Headlines

ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွေ့ခန့်ထား

ဇူလိုင်လ ၂၂ ရက်။

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွေ့ခန့်ထားကြောင်း ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ ပြောင်းရွေ့ခန့်ထားခြင်း နှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ ခန့်ထားခြင်း မြန်မာနိုင်ငံပြန်တမ်း အဖြစ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နိုင်ငံပိုင် သတင်းစာများတွင် ဇူလိုင် ၂၂ ရက်နေ့မှာဖော်ပြထားပါတယ်။

သံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်း ကို ဒုဗိုလ်မှူးကြီး ဇမ်းခန့်ထန် နှင့် ဒေါ် ဟောက်ခန့်ညောင် တို့မှ ၁၉၆၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မန္တလေးမြို့မှာ မွေးဖွားခဲ့ပါတယ်။

ဦးဟောက်ခန့်ဆုမ်းဟာ နေပြည်တော်ရှိ နိင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံဆိုင်ရာဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အနေဖြစ်လည်းကောင်း၊ ထိုင်းနိင်ငံရှိ မြန်မာနိင်ငံသံရုံးတွင် ညွှန်ကြားရေးမှူး အနေဖြစ် ၂၀၁၇ ထိလည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ဧပြီ ၇ ရက် အထိ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ သံအမတ် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်(ဒုတိယ ညွှန်ကြားရေးမှူးချုပ်)အဖြစ် လည်ကောင်း၊ ၂၀၁၈ ဧပြီ ၇ ရက်နေ့ကနေ ၂၀၂၀ အောက်တိုဘာလ ၁၂ ရက်နေ့ အထိ မြန်မာနိင်ငံ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။

ယင်းနောက် ၂၀၂၀ အောင်တိုဘာလ ၁၂ နေ့မှစပြီး ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် စတင် ခန့်အပ်ခံခဲ့ရာကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ် ယခုလို ပြောင်းရွေ့ တာဝန်ပေးအပ် ခံခဲ့ရခြင်း ဖြစ်ပါတယ်။

ဦးဟောက်ခန့်ဆုမ်း(Hau Khan Sum)ဟာ Nu Dim Sian Lun နှင့်အိမ်ထောင်ကျခဲ့ပြီး သားသမီး သုံးယောက် ထွန်းကားခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *