Headlines

ဇိုမီးအမျိုးသားပါတီမှ အသုံးပြုမယ့် ပါတီ အမည်၊ အလံ နှင့် တံဆိပ်ကို ၇ ရက်အတွင်း ကန့်ကွက်နိုင်

ဇူလိုင်လ ၈ ရက်။

နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ဇူလိုင်လ ၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့တဲ့ ဇိုမီးအမျိုးသားပါတီ(ZNP) မှ အသုံးပြုရန် တင်ပြခဲ့ကြသည့် ပါတီ အမည်၊ အလံ နှင့် တံဆိပ်များကို ကန့်ကွက်လိုပါက ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ဇူလိုင် ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ စစ်ကောင်စီ လက်အောက်ခံ မီဒီယာများမှ တဆင့် ကြေငြာခဲ့ပါတယ်။

ဇိုမီးအမျိုးသားပါတီရဲ့ ပါတီအမည်၊ အလံ နှင့် တံဆိပ် တို့ကို ကန့်ကွက်လိုပါက ယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက် နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာခြင်း ဖြစ်တယ် လို့လည်း စစ်ကောင်စီ လက်အောက်ရှိ မီဒီယာများမှာ ဖော်ပြခဲ့ ပါတယ်။

ဇိုမီးအမျိုးသားပါတီဟာ ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ၂၀၂၅ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ လျှောက်ထားခဲ့ပြီး၊ ဇွန်လ ၂၄ ရက်နေ့မှာ ပါတီ တည်ထောင်ခွင့် ရရှိကာ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဇူလိုင်လ ၃ ရက်နေ့မှာ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေး ပါတီ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ် နဲ့ နောက်နှစ်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၊ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကိုယ်စားပြုပြီး မှတ်ပုံတင်ရရှိပြီး ဖြစ်တဲ့ ခူမီးအမျိုးသားပါတီ နှင့် ပါတီမှတ်ပုံတင် လျှောက်ထားကြတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီတို့က ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *