Headlines

မလေးရှားနိုင်ငံမှာ ဖမ်းဆီးထားတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ၁၀ ရက်အတွင်း  နေရပ်ပြန်ပို့ရန် သတ်မှတ်

မလေးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အနေဖြင့် အချုပ်စခန်းများတွင် လူပြည့်ကြပ်နေမှုများကို ဖြေရှင်းရန်အတွက် ဖမ်းဆီးထားတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို (၁၀) ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်ပို့ဆောင်ရန် သတ်မှတ်လိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် Datuk Zakaria Shaaban က ဖမ်းဆီးရမိတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း အသေအချာစစ်ဆေးပြီ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ၁၀ ရက်အတွင်း နိုင်ငံအတွင်းက နှင်ထုတ်ဖို့စီစဉ်ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Datuk Zakaria Shaaban က ဖမ်းဆီးရမိတဲ့သူများအနက် စာရွက်စာတမ်းဆိုင်ရာမှာ စိစစ်မှုကြန့်ကြာမှုရှိသူများ ပါဝင်မှာမဟုတ်သေးပဲ၊ လူဝင်မှုကြီးကြပ်ရေးစခန်းအားလုံးမှာရှိတဲ့ ဖမ်းစီးခံရသူများအတွက် Key Performance Index ( အဓိက စွမ်းဆောင်ရည်အညွှန်းကိန်း) သတ်မှတ်ထားကာ နှင်ထုတ်ခြင်းအတွက်ပါဝင်တဲ့သူတွေကို ၁၀ ရက်အတွင်း ၎င်းတို့ရဲ့နိုင်ငံအသီးသီးကို ပြန်ပို့တာကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ Media Prima Bhd ကိုပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် AI နည်းပညာပါဝင်သော အမျိုးသား ဘက်စုံ လူဝင်မှုကြီးကြပ်ရေး စနစ် (NIISe) ၏ ပထမအဆင့်ကို လာမည့်နှစ်ကုန်ပိုင်းတွင် အကောင်အထည်ဖော်ရန် မျှော်မှန်းထားပြီး မလေးရှားနိုင်ငံတွင်းရှိ ကျွန်းဆွယ်ဒေသ, Sabah နဲ့ Sarawak ဒေသများဖြစ်တဲ့ Putrajaya, Kota Kinabalu and Kuching များမှာ ကွပ်ကဲမှုစင်တာ သုံး ခုကို တည်ထောင်သွားမှာဖြစ်တယ်လို့ Datuk Zakaria Shaaban ကပြောပါတယ်။

“အမျိုးသား ဘက်စုံ လူဝင်မှုကြီးကြပ်ရေး စနစ် (NIISe) စနစ်နဲ့ အခြားအေဂျင်စီများပေါင်းစပ်မှု လုပ်ဆောင်ပြီး မလေးရှားနိုင်ငံအတွင်း ထွက်ပေါက်၊ ဝင်ပေါက်များကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်မှာဖြစ်တယ်။ မြေပြင်ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်း စောင့်ကြည့်နိုင်မယ်။ ဥပမာအားဖြင့် အရာရှိဝန်ထမ်းများကို မြေပြင်တည်နေရာများ ရှာဖွေနိုင်ရေးအတွက်  ကွပ်ကဲရေးစင်တာက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်” လို့ဆိုပါတယ်။

ယခုကဲ့သို့ အမျိုးသား ဘက်စုံ လူဝင်မှုကြီးကြပ်ရေး စနစ် (NIISe) စနစ်နဲ့ AI နည်းပညာများ ပေါင်းစပ်အသုံးပြုခြင်းဖြင့် မလေးရှားနိုင်ငံတွင်းသို့ ခရီးသည်များမဝင်ရောက်မီ ခရီးသည်ရဲ့ မူရင်းနိုင်ငံမှ ကိုယ်ရေးအချက်အလက်များဖြစ်တဲ့ ရာဇဝတ်မှုမှတ်တမ်း၊ ဗီဇာကိစ္စများကို အကဲဖြတ်နိုင်တဲ့ အော်တိုဂိတ်စနစ် နဲ့ ခရီးသည်စိစစ်ရေးစနစ် တို့ဖြင့် ဝင်ထွက်ပေါက်များတွင် စစ်ဆေးရေးစွမ်းရည်မြှင့်တင်မှုများရှိလာမယ်လို့ ယခင်ကလည်း MHI ရုပ်မြင်သံကြားအစီအစဉ်ရဲ့ အင်တာဗျူးကဏ္ဍမှာ Datuk Zakaria Shaaban ကပြောကြားခဲ့ပါတယ်။

ထို့အပြင် ခန္တာကိုယ်တွင်တပ်ဆင်နိုင်သော ကင်မရာများနဲ့ AI နည်းပညာသုံး စမတ် CCTV များ (body cameras and smart CCTV) ကို အသုံးပြုခြင်းက အချိန်နဲ့ တစ်ပြေးညီ အပြုအမူခွဲခြမ်းစိတ်ဖြာခြင်းကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ခရီးသွားများနဲ့ အရာရှိများအကြား ပုံမှန်မဟုတ်သော အပြန်အလှန်ဆက်သွယ်မှုများ သို့မဟုတ် အာဏာအလွဲသုံးစားလုပ်နိုင်ခြေရှိမှုများကို ထောက်လှမ်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဇာလျှောက်လွှာများ၊ ခရီးသွားလာရေး စာရွက်စာတမ်း ဝန်ဆောင်မှုများကို ကိုင်တွယ်ရာတွင်လည်း Chatbotsများနဲ့ အပြန်အလှန်တုံ့ပြန်သော အလိုအလျောက်စနစ်များကို အသုံးပြုမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

အဆိုပါဝန်ဆောင်မှုကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၏ ၁၀၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနေ့ ကျင်းပမယ့် ဇူလိုင်လ (၂၁) ရက်နေ့နဲ့ ၂၂  ရက်နေ့များတွင် လူထုအနေဖြင့် ပုံမှန်လူဝင်မှုကြီးကြပ်ရေး ကောင်တာများအပြင် ဦးစီးဌာန၏ဖွင့်ရက်များနဲ့ ဖော်သည်များတွေ့ဆုံပွဲနေ့ (department’s open day and meet-the-customers day) မှာ ရယူနိုင်မှာဖြစ်ပါတယ်။

Ref; New Straits Times (10 July 2025)

Leave a Reply

Your email address will not be published. Required fields are marked *