Headlines

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကြောင့် ချင်းလူမျိုး ၁၀၉၉ ဦးသေဆုံးခဲ့ရပြီလို့ ICA ထုတ်ပြန်

ဇွန်လ ၁၉ ရက်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ စစ်ကောင်စီကြောင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုး ၁၀၉၉ ဦးသေဆုံးခဲ့ရပြီး သေဆုံးခဲ့သူတွေဟာ ဆန္ဒပြစဉ် စစ်ကောင်စီက ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၂၈ ဦး၊ လူသားဒိုင်းအဖြင့် အသုံးပြုခံရလို့ သေဆုံးသူ ၁၁ ဦး၊ ဆေးဝါးမလုံလောက်လို့ သေဆုံးသူ ၂၄ ဦး၊ စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခံရသူနဲ့ မုဒိန်းပြုကျင့်ခံရပြီး အသတ်ခံရသူ ၆၃ ဦး၊ အကြောင်းမဲ့ အရပ်သားပြည်သူတွေ ပစ်ခတ်သတ်ဖြတ်ခံရသူ ၂၀၂ ဦး၊ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တော်လှန်ရေးအဖွဲ့ဝင် ၃၆၁ ဦး၊ ဘာသာရေးခေါင်းဆောင် ၁၇ ဦး နဲ့ မြေမြှုပ်မိုင်းကြောင့် ၈၃ ဦးတို့ ဖြစ်တယ်လို့ချင်းစစ်ဘေးရှောင်များကိုကူညီရေးနဲ့သုတေသနဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ချင်းရေးရာအဖွဲ့ ချုပ်(ICA) ရဲ့ဖော်ပြချက်အရသိရပါတယ်။

ချင်းပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၃ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၅ ဦးကျော်ရှိခဲ့ကြောင်း၊သေဆုံးသူ ၈၃ ဦးထဲမှာအရပ်သားပြည်သူ ၅၄ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဘက်က ၂၉ ဦး တို့ဖြစ်တယ်လို့ ချင်းစစ်ဘေးရှောင်များကိုကူညီရေးနဲ့သုတေသနဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ချင်းရေးရာအဖွဲ့ ချုပ်(ICA) ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်သူတွေ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေအတွက် မြေမြှုပ်မိုင်းအန္တရာယ်ကနေ ကင်းဝေးစေဖို့အတွက် အဖွဲ့အစည်းအသီးသီးက မြေမြှုပ်မိုင်းရှင်းလင်းမှု၊ မြေမြှုပ်မိုင်းအန္တရာယ်ပညာပေးမှု၊ တားမြစ်နယ်မြေသတ်မှတ်မှုတွေကို အခုကစလို့ ပိုမိုလုပ်ဆောင်သင့်တယ်လို့လည်း ချင်းရေးရာအဖွဲ့ချုပ် (ICA) ကဆိုပါတယ်။

ချင်းပြည်နယ်မှာ မြို့ပေါင်း ၂၀ ရှိသည့်အနက် ၁၅ မြို့မှာ ဒေသခံတော်လှန်ရေးတပ်များရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသော်လည်း လေကြောင်းအန္တရာယ်နှင့် မိုင်းအန္တရာယ်များ ရှိနေသေးသောကြောင့် ပြည်သူများအနေဖြင့် မိမိဒေသသို့ မပြန်နိုင်ဘဲရှိနေ ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *