
သူနာပြုသင်တန်းကျောင်းအတွက် သင်တန်းသားတွေကို သင်ကြားပေးနိုင်တဲ့ အတွေ့အကြုံရှိ သူနာပြု ၃ ဦး ခန့်ဖို့ Chinland Council ကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်( Chinland) အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
လာရောက်လျှောက်မည့်သူတွေအနေဖြင့် Diploma သို့မဟုတ် Bachelor ဘွဲ့ရသူနာပြု ၊ သူနာပြုလက်မှတ်ရှိသူ ၊အနည်းဆုံး ၂ နှစ်တာ ဆေးဘက်အတွေ့အကြုံ သို့မဟုတ် သင်ကြားရေးအတွေ့အကြုံရှိသောသူ ၊ပဋိပက္ခဒေသများတွင် အလုပ်လုပ်ဖူးခြင်း ရှိသူ ၊ လူထုကျန်းမာရေးနှင့် ပညာရေးအပေါ် စိတ်အားထက်သန်သူ ၊ အုပ်စုနှင့် အလုပ်လုပ်ရသည့်လုပ်ငန်းခွင်တွင် ဆက်ဆံရေးနှင့် အဖွဲ့လိုက်လုပ်ကိုင်နိုင်စွမ်းရှိသူ၊ ကွန်ပြူတာနှင့် နည်းပညာပိုင်းတွင် ကျွမ်းကျင်သူ ဖြစ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။
လျှောက်ထားသူတွေအနေဖြင့် ကိုယ်ရေးအကျဉ်း၊ အလုပ်အပေါ်စိတ်ဝင်စားသည့်မိတ်ဆက်စာ၊ သူနာပြုလက်မှတ် မိတ္တူနှင့် ဆက်သွယ်ရမည့် ယခင်အလုပ်ရှင်၏စာ ၂ စောင်တို့ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့ ၊ ညနေ ၄း၀၀ နာရီ နောက်ဆုံးထားပြီး dg@chinlandmohs.org နှင့် admin@chinlandmohs.org သို့ ပေးပို့ရမှာဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်နယ်တွင် ဆေးဘက်ပညာရှင်များလိုအပ်နေခြင်းအပေါ် တုံ့ပြန်နိုင်ရန်အတွက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သူနာပြုသင်တန်းကျောင်းကို တည်ထောင်ထားခြင်းဖြစ်ပြီး ယခုအချိန်တွင် သင်တန်းသားများကို သင်ကြားပေးနိုင်သော အတွေ့အကြုံရှိ သူနာပြု ၃ ဦးကိုခန့်အပ်ရန် ဖိတ်ခေါ်နေတာဖြစ်တဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။