Headlines

ရိဒ်ခေါဒါရ်မြို့ကို CNO / CNDF က သိမ်းပိုက်ပြီး CNO / CNDF ဌာနချုပ်ကို CNF/A က ပြန်သိမ်းတယ်လို့ CNO/CNDF ကဆို

ဇူလိုင်လ ၇ ရက်။

အိန္ဒိယ-မြန်မာနယ်စပ်က ဖလမ်းမြို့နယ်၊ရိဒ်ခေါဒါရ်မြို့ကို ဇူလိုင် ၅ ရက်က ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/ CNDF) က သိမ်းပိုက်လိုက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF/CNA) ကလည်း မနေ့ ဇူလိုင် ၆ ရက်မှာ ဖလမ်းမြို့နယ်ထဲက CNO/CNDF ဌာနချုပ်ကို ပြန်သိမ်းလိုက်တယ်လို့ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။

CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ကျတော်တို့ ရိဒ်ခေါဒါရ်အကုန်လုံးကို ကျနော်တို့ CNO/ CNDF က ထိန်းချုပ်ထားတဲ့ အခြေအနေမှာရှိပါတယ် အခုလက်ရှိအခြေနေမှာ မနေ့ညက CNA က ဘာမှမဆိုင်ဘဲနဲ့ ကျနော်တို့ ဌာနချုပ်ဘက်ကို အလစ်ငိုက် သိမ်းသွားတာရှိပါတယ် နောက်ပြီး ဖလမ်းဘက်ကိုလည်း သိမ်းဖို့ရန်အတွက် ချီတက်လာတာရှိပါတယ်” လို့ပြောပါတယ်။

HPO/CDF-Hualngoram ထိန်းချုပ်ထားတဲ့ ရိခေါဒါရ်မြို့ကို CNO/CNDF က ဝင်ရောက်တိုက်ခိုက်ရာမှာ ဇူလိုင် ၅ ရက်နေ့က ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲကြောင့် ရိခေါဒါရ်မြို့က ပြည်သူ ၃၀၀၀ ခန့် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဖလမ်းမြို့နယ်ထဲက CNO/ CNDF ဌာချုပ်ကို သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ကို Chin World Media အနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားတာမျိုးတော့ မရှိပါဘူး။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော မီဇီုရမ်ဝန်ကြီးချုပ်ရဲ့အကြံပေးပုဂ္ဂိုလ် ပြည်နယ်လွတ်တော်အမတ် Pu Lalmuanpuia Punte ဦးဆောင်တဲ့ Advocacy Group for peace ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဟာ မနေ့ ဇူလိုင် ၆ ရက်နေ့က ရိခေါဒါရ်မြို့ နှင့် ဇိုခေါထာရ်ကျေးရွာကိုသွားရောက်ပြီး CNO/CNDF နှင့် CDF-Hualngoram တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြတယ်လို့ All India Radio News ကဖော်ပြထားပါတယ်။

CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ကျနော်တို့ဌာနချုပ်ကို သိမ်းတယ်ဆိုတာကလည်း ရိဒ်ခေါဒါရ်သိမ်းပြီးနောက်ပိုင်းမှာ ရိဒ်ခေါဒါရ်မှာ CNA တပ်မဟာ ၄ ရှိတယ်ပေါ့ အဲဒါကိုကျနော်တို့က ရိဒ်ခေါဒါရ် သိမ်းခါနီးမှာ ကျနော်တို့ သူတို့ကို ဖုန်းနဲ့စကားပြောပါတယ် ကျနော်တို့ CNA ကို တိုက်ခိုက်ချင်တာမဟုတ်ဘူး အဲဒါကြောင့် ဖယ်ပေးပါရှောင်ပေးပါဆိုပြီး ကျနော်တို့ ဖုန်းနဲ့ အကြောင်းကြားပါတယ် သူတို့ကို ကျနော်တို့တကယ်သိမ်းတဲ့ချိန်မှာလည်း သူတို့တိမ်းရှောင်တဲ့ချိန်မှာ ကျနော်တို့ သူတို့ကို လမ်းဖွင့်ပေးတယ် ကျနော်တို့လုံးဝမပစ်ဘဲနဲ့ လွှတ်ပေးတယ် ဒီကိစ္စက CNA နဲ့ မဆိုင်တဲ့ ကိစ္စမို့လို့ ကျနော်တို့ သူတို့ကို လမ်းဖွင့်ပေးတာရှိခဲ့ပါတယ် အဲလိုနဲ့ ၅ ရက်နေ့လောက်ကနေ သူတို့ ( CNA) ဌာနချုပ်ဘက်ကနေ ကားတွေနဲ့ တက်လာပြီးမှ ကျနော်တို့ဌာနချုပ်ဘက်ကို ဦးတည်လာတာကို ကျနော်တို့လည်းသိတယ် ကျနော်တို့ Mission က CNA ကို ပစ်ခတ်ဖို့မဟုတ်ဘဲနဲ့ ဖလမ်းမြို့နယ်ထဲမှာရှိတဲ့ ရိဒ်မြို့ကို ပြည်သူလက်ထဲရောက်အောင် လုပ်တဲ့အခြေနေမှာရှိတဲ့အတွက်ကြောင့် လုံးဝမပစ်ဘဲနဲ့ ဒီတိုင်းဘဲကြည့်တာရှိတယ် ကျနော်တို့ဌာနချုပ်ရောက်လာတော့ ကျနော်တို့စစ်ဦးစီးချုပ်ကိုလည်း လွှတ်ပြီးမှ သူတို့နဲ့ ညှိနှိုင်းတယ် ညှိနှိုင်းပြီးတော့ အဆင်ပြေတယ် အဆင်ပြေပြီးတော့ သူတို့စားဖို့ ဝက်တောင်ဖော်ပေးလိုက်တယ် ဆိုတော့ အဆင်ပြေပြီလို့ ဒီတိုင်းထားတဲ့အချိန်မှာ သူတို့က အနောက်ဖက်ကနေ အလစ်ငိုက်ဌာနချုပ်ကိုသိမ်းတဲ့ အခြေအနေမှာရှိပါတယ်” လို့ပြောပါတယ်။

ဖလမ်းမြို့နယ်တွင်း ချင်းလက်နက်ကိုင် (၂) ဖွဲ့ဖြစ်တဲ့ Chinland CounciL အဖွဲ့ဝင်HPO / CDF – Hualngoram နဲ့ ချင်းညီနောင် အဖွဲ့ဝင် CNO / CNDF တပ်ဖွဲ့တွေဟာ ဇူလိုင်လ ၂ ရက်နေ့ကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကြတာဖြစ်ပြီး အဲဒီလို ဒေသတွင်း လက်နက်ကိုင် ၂ ဖွဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ ချင်းညီနောင်အနေနဲ့လည်း ပါဝင်မှာမဟုတ်သလို တခြားပြင်ပတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း မပါဝင်ဖို့ ချင်းညီနောင်အနေနဲ့ ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “အခြေနေကတော့ ပိုဆိုးသွားပြီ။ ပဋိပက္ခတွေ ပိုကြီးကျယ်ကုန်တော့တာပဲ လက်နက်ကိုင်တွေကို နောက်ဆုတ်ခိုင်းပြီး စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးရမှာ အခုလို တခြားလက်နက်ကိုင်တွေပါ ဝင်ပါလာတော့ ငြိမ်းချမ်းရေးလမ်း ပိုပျောက်သွားတာပေါ့ ။ စားပွဲဝိုင်းမှာ ဆွေးနွေးကြတာမျိုး ဘယ်လိုဖြစ်လာနိုင်မလဲ နည်းလမ်းရှာကြံဆကြတာပဲ လုပ်ရမှာပါ” လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *