

ချင်းပြည်နယ်အတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ် ရှားပါးခြင်း ကျော်လွှားနိုင်ရန် နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံမှု ပိုပေးနိုင်ဖို့ သူနာပြုနဲ့ သားဖွားသင်တန်း ဒီပလိုမာ ဒုတိယအသုတ်ကို ထပ်မံခေါ်ယူမယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ ချင်းပြည် ( Chinland) အစိုးရ ရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
သူနာပြုနဲ့ သားဖွားသင်တန်း ဒီပလိုမာ ဒုတိယအသုတ်ကို လူဦးရေ အယောက် ၇၀ လက်ခံမှာဖြစ်ပြီး သင်တန်းပြီးမြောက်ရင် ချင်းပြည်တွင်း အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူတွေ ဖြစ်ရမယ်လို့လည်း ကြေညာထားပါတယ်။
တက်ရောက်မယ့်သူတွေအနေနဲ့ ၂၀၂၁ မတိုင်မီတက္ကသိုလ်ဝင်တန်း အောင်သူတွေနဲ့ ၂၀၂၁ နောက်ပိုင်း NUG ၁၀ တန်း စနစ်ဟောင်း (သို့) ၁၂ တန်းအောင်ဖြစ်ရမယ်ဖြစ်ပြီး စတဲ့ သတ်မှတ်ချက်တွေ ပြည့်မှီသူဖြစ်ရမှာဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ရမယ်လို့လည်း ဖော်ပြထားပါတယ်။
ချင်းပြည် ( Chinland) အစိုးရ ရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နဲ့ Interim Council of Myanmar Nursing and Midwifery Training School တို့က ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ သူနာပြုနဲ့ သားဖွား သင်တန်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်ရန်link