Headlines

နယူးဒေလီမြို့ရှိ UNHCR ရုံးရှေ့ မြန်မာဒုက္ခသည်တွေ ဆန္ဒထုတ်ဖော်တာတွေ ရပ်တန့်စေဖို့ UNHCR က ရဲတွေနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရ

ဇူလိုင်လ ၂၉ ရက်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ( UNHCR – India ) ရုံးရှေ့မှာ ဒုက္ခသည်အခွင့်အရေးပေးဖို့ မြန်မာဒုက္ခသည်တွေ ဆန္ဒထုတ်ဖော်ကြတဲ့ ရက်ပေါင်း ၁၇ ရက်မြောက်နေ့ ဒီကနေ့ဇူလိုင် ၂၉ ရက် မနက်မှာ ဆန္ဒပြတာတွေကို ရပ်တန့်စေဖို့ မဖြစ်မြောက်ဖို့ အတွက် UNHCR ဘက်က ရဲတွေကို ခြိမ်းခြောက်ဖို့ရန် စေလွှတ်ခဲ့တယ်လို့ Chin Refugee Committee – New Delhi (CRC-New Delhi )က ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီမနက်က ဆန္ဒပြတာတွေ မဖြစ်မြောက်နိုင်ဖို့အတွက် UN ဘက်က ရဲအရာရှိတွေကို စေလွှတ်လိုက်ပေမယ့် ရဲအရာရှိတွေဘက်က ဖမ်းဆီးအရေးယူဖို့ Case ရှာမတွေ့လို့ အရေးယူနိုင်ခြင်းမျိုးမရှိခဲ့တဲ့ကြောင်းကိုလည်း CRC – New Delhi ဘက်က ဆိုပါတယ်။

ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်သူတွေအနေနဲ့လည်း အားမလျော့ဘဲ လူအင်အား များသထက်များနိုင်ရန် အင်မတန်အရေးကြီးတဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်သည့်အတိုင်း ပြည်သူဆန္ဒကို အလေးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်စရာမရှိကြောင်းနဲ့ ပြည်သူများအားလုံး တောင်းခံမှုတွေ မရမချင်းအားလုံး ဆက်လက် ကြိုးစားကြဖို့ကိုလည်း CRC – New Delhi တိုက်တွန်းထားပါတယ်။

ချင်းဒုက္ခသည် ကော်မတီ ( CRC) ဦးဆောင်မှုနဲ့ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေ ဟာ ဒုက္ခသည်အခွင့်အရေးရရှိဖို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ( UNHCR – India ) ရုံးရှေ့မှာ ဇူလိုင်လ ၇ ရက်နေ့ကစလို့ ဒီကနေ့ချိန်ထိ ရုံးဖွင့်ရက်တွေမှာ နေ့စဉ်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြတာဖြစ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *