
ဇူလိုင်လ ၂၁ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ရာဇာဂြိုလ်မြို့ကြားမှာ ဇူလိုင် ၁၈ ရက်က WY ဆေးပြား ၄ အိတ် ( ၈၀၀၀၀၀ လုံး) နဲ့ ငွေသား ကျပ်သိန်း ၁၅၀ ကိုချင်းအမျိုးသားအဖွဲ့ချုပ် ( Chin National Organization ( Upper Chindwin Region) ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့က CNOက ထုတ်ပြန်ပါတယ်။
ကလေးမြို့ကနေ တမူးမြို့ဘက်ကို ထွက်ခွာလာတဲ့ ဆိုင်ကယ် ၄ စီးဖြင့် လူ ၅ ဦးကို မသင်္ကာလို့ စစ်ဆေးရာကနေ ၎င်းတို့ ဆိုင်ကယ်နဲ့အတူ ပါလာတဲ့ WY ဆေးပြား အိတ် ၄ အိတ်တို့ကို ကလေးမြို့နဲ့ ရာဇာဂြိုလ်ကြားမှာ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ Chin National Organization ( Upper Chindwin Region) ထောက်လှမ်းရေးအဖွဲ့ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ဒီမူးယစ်ဆေးဝါးတွေကို အိန္ဒိယနိုင်ငံ၊ EM ဆိုသူထံ ပေးပို့မှာဖြစ်တယ်လို့ သိရပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ သယ်ဆောင်သူတွေကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ အမှုဖွင့်ထားပြီး ဥပဒေအတိုင်း အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း CNO ကဆိုပါတယ်။
ကလေးကဘော်ဒေသမှာ မူးယစ်ဆေးဝါးသယ်ဆောင်သူ၊ ဖြန့်ဝေသူ၊ သုံးစွဲသူတွေနဲ့ ရောင်းချသူတွေကို သိရှိရင် ဆက်လက်ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်တယ်လို့ Chin National Organization ( Upper Chindwin Region) က ဆိုပါတယ်။
ဒါကြောင့် ကလေးကဘော်ဒေသ Chin National Organization ( Upper Chindwin Region) လှုပ်ရှားနယ်မြေအတွင်း လူငယ်တွေမူးယစ်ဆေးဝါးသားကောင်မဖြစ်ဖို့ ရပ်ရွာသာယာလှပဖို့ မိဘပြည်သူတွေကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
