Headlines

အမေရိကန်အစိုးရ၏ အခွန်တိုးမြှင့်ခြင်းနှင့် ခရီးသွားလာခွင့်ပိတ်ပင်မှုများက အမေရိကားရောက် မြန်မာလူမှုအသိုင်းအဝိုင်းအတွက် ဘယ်လို ကယက်ရိုက်ခတ်ခဲ့သလဲ?


By Sanvi Bangalore, NBC News

June 22,2025


ပြီးခဲ့သည့် တစ်နှစ်အတွင်း အမေရိကန်အစိုးရ၏ အခွန်မြင့်တက်မှုနဲ့ ပို့ဆောင်ရေးစရိတ်များမြင့်တက် လာမှုကြောင့် ဆန်နဲ့မြန်မာစားသောက်ကုန်ပစ္စည်းများရဲ့ စျေးနှုန်းသည် ၄၀ရာခိုင်နှုန်းအထိ မြင့်တက် လာပြီး စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်လုပ်ငန်းများ၏ပုံမှန် အမြတ်ငွေ ၄၀ရာခိုင်နှုန်း သည် ၃၅ ရာခိုင်နှုန်းခန့်မှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု အင်ဒီယားပြည်နယ်၊အင်ဒီယာပိုလစ်မြို့ရှိ (Chin Brothers Restaurant & Grocery) စားသောက်ဆိုင်ပိုင်ရှင်အမေရိကန်ရောက် မြန်မာနိုင်ငံဖွား Than Hre က ပြောပါသည်။


အမေရိကန်ပြည်ထောင်စုတွင် မြန်မာလူထု အကြီးဆုံး အခြေချနေထိုင်ရာဖြစ်သည့် လူဦးရေ၃၀,၀၀၀ ခန့်ရှိသော အင်ဒီယာနာပိုလစ်မြို့ရှိ အခြားလုပ်ငန်းများစွာအတွက်လည်း အလားတူပင်ဖြစ်ကြောင်း မြန်မာအမေရိကန်လူထုအဖွဲ့အစည်း (Burmese American Community Institute) ၏ထုတ်ပြန်ချက်အရ သိရသည်။


မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းရာတွင် ကောက်ခံသော အခွန်နှုန်းသည် ၄၅% အထိမြင့်တက်လာခဲ့ပြီး ဆန်နှင့် ဟင်းခတ်အမွှေးအကြိုင်များကဲ့သို့သောအဓိကစားကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို မြင့်တက်စေကာအမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ မြန်မာလုပ်ငန်းများအတွက် သိသာထင်ရှားသည့်စိန်ခေါ်မှုတစ်ရပ်ဖြစ်စေခဲ့သည်။


“ကျွန်တော်တို့ ဈေးတွေမတင်နိုင်လို့ အရမ်းခက်ခဲပါတယ်။ တကယ်လို့တင်လိုက်မယ်ဆိုရင်လည်း ဖောက်သည်တွေ ဆုံးရှုံးရမှာပါ” ဟု အသက် ၄၈ နှစ်အရွယ်ရှိ ThanHre က ပြောသည်။

အမြတ်အစွန်းများ ပြန်လည်ရရှိရန်အတွက် Than Hre သည် ကုန်ပစ္စည်းလက်ကျန်များကိုလျှော့ချခဲ့ပြီး၊ ယခင်ကကုန်ပစ္စည်းများကို Pallet (ခုံ) ဖြင့် မှာယူခဲ့ရာမှ ယခုအခါ Box (သေတ္တာ)ဖြင့် အနည်းအကျဉ်းသာ မှာယူတော့သည်ဟု ၎င်းကပြောသည်။


Mommy Thai စားသောက်ဆိုင်ပိုင်ရှင် Zi(ဇီ)ကလည်း အသားနှင့် ခေါက်ဆွဲဈေးနှုန်းများမြင့်တက်လာမှုကြောင့် လုပ်ငန်းကို ဆက်လက်ရပ်တည်ရန် ခက်ခဲလာပုံကို ရှင်းပြသည်။


“အသားဈေးက တကယ်ကို မြင့်နေပါတယ်။ ပြီးတော့ ကျွန်မတို့ စစ်မှန်တဲ့ဟင်းလျာတွေအတွက် သုံးတဲ့ ခေါက်ဆွဲတွေဆိုရင်လည်း အခွန်အခတွေနဲ့သင်္ဘောပို့ဆောင်စရိတ်တွေကြောင့် ဈေးတွေအများကြီး တက်သွားပါတယ်” ဟု သူမကဆိုသည်။


Zi(ဇီ)သည် သူမ၏ ဖောက်သည်အများစုမှာ မိသားစုများနှင့် ကျောင်းသားများဖြစ်ကြောင်းသိရှိထားသဖြင့် ဈေးနှုန်းများကို များများစားစား မြှင့်တင်ခြင်းမပြုရန် ကြိုးစားနေသော်လည်းလိုက်လျောညီထွေဖြစ်အောင် ထိန်းထားရန် ခက်ခဲလာကြောင်း ပြောကြားသည်။


အထူးစီမံရသည့် ဟင်းလျာများကိုလည်း လျှော့ချရပြီး ပုံမှန်လာရောက်စားသုံးသူများလည်းအရင်ကထက် လျှော့နည်းလာသည်ကို မြင်တွေ့နေရကြောင်း သူမက ဆိုသည်။အမေရိကန်အစိုးရ၏ ပြည်ပမှ သွင်းကုန်များအခွန်တိုးမြှင့်လိုက်ခြင်းကြောင့် စားသုံးသူများ၏စားသောက်ဆိုင်အသုံးစရိတ် ၇ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု ခန့်မှန်းထားသည့်အတွက်အခြားလုပ်ငန်းခွင်များမှာလည်း ထိုကဲ့သို့သော အကြပ်အတည်းကို ကြုံတွေ့နေရပြီးအထူးသဖြင့် လုပ်ငန်းငယ်များကို ထိခိုက်စေသည်။


အင်ဒီယာနာပိုလစ်ရှိ မိသားစုပိုင် ထိုင်းစားသောက်ဆိုင်ဖြစ်သည့် Siam Square သည်လည်းအခွန်အခများနှင့်ခရီးသွားလာခွင့် ပိတ်ပင်မှုတို့၏ ဖိအားကိုခံရသည်။ခရီးသွားလာခွင့်ပိတ်ပင်မှုသည် ထိုင်းနိုင်ငံကို တိုက်ရိုက်ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း ၎င်း၏လုပ်ငန်းအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုရှိနေသည်ဟု ပိုင်ရှင် Ed Rudisell က ပြောကြားသည်။

၎င်း၏ ဝန်ထမ်း ၇၀% ခန့်မှာ မြန်မာလူမျိုးများဖြစ်ကြပြီး အများအားဖြင့် ချင်းဒုက္ခသည်များ ဖြစ်ကြသည်။ ခရီးသွားလာရေး ပိတ်ပင်မှုကြောင့်လူများအနေဖြင့် မြန်မာနိုင်ငံမှ မိသားစုများကို တွေ့ရတော့မည် မဟုတ်ဟု
မျှော်လင့်ချက်မဲ့နေရကြောင်း Ed Rudisell က ပြောကြားခဲ့ပြီး၊ ၎င်း၏ ဝန်ထမ်းများမှာလည်းမိသားစုများအတွက် စိုးရိမ်ကြောက်ရွံ့မှုနှင့် စိတ်ဖိစီးမှုများကို ဖြစ်စေသည်ဟုဆိုသည်။


ကြက်သွန်ဖြူကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ပါဝင်ပစ္စည်းများ၏ ကုန်ကျစရိတ်သည်နှစ်ဆနီးပါး တစ်ဘူးလျှင် ၅၆ ဒေါ်လာမှ ၉၃ ဒေါ်လာအထိ မြင့်တက်လာသည်ကို တွေ့မြင်ခဲ့ရပြီးဇန်နဝါရီလကတည်းက ဟင်းလျာများ၏ ဈေးနှုန်းများကို နှစ်ကြိမ်တိုင်တိုင်တိုးမြှင့်ခဲ့ရသည်ဟုဆိုသည်။


ဖောက်သည်များက အရည်အသွေးကို မျှော်လင့်ထားကြပြီး တစ်သမတ်တည်းဖြစ်မှုကိုလိုလားကြသောကြောင့် ပမာဏလျှော့ချခြင်း သို့မဟုတ် အရည်အသွေးကို လျှော့ချခြင်းထက်ဈေးနှုန်းများကို မြှင့်တင်ခြင်းက ပို၍ကောင်းသည်ဟု သူက ဆိုသည်။


တစ်ဖက်တွင်လည်း များသောအားဖြင့် သွင်းကုန်သမားများသည် အခွန်အခများတိုးမြှင့်မှုတရားဝင် အသက်မဝင်မီပင် ၎င်းတို့၏ ပါဝင်ပစ္စည်းဈေးနှုန်းများကို မြှင့်တင်လေ့ရှိသည်ဟု EdRudisell က ပြောသည်။


အခွန်အခများ၏ မြင့်တက်မှုအပြင်၊ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နှင့် စစ်မှုမထမ်းမနေရစနစ်များနှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံမှ ခရီးသွားလာမှုနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များအားလုံးကို ပိတ်ဆို့ထားခြင်းကြောင့် မိသားစုပြန်လည်ပေါင်းစည်းရေးနှင့်ကျောင်းသားဗီဇာများ ရပ်ဆိုင်းသွားရာ အမေရိကန်ပြည်ထောင်စုရှိ မြန်မာလူမျိုးများအတွက်ရုန်းကန်နေရဆဲ ဖြစ်သည်။

ခရီးသွားလာခွင့်ပိတ်ပင်မှုနှင့် အခွန်အခများသည် လုံခြုံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာစိုးရိမ်မှုများကို ဖြေရှင်းရန် ရည်ရွယ်ထားသော်လည်း၊ ယင်းအစား အကြမ်းဖက်မှု၊မတည်ငြိမ်မှုနှင့် စီးပွားရေးအခက်အခဲများမှ ထွက်ပြေးလာကြသည့် မြန်မာ-ချင်းမိသားစုများရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ပိုမိုနက်ရှိုင်းစေသည်ဟု Zi က ပြောသည်။


ယင်းပိတ်ပင်မှုသည် မြန်မာနိုင်ငံသားများအတွက် လူဝင်မှုကြီးကြပ်ရေးဗီဇာနှင့်လူဝင်မှုကြီးကြပ်ရေးမဟုတ်သော ဗီဇာနှစ်မျိုးစလုံးကို ရပ်ဆိုင်းထားခြင်းဖြစ်ပြီး၊မိသားစုပြန်လည်ပေါင်းစည်းရန် သို့မဟုတ် ပညာရေးအခွင့်အလမ်းများအတွက်မျှော်လင့်ချက်များကို ပျက်စီးစေသည်ဟု Zi ကပြောသည်။


“ကျွန်မဝမ်းကွဲညီမ ဒီကို ကောလိပ်တက်ဖို့ လာရမှာပါ။ ဒါပေမဲ့ အခုခရီးသွားလာခွင့်ပိတ်ပင်မှုကြောင့် သူ့ဗီဇာကို ငြင်းပယ်လိုက်ပြီး မြန်မာပြည်မှာပဲ ပိတ်မိနေပါပြီ”ဟု သူမက ဆိုသည်။


“ဒီလို ပိတ်ဆို့ပြီး ဘယ်သူမှ ဝင်ခွင့်မပြုဘူးလို့ ပြောတာက လူမဆန်တဲ့ လုပ်ရပ်ပါပဲ” ဟုရူဒီဆဲလ်က ထပ်လောင်းပြောကြားသည်။


မြန်စာနိုင်ငံတွင် မကြာခဏ Wi-Fi ပြတ်တောက်မှုများနှင့် အစိုးရ၏ ဖြိုခွင်းမှုများကြောင့်ဆွေမျိုးများနှင့် ဆက်သွယ်ရေးမှာ မဖြစ်နိုင်လောက်အောင် ဖြစ်လာပြီး ဆွေမျိုးများဘေးကင်းခြင်း ရှိ၊ မရှိ စစ်ဆေးရန် မဖြစ်နိုင်လောက်အောင် ခက်ခဲကြောင်း Zi ကပြောသည်။


မြန်မာမိသားစုအများစုသည် မြန်မာနိုင်ငံရှိ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေး၊တိုင်းရင်းသားများအား နှိပ်စက်ညှဉ်းပန်းမှုများနှင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်မှထွက်ပြေးလာကြသည့် ဒုက္ခသည်များအဖြစ် အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

ပထမဆုံးလှိုင်းမှာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၈၀ ပြည့်လွန်နှစ်များနှင့်၁၉၉၀ ပြည့်လွန်နှစ်များအထိ ဖြစ်ပေါ်ခဲ့သော်လည်း၊ အများဆုံးဝင်ရောက်မှုမှာ ၂၀၀၀ပြည့်လွန်နှစ်များ အလယ်ပိုင်းမှ စတင်ခဲ့သည်။ အကြောင်းမှာ အမေရိကန်ဒုက္ခသည်ပြန်လည်နေရာချထားရေး အစီအစဉ်က ဘာသာရေးနှင့် တိုင်းရင်းသားအကြမ်းဖက်မှုများမှထွက်ပြေးလာသူများ၊ အထူးသဖြင့် ချင်း၊ ကရင်နှင့် ရိုဟင်ဂျာလူနည်းစုများအားဦးစားပေးခဲ့သောကြောင့် ဖြစ်သည်။


ဈေးနှုန်းသက်သာသော အိမ်ရာများ၊ စက်ရုံအလုပ်ကဲ့သို့သောအလုပ်အကိုင်အခွင့်အလမ်းများနှင့် ခိုင်မာသော ခရစ်ယာန်ဘုရားရှိခိုးကျောင်း ကွန်ရက်များကချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားလူနည်းစုများအတွက် အင်ဒီယာနာပိုလစ်မြို့ကိုအထူးဆွဲဆောင်မှုရှိစေခဲ့သည်။


မြန်မာလူမျိုးများ မြို့ထဲတွင် ပိုမိုအခြေချလာသည်နှင့်အမျှ ဒုတိယလှိုင်းလူမှုပြောင်းရွှေ့မှုများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတွင်း အခြားပြည်နယ်များတွင်ကနဦးနေရာချထားခဲ့သူများ၊ အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များပင်လျှင် မိသားစုဝင်များ၊မိတ်ဆွေများနှင့် ပေါင်းစည်းရန်၊ အခြေကျပြီးသား လူမှုအသိုက်အဝန်းနှင့်အထောက်အပံ့စနစ်များအဆင်ပြေစေရန် အင်ဒီယာနာပိုလစ်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *