနစ်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
မတော်တဆသေဆုံးရတဲ့ Tony Sui Tling ရဲ့ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ ထပ်တူဝမ်းနည်းတဲ့ကြောင်းကိုလည်း Indiana Chin Baptist Church အသင်းတော်က ထုတ်ပြန်ထားပါတယ်။