

ချင်းအမျိုးသားတက္ကသိုလ် (The Chin National University-CNU) မှာ လစ်လပ်နေတဲ့ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ အတွက် လာရောက်လျှောက်ထားနိုင်တယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် (Chinland) အစိုးရ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့မှာ ကြေညာထားပါတယ်။
ချင်းအမျိုးသားတက္ကသိုလ်အတွက် လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ လစ်လပ်လျက်နေပြီး မြေပြင်တွင် တာဝန်ထမ်းဆောင်နိုင်သည့် ဘွဲ့ကြို/ဘွဲ့လွန်လက်မှတ် ရသူများသည် လက်ထောက်ကထိကရာထူး၊ ပါရဂူဘွဲ့ရများသည် ကထိကရာထူး၊ တက္ကသိုလ်/ကောလိပ်/သိပ္ပံတခုခု (သို့မဟုတ်) အစိုးရဌာနတခုခုတွင်တာဝန်ထမ်းဆောင်ဖူးသောသူများသည် မူလရာထူးထက်မနိမ့်သော ရာထူးများသို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ပညာအရည်အချင်းနှင့် အထူးပြုဘာသာရပ်တွေကအင်္ဂလိပ်စာအထူးပြုဖြင့် BA/MA/PhD ဘွဲ့ရရှိသူများ ၊ ဆေးပညာဖြင့် MBBS/MMedSc/PhD ဘွဲ့ရရှိသူများ ၊ သူနာပြုပညာဖြင့် BNSc/MNSc/PhD ဘွဲ့ရရှိသူများ ၊ Philosophy, Law, History, Political Science, Geography, Psychology, Economics အထူးပြုဖြင့် MBA/MA/PhD ဘွဲ့ရရှိသူများ ၊ပညာရေးဖြင့် DTEd/BEd/MEd/PhD ဘွဲ့ရရှိသူများ၊ အင်ဂျင်နီယာပညာဖြင့် BTech/BE/ME//PhD ဘွဲ့ရရှိသူများ
၊ Mathematics, Physics, Chemistry, Botany, Zoology, Geology အထူးပြုဖြင့် MSc/PhD ဘွဲ့ရရှိသူများ ၊စိုက်ပျိုးရေးပညာဖြင့် BAgrSc/MAgrSc/PhD ဘွဲ့ရရှိသူများ ၊သစ်တောပညာဖြင့် BSc/MSc/PhD ဘွဲ့ရရှိသူများ၊ တိရစ္ဆာန်ဆေးပညာဖြင့် BVSc/MVSc/PhD ဘွဲ့ရရှိသူများနှင့် ကွန်ပျူတာသိပ္ပံဖြင့် BCSc/MCSc/PhD ဘွဲ့ရရှိသူများ လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဝင်ခွင့်လျှောက်လွှာတွေကို (၃၀.၈.၂၀၂၅) ရက်နေ့ နောက်ဆုံးထားပြီး လိုအပ်သော ပညာအရည်အချင်း လက်မှတ်အထောက်အထားမိတ္တူများ၊ CV၊ ဝန်ထမ်းဖြစ်ပါက ရာထူးအထောက်အထားမိတ္တူများကို ပူးတွဲ၍ moe.goc@chinlandcouncil.org သို့ လျှောက်ထားရမယ်လို့လည်း ဆိုထားပြီး ပဏာမရွေးချယ်ခံရသူများကိုသာ လူတွေ့စစ်ဆေးမည့် အချိန်ကို ပြန်လည်အကြောင်းကြားပေးမယ်လို့လည်း ဆိုပါတယ်။