
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မရာအစိုးရ ( MADC) နဲ့လက်တွဲပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လကီရွာ နှင့် ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝရွာ အကြား ကားလမ်းဖောက်လုပ်နေတယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ / မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MTC/ MDF) အဖွဲ့ရဲ့ အုပ်ချုပ်ရေးတွင် president တာဝန်ယူ ထားတဲ့ Dr.Bik က Chin World Media ကိုပြောပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ် လကီရွာကနေ ပလက်ဝမြို့နယ်အထိ လက်ရှိဖောက်လုပ်နေတဲ့ ကားလမ်းအတွက် ရူပီးငွေ သိန်း ၈၀ ဝန်းကျင်ကုန်ကျမှာဖြစ်သလို ဘတ်ဂျက်လုံလောက်မှုရှိရင် လမ်းဖောက်လုပ်တာကို ဒီနှစ်အတွင်း အပြီးသတ်နိုင်အောင် ကြိုးစားနေကြတယ်လို့လည်း ( MTC/ MDF) အဖွဲ့ရဲ့ အုပ်ချုပ်ရေးတွင် president တာဝန်ယူ ထားတဲ့ Dr.Bik က ပြောပါတယ်။
“ ဒီလမ်းကတော်တော်လေးအရေးကြီးတယ် အိန္ဒိယဘက်က ကုန်ပစ္စည်းတွေ ဝင်လာမယ့်ဟာ ဒီဘက်ကနေကျနော်တို့ တင်သွင်းမယ့် ဟာတွေအတွက် လမ်းကြောင်းကြီး တစ်ခုဖြစ်သွားပါမယ် ချင်းပြည်နယ်တောင်ပိုင်းအတွက် အသုံးဝင်ပြီး အရေးပါမယ့် လမ်းတစ်ခုဖြစ်ပါတယ် ။ ဒီလမ်းက ကားလမ်းနဲ့ အရင်ကတော့ရှိတယ် ဘယ်ထိလဲဆိုရင် မရာနယ်ထိပေါ့ ကားသွားနေတယ် အဲဒီဟာကို ပြန်ပြီးချဲ့ပြီးမှ ပလက်ဝအထိဆိုလို့ရှိရင် ၁၂၀ မိုင်ကို အကုန်လုံးက တဝက်လောက်က ကားလမ်းဖောက်ပြီးသားဖြစ်တယ် ဒါကို ချဲ့ပြီးမှ ပလက်ဝထိ ဖောက်တာမျိုးဖြစ်တယ် ၁၂၀ မိုင်လို့ဘဲ ကျနော်သိထားတယ် မိုင်အတိကျတော့ ကျနော်လည်း မသိဘူး” ( MTC/ MDF) အဖွဲ့ရဲ့ အုပ်ချုပ်ရေးတွင် president တာဝန်ယူ ထားတဲ့ Dr.Bik က ပြောပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လကီရွာကနေ မြန်မာနိုင်ငံ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်အထိ ဖောက်လုပ်နေတဲ့ ကားလမ်းဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွက် ကုန်ပစ္စည်း တင်သွင်း၊ ပို့ဆောင်ရာမှာ အဓိကကျလာမယ့် ကားလမ်းမကြီးလို့ သိရပြီး ဒီနှစ်အစောပိုင်းကတည်းက MADC ဝန်ကြီးကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ဒီနှစ် ဆောင်းရာသီမှာ ပြီးစီးနိုင်ဖို့ ဆောင်ရွက်နေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။