Headlines

” ချင်း​​ပြည်နယ်၏ အနာဂါတ် ရေရှည်တည်တံ့သောအစိမ်းရောင်စီးပွားရေးစီမံကိန်း”

By Shing Gei Ngai

" Future Seheme For Sustainable Green Economy  in Chin State"


ကမ္ဘာ့သစ်တောကြီီးများပျက်စီးဆုံးရှုံးလာမှုကြောင့် လွန်စွာပူပြင်းသည့် ရာသီဉတုပြောင်းလဲမှုအန္ဒရာယ် ခြိမ်းခြောက် ခံစားနေကြရပြီး ရေကောင်းရေသန့် အစားအစာပြတ်လပ် လာမှုသည် နေ့စဉ်လူ့အသက် သန်းပေါင်းများစွာ သေကြေဆုံးရှုံး ဖြစ်ပေါ်လျက်ရှိပါသည်၊၂၀၅၀ ခုနှစ်ရောက်လျှင်ရာသီတုဒဏ်ဆိုးရွားစွာ ခံရနိုင်မှု အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ထိပ်ဆုံးစာရင်းထဲ ပါဝင်နေပါသည်၊ရာသီဉတုဆိုးရွားမည့်ခြိမ်းခြောက်မှု ဘေးအန္ဒရာယ်ကိုဖြေလျှော့နိုင်ရန် ဂေဟစံနစ်အခြေခံသော သစ်တောရေရှည်တည်တံ့စေမည့် စီမံအုပ်ချုပ်မှုဖြင့် လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးရေးစံနစ်ထူထောင်ပြီး လူ့သားများ ဘဝရှင်သန် ရပ်တည်နိုင်ရန် ထိန်းသိမ်းကာကွယ်ခြင်းမှအပအခြားနည်းလမ်းမရှိပါ၊


Agroforestry ဆိုတာဘာလဲ?


*သ်ီးနှံ သစ်တော  ရောနှောစိုက်ပျိုးခြင်း*ဟု World Agroforestry Organization ကရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်၊မြေအသုံးချလိုမှု လုပ်ငန်းအမျိုးစားပေါ် နည်းစံနစ်ရွေးချယ်မှုအနဲငယ်ကွဲပြားသည်မှအပ ရည်ရွယ်ချက်မကွဲပြားပါ၊စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားမြင့်မားသောအကျိုးအမြတ်များပြားသည့်အပြင် ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝသည့် သဘာဝဂေဟစနစ်ရေရှည်တည်တံ့ခြင်းအကျိုးကျေးဇူးများစွာကိုပါ ရရှိစေပါသည်၊တောသူတောင်သားများ ခံယူချက်သည် သီးနှံစိုက်ပျိုးမည်ဆိုလျှင်သစ်တောသစ်ပင်အပြောင်ရှင်းရမည် ဆိုသည့်အယူအဆ ခံယူချက်ကို ပြောင်းလဲကာ ဂေဟစနစ်ဝန်ဆောင်မှုကိုထိခိုက်မှုအနဲဆုံး စိုက်ပျိုးသည့် တန်ဘိုးမြှင့်မြေအသုံးချစနစ် သိရှိ ကျင့်သုံးတတ်လာစေရန် လက်တွေ့လုပ်ဆောင်အသိပညာပေး စီမံရခြင်းဖြစ်ပါသည်၊


Agroforestry:


*Principles,Practies&Policies For Sustainability *မည်သည့်စီးပွားရေးလုပ်ငန်းမဆို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သလို ဒေသအလိုက် မူဝါဒ၊စည်းမျဉ်းများ ပြဌာန်းအကောင်အထည်ဖေါ်မှသာ ရည်ရွယ်ချက်လုပ်ငန်းအောင်မြင်သည့်အတွက် မဖြစ်မနေရေးဆွဲပြဌာန်း လိုက်နာဘို့လိုအပ်ပါသည်၊ထို့ကြောင့် ချင်းပြည်နယ်ကဲ့သို့ အရေးကြီးသော ရေအရင်းအမြစ် တေါင်တန်း ဒေသသည် မြေအသုံးချမှု မူဝါဒ စည်းမျဉ်း ရေးဆွဲပြဌာန်းရပါမည်၊


*၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းမှတ်တမ်းအရ*


ချင်းပြည်နယ်၊(၉)မြို့နယ်ရှိအိမ်ထောင်စုပေါင်း(၉၈၄၂၄)ဉီးရှိပြီး အိမ်ထောင်စုတစ်ဉီးးလျှင် ပျှမ်းမျှ (၄)ဟက်တာနှုန်းခန့်ဆိုလျှင် မိမိတို့ရေမြေပထဝီအနေအထားအရ ရေရှည်အတွက်ပြည့်စုံလုံလောက်ပါသည်၊  ဂေဟစနစ်အခြေခံလျက် ရေရှည်တည်တံ့မည့် စိုက်ပျိုးရေးစံနစ် ဖော်ဆောင်ပြီး ချင်းပြည်သူများဆင်းရဲတွင်းမှလွတ်မြောက်ရန်ကြိုးစားလုပ်ဆောင်ရပါမည်၊ချင်းပြည်သူများ ရေရှည်တည်တံ့မည့် အသက်မွေးဝမ်း ကျောင်း၊အနာဂါတ်လူမှုဘဝဖွံဖြိုးရေးရည်ရွယ်ချက်ဖြင့် “Agroforestry in coffee and altanative valuable raw industrial crop-production lanscapes in Chin State” ခေါင်းစဉ်ဖြင့် နမူနာစံပြစိုက်ကွက် ဧရိယာ(၄)ဟက်တာ လက်တွေ့စမ်းသပ် အကောင်ထည်ဖေါ်ခဲ့ရာ (၂၀၂၀-၂၀၂၅ ထိ /၅ နှစ်)လွန်ခဲ့သော ဇွန်လတွင် ဆောင်ရွက် ပြီးဆုံးသွားပြီဖြစ်ပါသည်၊သာမာန်တောင်သူအိမ်ထောင်မိသားစုတစ်ဉီးချင်းစီ လုပ်အားဖြင့် လုပ်ငန်းကာလ(၅)နှစ် အတွင်း သက်သက်သာသာအောင်မြင်စွာလုပ်ဆောင် ပြီးမြောက်နိုင်သော အကျယ်ဝန်းဖြစ်ပါသည်၊ မိသားစုရေရှည်တည်တံ့သော ဝင်ငွေရရှိနိုင်ရန် တန်ဘိုးမြှင့်မြေအသုံးချမှုစံနစ်ကို ဖော်ထုတ်အသုံးပြုကြရမည်ဖြစ်ပါသည်၊

စံပြစမ်းသပ်ကွက်မြေပြင်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၅၇၈၄) ဖြစ်ပြီးတောင်ပေါ်အမြဲစိမ်တောအမျိုးအစားဖြစ်ပါသည်၊မူလသဘာဝ သစ်တော သစ်ပင်များ ရှင်းလင်းခြင်းမပြုလုပ်ဘဲ အောက်ပေါင်းများရှင်းပြီး အရိပ်ပင်များအဖြစ်ထားရှိသည့်အတွက် လုပ်အား၊ငွေ ၊အချိန် ကုန်ဆုံးမှုသက်သာစေပါသည်၊လက်တွေ့စမ်းသပ်မှု အကျိုးရလဒ်များကို Practical manual booklet အဖြစ် ချင်းပြည်သူများကို ထုတ်ဝေဖြန့်ချီပေးသွားပါမည်၊


1- ချင်းပြည်နယ်၏ စုစုပေါင်းဧရိယာအကျယ်ဝန်းမှာ ဟက်တာသန်းပေါင်း( 3.6 /13907 S/M)ဖြစ်ပါသည်၊


2-Agroforestry landscapes စီမံကိန်း ချင်းပြည်နယ်ရှိ အိမ်ထောင်စုအားလုံးအတွက် လျာထားဧရိယာ ဟက်တာသန်းပေါင်း (0.4 )ဖြစ်ပြီးချင်းပြည်နယ်ဧရိယာအကျယ်အဝန်း၏ ၁၂%ခန့်ရှိပါသည်၊မြို့နယ်အသီးသီးရှိကျေးရွာအုပ်စုများအလိုက်မြေပြင်တွင်စိုက်ပျိုးနိုင်မည့်မြေဧရိယာပြ တည်နေရာများ(Layout Plan)ကို G I S မြေပုံ ပညာရှင်များအကူအညီရယူပြီးမြေပုံဖြင့် အတိအကျဖော်ညွှန်းပေးသွားပါမည်၊


3-လက်ရှိမြို့ပြ/ ကျေးရွာများ/လမ်းတံတား/လယ်/ယာ/ဉယျာဉ်ခြံ/အများပိုင်မြေများနှင့် အနာဂါတ်အခြားလိုအပ်ချက်များအတွက် လျာထားမြေဧရိယာ ဟက်တာသန်းပေါင်း (0.65)ရှိပြီး ချင်းပြည်နယ်ဧရိယာ၏ ၁၈%ခန့်ဖြစ်ပါသည်၊


4-ချင်းပြည်နယ်၏ရာသီဉတု၊ရေကောင်းရေသန့်ထွက်ရ်ှိရာရေဝေဒေသထိန်းသိမ်းရေးနှင့်ဂေဟစနစ်တည်ငြိမ်ရေးအတွက်သဘာဝထိန်းသိမ်ရေးနယ်မြေများနှင့် သစ်တောကြိုးဝိုင်း/ပြင်များ(ထိန်းသိမ်းပြီး/ထိန်းသိမ်းရန်)လျာထားဧရိယာ ဟက်တာသန်းပေါင်း(2.55 )ဖြစ်ပြီး ချင်းပြည်နယ်အကျယ်အဝန်း၏ ၇၀%ခန့်ဆိုလျှင် ချင်းပြည်နယ်အတွက် ဖော်ပြပါကိန်းဂဏန်းရာခိုင်နှုန်းအချိုးအစားသည်နိုင်ငံတစ်နိုင်ငံ(သို့)ဒေသတစ်ခုအတွင်းရှိ သဘာဝဂေဟစနစ်နှင့်ကမ္ဘာ့ရာသီဉတု ပူနွေးစေသည့် ဓါတ်ငွေ့များ၏ ဖန်လုံအိမ် အာနိသင်(GHE)ထိန်းညှိရာတွင် ရေရှည်တည်တံံ့အကျိုးပြုသည့်စံနှုန်း ကောင်းမွန်ခိုင်မာကြောင်း သဘာဝထိန်းသိမ်ရေးပညာရှင်များ တွက်ချက် လက်ခံထားသော ကိန်းဂဏန်းအချိုးစားဖြစ်ပါသည်၊


#ချင်းပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၂၀၀ မှ ပေ ၁၀၀၀၀ )ကျော်ထိမြင့်မားပြီးပင်လယ်ရေမျက်နှာပြင်အလိုက် ကော်ဖီနှင့်အဖိုးတန် စက်မှုကုန်ကြမ်းသီးနှံများ(Wa U၊Avocado၊Turmeric ၊ Walnut ect.)စိုက်ပျိုးဖြစ်ထွန်းသောသဘာဝ ရေမြေ ပထဝီ ရာသီဉတု  ဖြစ်ပါသည်၊ထို့အပြင် သစ်တောသစ်ပင်များ၏အရိပ်အောက်တွင် စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံပင်များလည်းဖြစ်ပါသည်၊ သဘာဝကော်ဖီရိုင်းဖြစ်သော Coffea khasiana (Rubiaceae)သည်ချင်းတောင်အမြင့်ပိုင်းဒေသတောများတွင်သဘာဝအလျှောက်ရှင်သန်ပေါက်ရောက်လျက်ရှိနေခြင်းသည် ကော်ဖီသီးနှံရွေးချယ်ရခြင်း၏ခိုင်မာသောအကြောင်းရင်းဖြစ်ပါသည်၊


#ကမ္ဘာတွင်ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းများသည် စျေးကွက်အမြင့်ဆုံးဖြစ်ပြီး၊ဒုတိယကမ္ဘာ့စျေးကွက်အကြီးဆုံးမှာ ကမ္ဘာ့လူဉီးရေများဖြစ်ကြသည့် တော်ဝင်မိသားစုမှအောက်ခြေလူတန်းစားထိ နေ့စဉ်နှက်သက်စွာမှီဝဲ သုံးဆောင်ကြသောအဖျော်ရမကာဖြစ်သော ကော်ဖီသီးနှံဖြစ်ပါသည်၊နိုင်ငံပေါင်း(၈၀)ကျော်သည် ကော်ဖီစိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းကို အကြီးကျယ်လုပ်ဆောင်လျက်ရှိပြီး အလုပ်လက်မဲ့ပြသာနာများစွာကိုပါ ဖြေရှင်းပေးသည့်လုပ်ငန်းလည်းဖြစ်ပါသည်၊ဖော်ပြပါနည်းစံနစ်အတိုင်း ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်  သစ်တောများအပြောင်ရှင်းစိုက်ပျိုးမြေအသုံးချခဲ့ခြင်းကြောင့်ဖြစ်ပေါ်လာသည့်လေထုညစ်ညမ်းရာသီဉတုပူပြင်းလာမှု၊သဲကန္တာရကျယ်ပြန့်လာခြင်း၊ရေခမ်းခြောက်ခြင်း၊မြေပြိုရေတိုက်စားခြင်းကြောင့်ရေလွှမ်းမှုအန္ဒရာယ် စသည့်ဆိုးကျိုးများအပြင် တောင်တန်းဒေသများတွင်အိုင်အိုဒင်းဓါတ်ဆုံးရှုံးလျော့ပါး ချို့တဲ့သည့်ကျန်မာရေးနောက်ဆက်တွဲပြသနာများ၊လူမှုဘဝဆင်းရဲတွင်းနက်လာခြင်း စသည်တို့ကိုကာကွယ်ကုသပေးနိုင်ပြီး သဘာဝဂေစနစ်ကောင်းမွန်စေရေးဆီသို့ ပြန်လည်ပို့ဆောင်ပေးသည့် အစိမ်းရောင်ခြေရာလမ်းကြောင်း( Green foot Print )လုပ်ငန်းစဉ်ဖြစ်ပါသည်၊

ထို့ကြောင့်ကော်ဖီကို ချင်းပြည်နယ်ကဲ့သို့ ရေဝေရေလဲတောင်တန်းဒေသများအတွက် ရေရှည်တည်တံ့ဖွံ့ဖြိုးသော မြေအသုံးချမှုစနစ်နှင့် ဂေဟစံနစ်အခြေခံသစ်တောများ စီမံအုပ်ချုပ်ထိန်းသိမ်ရေးတွင် အကောင်းဆုံးစက်မှုကုန်ကြမ်းသီးနှံ ဖြစ်ပါသည်၊ချင်းပြည်နယ်သည် မြန်မာပြည် အနောက်ဖက်ခြမ်း အထူးသဖြင့် မကွေးတိုင်းဒေသကြီးသည် ချင်းပြည်နယ်တွင်မြစ်ဖျားခံသောမြစ်ချောင်းများမှ သောက်သုံးရေ၊စိုက်ပျိုးရေ၊ရေအားလျှပ်စစ်စွမ်းအင်များ ထုတ်လုပ်ရေးတွင် အဓိကအားထားကြရသည့် ရေအရင်းမြစ်ဖြစ်ပါသည်၊ချင်းလူမျိုးများအနာဂါတ်အကျိုးသာမက မြေပြန့်ဒေသ နိုင်ငံ့စီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်မရှိမဖြစ်သော ရေကောင်းရေသန့်ထွက်ရှိရာ ချင်းပြည်နယ်၏ဂေဟစနစ်တည်ငြိမ်ရေးသည် အလွန်အရေးကြီးသောကိစ္စဖြစ်ပါသည်၊နိုင်ငံတော်အစိုးရအနေဖြင့် ဉီးစားပေးအကောင်ထည်ဖော်ဆောင်ရွက်ရမည့် နိုင်ငံတော်၏အထူးစီမံကိန်းဖြစ်သော်လည်း တောင်တန်းဒေသရေဝေရေလဲများကို ထိန်းသိမ်းစောင့်ရှောက်ရန် ခေတ်အဆက်ဆက် မျက်ကွယ်ပြုခံခဲ့သည်မှာယနေ့ထိဖြစ်ပါသည်၊


မိမိသည် သဘာဝပန်ဝန်းကျင်ဂေဟစံနစ်ဝန်ဆောင်မှု၏ ကျေးဇူးများပြားသောတောင်တန်းဒေသ အနာဂါမျိုးဆက်များသို့တိုင်အောင် ကောင်းမွန်စွာ ဆက်လက်တည်ရှိ နိုင်ရေး အမြဲမပြတ် ထိန်းသိမ်းကြံဆောင် ကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိပါသည်၊ချင်းပြည်နယ်တွင်ပေါက်ရောက်သော သဘာဝအပင်မျိုးစိတ်ပေါင်း (၂၅၀၀)ခန့်မျိုးခွဲဖေါ်ထုတ်ရရှိပြီးဖြစ်၍ အပင်စာရင်းများကို နိုင်ငံရေးပြန်လည်တည်ငြိမ်လာလျင် ဂျပန်နိင်ငံ -MBK အဖွဲ့မှ Flora Guide Book အဖြစ် ပုံနှိပ် ထုတ်ဝေသွားရန် အဆင်သင့်ရှိပြီး ဖြစ်ပါသည်၊


မိမိတို့ချင်းပြည်နယ်မှအပ ကမ္ဘာတွင်မရှင်သန် မပေါက်ရောက် မတွေ့ရှိနိုင်သော ဒေသရင်းဇာဓိမျိုးစိတ်များဖြစ်သည့် တိရစ္ဆာန်စိတ်( ၆) မျိုး၊ သဘာဝအပင်မျိုးစိတ်(၂၆ )မျိုးကိုနိုင်ငံတကာ ဇီဝေဗဒပညာရှင်များနှင့်ပူးပေါင်းသုတေသနပြုမျိုးခွဲဖေါ်ထုတ် တွေ့ရှိခဲ့ကြပြီးဖြစ်ပါသည်၊အဆိုပါမျိုးစိတ်များ၏ ကမ္ဘာတွင်ထူးခြားစွာအဓိကမှီခို ရှင်သန်ရာ ဘုံနိဗ္ဗာန်( Habitat) ဖြစ်သော ပင်လယ်ရေမျက်နှာပြင်အမြင့် (ပေ-၆၀၀၀ နှင့်အထက် )ကို ၄င်းတို့၏ကျက်စားရာ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်လည်းကောင်း ၊ရေကောင်းရေသန့်ထွက်ရှိရာရေဝေရေလဲအဖြစ်လည်းကောင်း ၊ကမ္ဘာ့ရာသီဉတုပူနွေးပြောင်းလဲလာမှုကိုကာကွယ်ဖြေလျှော့နိုင်ရန်အတွက်လည်းကောင်း ၊နိုင်ငံတကာစံနှုန်းနှင့်အညီ Ecotourism ဉပဒေ၊မူဝါဒ၊စည်းမျဉ်းတင်းကြပ်စွာပြဌာန်းသတ်မှတ် ခွင့်ပြုသော သဘာဝအခြေခံခရီးသွားဝန်ဆောင်မှုမှအပ အခြားမြေအသုံးချခြင်းမှကျွနုပ်တို့  ဝိုင်းဝန်းကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးကြရန်အထူးလိုအပ်ပါသည်၊


၊Ecotourism:Principles,practices&policies for sustainability 

ချင်းပြည်နယ်ဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဝန်ဆောင်မှု ရေရှည်တည်တံ့စေရန် လက်တွေ့စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒ၊စည်းမျဉ်းများကို  မူကြမ်းရေးဆွဲပြီး ချင်းပြည်နယ်အစိုးရ ဒေသဆိုင်ရာခရီးသွားကော်မတီမှတဆင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိရေးအဆင့်ဆင့်တင်ပြနိုင်ရန်အကြံပြုစာတမ်းတင်ပြထားခဲ့ပြီးဖြစ်ပါသည်၊


ထို့အတူ မိမိတို့အနာဂါတ် စား ဝတ် နေ ရေး၊လူမှုဘဝဖွံ့ဖြိုးရေးအတွက်ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ(၃၀၀၀-၆၀၀၀)အတွင်းကို Agroforestry in arabica coffee and altanative valuable raw industrial crop-production landscapes အဖြစ်လည်းကေါင်း၊ပင်လယ်ရေမျက်နှာပြင်(ပေ-၃၀၀၀)အောက်ကို Robusta coffeeနှင့်အဖိုးတန်သစ်နှင့်သစ်တောထွက်ပစ္စည်းများ သစ်တောဉပဒေနှင့်အညီ ဒေသခံပြည်သူများကိုယ်တိုင်ထိန်းသိမ်း စိုက်ပျိုးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတည်တံ့စေမည့် သစ်အခြေခံစက်မှုလက်မှုလုပ်ငန်း Community Forestry Industry C F I အပြင် Responsible Agro-business Tourism နှင့်တွဲဘက် စီမံကိန်း စနစ်တစ်ကျ ရေးဆွဲ ဖော်ဆောင်ကြရပါမည်၊

အဖိုးတန်သစ်နှင့်သစ်တောထွက်ပစ္စည်းများစိုက်ပျိုးထုတ်လုပ်ရာတွင် သစ်တင်ပို့မည့် EU အပါအဝင် မိတ်ဖက်နိုင်ငံများသို့တရားဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ၊နိုင်ငံတကာဉပဒေနှင့်အညိီ ကူးသန်းရောင်းဝယ် ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းးမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတိုးမြင့်ဆောင်ရွက်ခြင်း( Forest Law Enforcement,Governance and Trade-Voluntary Partnership  Agreement FLEGT-VPA ) လုပ်ငန်းစဉ် Action plan အတိုင်း လက်တွေ့လိုက်နာဖော်ဆောင်သွားရမည်ဖြစ်ပါသည်၊

ထိုသို့ဖော်ဆောင်ရာတွင် လိုအပ်သော နည်းပညာ ရန်ပုံငွေ နှစ်ရှည်အတိုးနဲဖြင့် ပြည်သူများSME ချေးငွေ ရရှိအကောင်အထည်ဖေါ်နိုင်ရေး စနစ်တစ်ကျစီမံချက်ရေးဆွဲ၍ ပြည်ထောင်စုအစိုးရနှင့်ရာသီဉတုပြောင်းလဲခြင်းကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ရန်ပုံငွေအရင်းအမြစ် ထိန်းသိမ်းထောက်ပံ့နေကြသည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် အေဂျင်စီများ ထံမှတဆင့်အကူအညီများ ချဉ်းကပ်ရရှိနိုင်ရန် အထက်ဖေါ်ပြပါ ကမ္ဘာလုံးဆိုင် ဇီဝမျိုးစုံကွဲများ၏ထူးခြားစွာတည်ရှိမှု ဖော်ထုတ်တွေ့ရှိပိုင်ဆိုင်ခြင်းသည် မိမိတို့၏အနာဂါတ် ဤစီမံကိန်းအတွက် ခိုင်လုံသည့်အခွင့်အလမ်း ဖြစ်ကြောင်း ဖော်ပြလိုပါသည်၊


ချင်းပြည်နယ်အနာဂါတ် ဂေဟစနစ်တည်ငြိမ်စွာ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ဖြစ်သည့် ဂေဟစနစ်အခြေခံ သစ်တောများရေရှည်တည်တံ့စေသော Aroforestry Landscapes ဖြင့် မိမိတို့ရေမြေသဘာဝရှုမျှော်ခင်းအရ ကိုက်ညီ၍ စျေးကွက်ခိုင်မာသော အဖိုးတန်စက်မှုကုန်ကြမ်းသီးနှံများကို Value Chain တန်ဘိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်း ရေးဆွဲစဉ်ကာလတွင်နိုင်ငံတကာစံနှုန်းသတ်မှတ်ချက် နှင့်အညီ FPIC လုပ်စဉ်ကိုဉီးစွာမဖြစ်မနေ အချိန်ယူအကောင် အထည်ဖော်ဘို့လိုအပ်ပါမည်၊

ထိုသို့လုပ်ဆောင်နိုင်ရန် လိုအပ်နေသည့် မူဝါဒ ၊စည်းမျဉ်း ပြဌာန်းနိုင်ရေး ချင်းပြည်သူလူထုတစ်ရပ်လုံး နှင့်ဆက်စပ် စစ်ကိုင်း/မကွေးတိုင်းဒေသကြီးများမှဒေသခံပြည်သူ လူထုတစ်ရပ်လုံး  တက်ညီလက်ညီ စုပေါင်းပါဝင်လာနိုင်စေရန် အားထုတ်ကြိုးပမ်းကြမည်ဆိုလျင်  သဘာဝဂေဟစနစ်ဝန်ဆောင်မှုကျေးဇူးတန်ဘိုးသားစဉ်မြေးဆက်အထိ တည်တံ့စွာ ပိုင်ဆိုင်ရရှိကာ ငြိမ်းချမ်း တည်ငြိမ်သောနိုင်ငံ ရေးလမ်းကြောင်းပေါ်သို့ရောက်ရှိသွားကြမည်ဖြစ်ပါကြောင်း တိုက်တွန်းဖေါ်ပြအပ်ပါသည်။


ရှိန်းဂေငိုင်း
သဘာဝဝန်းကျင်နှင့်သားဌက်ထိန်းသိမ်းရေးအရာရှိ(ငြိမ်း)
သစ်တောဉီးစီးဌာန 

Leave a Reply

Your email address will not be published. Required fields are marked *