


ချင်းလူမျိုး စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ကိုယ်တိုင်ပြုစုရေးသားထုတ်ဝေတဲ့ အတ္ထုပတိ စာအုပ်အပါအဝင် ချင်းပြည်နယ်ရဲ့ မဟာစီမံကိန်းများနဲ့ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ စာအုပ်များ မိတ်ဆက်ပွဲကို ဇူလိုင်လ ၅ ရက်နေ့မှာ ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ၊ လိုင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ရေးသားပြုစုတဲ့ “Resilient Myanmar & Chin State Master Plan (2025–2045)”, “Unbroken: The Life Journey of Dr. Shwe Hein – A Barefoot Man from Myanmar”, “Thilawa Special Economic Zone and Myanmar’s Economic Prospects”, “Sow the Seeds, Cultivate Tomorrow: Food, Justice, and the Future of Survival” စတဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ စာအုပ်တွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေထားတဲ့စာအုပ်များကို အွန်လိုင်းကနေ ဝယ်ယူဖတ်ရှုနိုင်ဖို့အတွက် www.amazon.com မှာတင်ထားပြီး မြန်မာဘာသာနဲ့ချင်းဘာသာ ဖြင့်ဖတ်ရှုလိုသူများ အနေနဲ့လည်း သူ၏ လူမှုကွန်ယက်စာမျက်နှာကနေ ဆက်သွယ်စုံစမ်းနိုင်တယ်လို့သိရပါတယ်။
မြန်မာဘာသာနဲ့ ပြန်ဆိုထားတဲ့သူ့ရဲ့စာအုပ်များကို ယခုဇူလိုင်လကုန်ပိုင်းတွင် မြန်မာပြည်ရဲ့ စာအုပ်ဆိုင်များမှာ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။
ဒေါက်တာရွှေဟိန်းဟာ စီးပွားရေး၊ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးစီးပွားရေးဇုန်နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသန ပရောဂျက်များစွာတွင်ပါဝင်လျက်ရှိပြီး ချင်းကုန် သည်ကြီးများအသင်းနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (CCCI) ၏ ဒုတိယဥက္ကဋ္ဌ၊ မြန်မာတိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MEEA) ၏ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရှိ CPC အများပြည်သူ ပိုင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ မြန်မာ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MODA) ၏ ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံ (MODI) ၏ ဒါရိုက်တာ၊ မြန်မာ့သင်ယူမှုအဖွဲ့အစည်း (MLO) ကို တည်ထောင်သူနဲ့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှာလည်း အတွင်းရေးမှူး အဖြစ် တာဝန်ထမ်း ဆောင်နေသူဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံ၊ Assumption တက္ကသိုလ်၊ စီးပွားရေးဘွဲ့လွန်ကျောင်းကနေ MBA, Ph.D ဘွဲ့များကိုရရှိခဲ့ပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေထားတဲ့ သူ့ရဲ့ စာအုပ်များကို Kindle (e-book) ၅.၅ ဒေါ်လာ၊ စာအုပ် ၉.၉၉ ဒေါ်လာ နဲ့အောက်ပါလင့်များကတစ်ဆင့် ဝယ်ယူနိုင်တယ်လို့သိရပါတယ်။
1. Unbroken: The Life Journey of Dr. Shwe Hein: A Barefoot Man from Myanmar: A True and Unbelievable Story
2. Resilient Myanmar & Chin State Development Master Plan (2025-2045):
A Blueprint for Progress and Resilience
3. Thilawa Special Economic Zone and Myanmar’s Economic Prospects
4. Sow the Seeds, Cultivate Tomorrow