Headlines

ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ခြင်းမရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်

ဇူလိုင်လ ၁၀ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း CDF-Hakha တပ်ဖွဲ့မှ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးများနှင့် ပတ်သက်ခြင်းမရှိကြောင်း ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းက ဒီကနေ့ ဇူလိုင်လ ၁၀ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တပ်ရင်း ၁၅ တပ်ရင်းမှုး ကိုဖိုးသောင်းရဲ့ လက်မှတ်ဖြင့် ရဲဘော် လေးဦး၊ သေနတ် ၂လက်၊ ကား ၂စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ‌ ပေးအပ်ခဲ့သည်မှာ မှန်ကန်မှုရှိကြောင်း၊မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြခြင်းဟာ ရဲဘော်တွေရဲ့ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ပြီး ၎င်းတို့ အဖွဲ့အစည်းနှင့် ပတ်သက်ခြင်းမရှိကြောင်း အဆိုပါဖြစ်စဉ်အတွင်း ပါဝင်ပတ်သတ်သူများကိုလည်း စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များလည်း ဆောင်ရွက်နေပြီး ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိတဲ့ ၎င်းတို့အဖွဲ့တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့နယ်၊ ဗားတံတားသို့ ဖေါက်ခွဲရေးပစ္စည်းများ သွားရောက်ပို့ဆောင်ရန် စေခိုင်းခြင်းသာဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်ပါတယ်။

ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ်၊ ဗားတံတားသို့ ပို့မည့် မူးယစ်ဆေးဝါးအမြောက်အများသယ်ဆောင်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦး၊ ယာဉ်မောင် တစ်ဦးနှင့် စပယ်ယာ တစ်ဦးတို့ကို ဇူလိုင်လ ၈ရက်နေ့မှာ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း CDF-Hakha မှ ဒီကနေ့ဇူလိုင်လ ၁၀ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ ရဲဘော် ကိုဇော်လတ်(ခ)ဝင်းမော်နှင့် ကိုပုတီး(ခ)ကျော်မင်းဇော်တို့ကိုလည်း လိုက်လံဖမ်းဆီးကာ ထိရောက်စွာပြစ်ဒဏ်ပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ အပ်နှံမည့်အပြင် MOD ဝန်ကြီးဌာနရဲ့စစ်ဆေးမှုများကိုလည်း ကျေနပ်စွာခံယူမယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်းကထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *