Headlines

မီဇိုရမ်ပြည်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ချင်းစစ်ဘေးရှောင်တွေအတွက် မီဇိုလူငယ်အသင်းက ရူပီးငွေ ၆ သိန်းဖိုးလှူဒါန်း

ဇူလိုင်လ ၁၀ ရက်။

ဇူလိုင်လဆန်းကစပြီး ဖလမ်းမြို့နယ်အတွင်းမှာ ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်း ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာတဲ့သူတွေအတွက် ဗဟိုမီဇိုလူငယ်အသင်း ( Central Young Mizo Association – CYMA) က အိန္ဒိယ ရူပီးငွေ ၆ သိန်းဖိုးထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ All India Radio News Aizawl ရဲ့ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့ကစလို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/ CNDF) နဲ့ CDF – Hualngoram တပ်ဖွဲ့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့လို့ ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေကို ဗဟိုမီဇိုရမ်လူငယ်အသင်း (CYMA) အနေနဲ့ သူတို့ဌာခွဲတွေဖြစ်တဲ့ ဇိုခေါဒါရ် က YMA ဆီကို ရူပီးငွေ ၃ သိန်ဖိုးရှိတဲ့ အစားအသောက်တွေပေးခဲ့ပြီး ၊ Vaphai က YMA ဆီကို ရူပီးငွေ ၂ သိန်းဖိုး အစားအသောက်တွေပေးပြီး ကျန်ဖိုင် Sub – Hqrs YMA ဆီကို ရူပီးငွေ ၁ သိန်းဖိုး အစားအသောက်တွေကို လှူတန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်တလော ချင်းပြည်နယ်တွင်းဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ကျန်ဖိုင်ခရိုင်၊ ဇိုခေါဒါရ်ဘက်ကို ချင်းပြည်သူ ၃၀၀၀ ကျော် နဲ့ Vaphai ၊ Saikhumphai နဲ့ Farkawn ဘက်ကို ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *