Headlines

CNF ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်ခြင်းပေါ် နှမြောတသဖြစ်ရကြောင်း KIO က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ဇွန်လ ၂၄ ရက်။

ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော်(CNF/A) စတင်တဲ့ ၁၉၈၈ ကတည်းက ပါဝင်လာခဲ့သူဖြစ်ပြီး ချင်းအမျိုးသားတပ်မတော်(CNA)မှာ ၃၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ၊ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling အသက် (၆၂) နှစ် ကွယ်လွန်သွားရခြင်းအပေါ် ဝမ်းနည်းကြေကွဲ နှမြောတသဖြစ်ရတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO )က ဇွန်လ ၂၃ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဗိုလ်မှူးကြီး Biak Ling ဟာ အရေးကြီးတဲ့ တော်လှန်ရေး တာဝန်တွေကို ဦးထိတ်ထားကာ ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးစားသွားခဲ့တဲ့ပေါ် KIO ဗဟိုကော်မတီ နှင့် တကွ KIO တပ်ဖွဲ့ဝင်တွေက လေးစားဂုဏ်ပြုအပ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးစဉ်အတွင်း ဝါရင့်တော်လှန်ရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်သွားခြင်းသည် ချင်းအမျိုးသားတပ်ဦး (CNF) အတွက် ဆုံးရှုံးမှုကြီးတရပ်ဖြစ်သလို KIO ကလည်း တန်ဖိုးရှိတဲ့ ခေါင်းဆောင်တပ်မှူးတဦး ဆုံးရှုံးရခြင်းအဖြစ် အလေးအနက် ခံယူပြီး သဝဏ်လွှာဖြင့် ဦးညွှတ်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ဗိုလ်မှူးကြီး Biak Ling အသက် (၆၂) နှစ် ဟာ ဇွန်လ ၂၂ ရက်နေ့မှာ လူကြီး ေရာဂါနဲ့ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *